ပျားရည်တွေ မပျက်စီးစေဖို့ ...

01/02/2022 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ပျားရည်ဟာ သိုလှောင်မှုပုံစံမမှန်ရင် အနံ့၊ အရသာနဲ့ အာဟာရတွေ လျော့ကျနိုင်ပြီး  ပျက်စီးတဲ့အထိ ဖြစ်တတ်ပါတယ်..။ 

နည်းလမ်းမှန်ကန်စွာ ထားသိုရင်တော့  နှစ်ပေါင်းထောင်ချီ ထားနိုင်ပါတယ်တဲ့..။

ဆိုတော့ ပျားရည်တွေ မပျက်စီးဖို့ အောက်ပါအချက်တွေ နဲ့ သတိပြုသိုလှောင်သင့်ပါတယ်..။

(၁) အချဉ်မပေါက်အောင် ထိန်းသိမ်းခြင်း 

ပျားရည်ရဲ့ ထူးခြားချက်ကတော့ ရေငွေ့ကို အလွယ်တကူ စုပ်ယူနိုင်တာပဲဖြစ်ပြီး အချဥ်ပေါက်လာတတ်တာပဲ ဖြစ်ပါတယ်..။ 

စိုထိုင်းတဲ့လေထဲမှာ ပျားရည်ကိုထားရင် ရေငွေ့များကိုစုပ်ယူပြီး အလေးချိန် ၃၃%ခန့် တိုးလာတာကို တွေ့ရပါတယ်..။

ဒါ့အပြင် ပျားရည်မှာ တဆေးမှိုတွေလည်းပါရှိပြီး အဲ့ဒီတဆေးမှိုတွေက တိကျတဲ့အပူချိန်မှတစ်ခုမှာ ပျားရည်ကို အချဥ်ပေါက်စေပါတယ်..။

အဲ့ဒါကြောင့် ပျားရည်ကို နှစ်ရှည်လများ သိုလှောင်မယ်ဆိုရင် ခြောက်သွေ့ပြီး လေဝင်လေထွက် ကောင်းတဲ့နေရာမှာ အပူချိန် ၅ဒီဂရီ စင်တီဂရိတ်မှ ၁၀ ဒီဂရီ စင်တီဂရိတ်အကြား ထားရှိပြီး သိုလှောင်သင့်ပါတယ်..။

(၂) သိုလှောင်ခွက်များကို ရွေးချယ်ခြင်း

ပျားရည်တွေဟာ အနံ့အသက်တွေ အလွယ်တကူဝင်ရောက်နိုင်တာကြောင့် အနံ့အသက်ပြင်းတဲ့ စားသောက်ကုန်တွေနဲ့ အတူရောနှော မထားသင့်ပါဘူး ။

အကောင်းဆုံးနဲ့ အလွယ်ကူဆုံးကတော့ ပုလင်းတွေ၊ စဉ့်အိုးတွေနဲ့ သိုလှောင်တာပဲ ဖြစ်ပါတယ်..။

သစ်သားစည်ပိုင်းနဲ့လည်း ပျားရည်ကို သိုလှောင်လေ့ ရှိကြပါတယ်..။ ဒါပေမဲ့ စည်ပိုင်းကို ပြုလုပ်ရာမှာတော့ အသုံးပြုတဲ့သစ်သားပေါ်မူတည်ပြီး ပျားရည်ရဲ့ အနံ့နဲ့ အရောင်အဆင်းကို ပျက်စေတတ်လို့  စည်ပိုင်းများ ပြုလုပ်ရာမှာ သစ်သားကို အထူးရွေးချယ် အသုံးပြုရပါမယ်..။

(၃) သိုလှောင်ရန်မသင့်သည်များ

သတိပြုဖို့က ပျားရည်ကို သတ္တုအိုးခွက်တွေနဲ့ မသိုလှောင်ဖို့ပါပဲ..။ သံခွက်ထဲ ပျားရည်ထည့်လိုက်ရင် ပျားရည်ဟာ ဓာတုဗေဒသဘောအရ သံနဲ့ပေါင်းစပ်သွားတာမျိုး ဖြစ်နိုင်ပါတယ်..။

သွပ်၊ သတ္တု ခွက်တွေထဲ ထည့်ရင်လည်း သွပ်က ပျားရည်ထဲပါရှိတဲ့ သြဂဲနစ်အက်စစ်ဓာတ်တွေနဲ့ ပေါင်းစပ်ပြီး အဆိပ်အတောက်ဖြစ်စေတတ်လို့ သတိပြု ရှောင်ရှားသင့်ပါတယ်..။ 

သဘာဝအရ ပျားရည်ထဲမှာ သံ နဲ့ သွပ် သတ္တုဓာတ်တွေ ၀.၁၆% သာ ပါဝင်လေ့ရှိပေမယ့် သံ၊ သွပ်၊ သတ္တုအိုး တွေထဲမှာ ထည့်ထားတဲ့ ပျားရည်ကတော့ သတ္တုဓာတ်တွေ ၁၉.၇၉ % အထိပါဝင်သွားနိုင်လို့ တကယ့်ကို သတိထားရှောင်ရှားဖို့ လိုပါတယ်..။

 မှီငြမ်း-ဦးဝင်းတင်၏ “ပျားတို့ကမ္ဘာ”အကြောင်းမှ ကောက်နှုတ်ဖော်ပြပါသည်။

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်