အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်

စက်တင်ဘာ ၄ ရက် နေ့လည် ၁၂ နာရီ အချိန်ရရှိသည့် Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများ၊ ထိုင်းမိုးလေဝသဌာန (TMD Weather Advisory No. 4) ၏ သတိပေးချက်များနှင့် မြေပြင်မိုးလေဝသ Chart နှင့် ဂြိုဟ်တုဓာတ်ပုံများအရ စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်နေ့အထိ (၇ ရက်အတွင်း) မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ခန့်မှန်းမိုးရေချိန် ဇယား (mm)၊ မိုးလေဝသ ဆန်းစစ်ချက်နှင့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက် ဖြစ်ပါသည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm)

(၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်)

မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသ အခြေအနေ ဆန်းစစ်ချက် (Synoptic Analysis)

အပူပိုင်းမုန်တိုင်း SAUDEL အားလျော့သွားခြင်းနှင့် မုတ်သုံမြောင်တန်း - ထိုင်းမိုးလေဝသဌာန (TMD Weather Advisory No. 4) ၏ သတိပေးချက်အရ အပူပိုင်းမုန်တိုင်း SAUDEL သည် တရုတ်နိုင်ငံ တောင်ပိုင်း (Guangdong) သို့ ဝင်ရောက်ကုန်းတွင်းပိုင်း ရောက်ရှိခဲ့ပြီး တဖြည်းဖြည်း အားလျော့သွားခဲ့ပြီ ဖြစ်ပါသည်။ မုန်တိုင်း SAUDEL သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားခြင်း မရှိပါ။ သို့သော် မုတ်သုံမြောင်တန်းသည် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အထက်ပိုင်းတို့၌ အားအသင့်အတင့်ဖြင့် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။

မိုးရွာသွန်းမှု အရှိန်အဟုန် အပြောင်းအလဲ ခန့်မှန်းချက် (Rainfall Trend)

စက်တင်ဘာ ၄ - ၆ ရက် (မိုးအသင့်အတင့် ပုံမှန်ရှိချိန်) - ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ တိုးဝင်လာသော မုတ်သုံလေ၏ အဟုန်ကြောင့် မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်နှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် ပုံမှန်မုတ်သုံမိုးအဖြစ် ရွာသွန်းနိုင်ပါသည်။

စက်တင်ဘာ ၇ - ၁၀ ရက် (မိုးအား သိသိသာသာ လျော့ကျချိန်) - ကုန်းတွင်းပိုင်း လေဖိအားနည်းစနစ်များ ကင်းစင်သွားမည်ဖြစ်၍ အနောက်တောင်မုတ်သုံလေ အားလျော့လာမည် ဖြစ်ရာ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီမြစ်ဝှမ်းအလယ်ပိုင်းဒေသများ၌ မိုးရွာသွန်းမှု ပမာဏနှင့် မိုးရွာသည့် အကြိမ်ရေ သိသိသာသာ နည်းပါးသွားမည် ဖြစ်ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်

ဧရာဝတီတိုင်းဒေသကြီး (ငဝန်မြစ်ဝှမ်းနှင့် ရေကြီးမှု အခြေအနေ) - ဧရာဝတီတိုင်းအတွင်း ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 42mm မှ 85mm ခန့်သာ ရှိတော့မည်ဖြစ်၍ ဒေသတွင်း မိုးရွာသွန်းမှု နည်းပါးသွားမည် ဖြစ်သည်။ သို့သော် မြစ်ဖျားပိုင်းမှ စီးဆင်းလာသော အထက်မြစ်ရေစီးဆင်းမှုများကြောင့် ငဝန်မြစ်နှင့် ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်နေဦးမည် ဖြစ်ရာ လေးမျက်နှာမြို့နယ် အပါအဝင် ရေဝင်ရောက်ပြီးဧရိယများတွင် ရေကျဆင်းမှုနှေးကွေးနေမည် ဖြစ်ပါသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း - မုတ်သုံလေ အားအသင့်အတင့် တိုက်ခတ်မှုကြောင့် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 102mm မှ 205mm ခန့် ရရှိနိုင်ပါသည်။ တောင်ခြေဒေသများနှင့် တောင်ကြားလမ်းများ၌ ချောင်းရေ ရုတ်တရက်ကျဆင်းခြင်းနှင့် ကုန်းစောင်း မြေပြိုမှု အန္တရာယ် များကို ဆက်လက် သတိပြုရန် လိုအပ်ပါသည်။

ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး - စက်တင်ဘာ ၆ ရက်နောက်ပိုင်း မိုးအားလျော့နည်းသွားနိုင်မည်ဖြစ်သဖြင့် ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် ငမိုးရိပ်ဆည် ရေဝေဧရိယာများအတွင်း မိုးရေစီးဝင်မှု နည်းပါးသွားမည်ဖြစ်ရာ မြို့ပြနှင့်မြေနိမ့်ပိုင်း ရေကြီးရေလွှမ်းမိုးမှု အခြေအနေများ လျော့ကျသက်သာလာနိုင်မည် ဖြစ်ပါသည်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

ကိုဇင်မင်းမြတ်

ကိုဇင်မင်းမြတ်

လွန်ခဲ့သော ၆ နာရီ က

ထားဝယ်မြို့

You

ဆက်စပ်ဆောင်းပါးများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။