ရင်ပြည့်ရင်ကယ်မဖြစ်​အောင် ဘယ်လို​နေရမလဲ

15/12/2021 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

- အဆီများလွန်းတဲ့အစာ၊ ဆားပါဝင်မှုများတဲ့အစာ၊ ပူစပ်လွန်းတဲ့အစာ၊ အစာ​ခြေရခက်တဲ့ မာလွန်းတဲ့အစာ​တွေကို မစားသင့်ပါ။

- အစာစားရင် အလျင်စလိုမစားဘဲ ဖြည်းဖြည်းချင်းစားပါ။

- ကိုယ်လက်လှုပ်ရှားမှု​ နေ့စဥ်ပုံမှန်လုပ်​ပေးပါ။

-​ ကော်ဖီ၊ အရက်နဲ့ ဂက်စ်ပါတဲ့အချိုရည်များကို လျှော့ချ​သောက်သုံးပါ။

- စိတ်ဖိစီးမှုမဖြစ်​အောင်​ နေထိုင်ပါ။

- အစာစားပြီး​နောက် ၃ နာရီအတွင်း လှဲ​လျောင်းခြင်းကို ​ရှောင်ကြဥ်ပါ။

ရင်ပြည့်ရင်ကယ်အတွက် ကုသရေးနည်းလမ်းများ

ရင်ပြည့်ရင်ကယ်ဖြစ်ရင် ဘာ​ဆေး​တွေ​သောက်ရလဲ

    လူအများစုက​တော့ ရင်ပြည့်ရင်ကယ်ဖြစ်ရင် အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့  အစာကြေလေနိုင်ဆေး​တွေ​သောက်ပြီး သက်သာသွား​လေ့ရှိပါတယ်။ အထက်ပါ​ဆေး​တွေဟာ ဝမ်းဗိုက်တွင်းကအက်ဆစ်ဓာတ်​တွေကို ​ညီမျှစေပြီး ​လေပွခြင်းကိုသက်သာ​စေတဲ့အတွက် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာ​စေနိုင်ပါတယ်။

     အထက်ပါနည်း​လမ်းတွေနဲ့ မသက်သာဘဲ အမြဲလိုလို ရင်ပြည့်ရင်ကယ်ဖြစ်​​နေပြီဆိုရင်​တော့ ဆရာဝန်နဲ့စစ်​ဆေးပြသပြီး မိမိ​ရောဂါအ​ခြေအ​နေနဲ့ သင့်​တော်မယ့် ဆေး​တွေသာ​ သောက်သုံးရမှာဖြစ်ပါတယ်။

မိမိကိုယ်တိုင် အိမ်မှာကုသနိုင်မယ့်နည်းလမ်းများ

ကိုယ်လက်လှုပ်ရှားပေးခြင်း

     အစားစားပြီးတဲ့အခါမှာ အချိန်အကြာကြီး ဆက်ပြီးထိုင်နေရင် ရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါတယ်။ ကိုယ်လက်လှူပ်ရှားရာမှာ အပြင်းအထန်လေ့ကျင့်ခန်းတွေကို ဆိုလိုတာမဟုတ်ဘဲ  လမ်းလျှောက်တာလိုမျိုး နည်းနည်းစီ လှုပ်ရှားပေးကြည့်ပါ။

ရေများများသောက်ပါ

    အစာအိမ်နဲ့ အူလမ်းကြောင်းဟာ ရေဓာတ်ပြည့်ဝနေမှ အာဟာရဓာတ်တွေကို ကောင်းမွန်စွာစုပ်ယူပြီး အစာခြေ‌ဖျက်အားကောင်းစေမှာပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေရင်လည်း အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်တတ်ပါတယ်။ တစ်နေ့ကို ရေ ၂ လီတာမှ ၃ လီတာ အထိ သောက်သုံးသင့်ပါတယ်။

လှဲအိပ်ခြင်း ရှောင်ပါ

    ပက်လက်အနေအထားဖြစ်နေတဲ့အခါ အစာအိမ်အက်ဆစ်တွေဟာ အစာရေမျိုပြွန်ထိ ပြန်တက်လာပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

သံပုရာရည်သောက်ပါ

    သံပုရာရည်သောက်ပေးရင် သံပုရာသီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်သဘာဝ‌ကြောင့် အစာခြေအား‌ ကောင်းမွန်စေပြီး အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။

ရေနွေးကို အသုံးချပါ

    ကြက်သီးနွေးရေနှင့် ရေချိုးပေးခြင်း (သို့) ဝမ်းဗိုက်ပေါ် ရေနွေးအိတ်လေးကပ်ပေးမယ်ဆိုရင် သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အစာကြေမြန်စေတဲ့အတွက် ‌ရင်ပြည့်ရင်ကယ်ခြင်းကို အမြန် သက်သာစေပါလိမ့်မယ်။

မုန့်ဖုတ်ဆိုဒါ

    Baking soda အနည်းငယ်ကို သံပုရာရည်ထဲမှာ ထည့်သောက်တဲ့အခါ ထွက်လာတဲ့ Carbonic Acid ဒြပ်ပေါင်းဟာ အစာမကြေ ရင်ပြည့်ရင်ကယ်လက္ခဏာတွေကို လျော့နည်းစေနိုင်ပါတယ်။

ချင်းပြုတ်ရည်

    ချင်းမှာပါဝင်တဲ့ Gingerol ဒြပ်ပေါင်းဟာ ရင်ပြည့်ရင်ကယ် အစာမကြေလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ချင်းပြုတ်ရည်ထဲကို ထန်းလျက် ဒါမှမဟုတ် ပျားရည်ရောပြီး သောက်သုံးနိုင်ပါတယ်။

ပူစီနံ

    ပူစီနံရွက်ကို ရေနွေးကြမ်းလုပ်သောက်လို့ရသလို ဖျော်ရည်အဖြစ်လည်း သောက်နိုင်ပါတယ်။ ပူစီနံဟာ အစာအိမ်အူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေတဲ့အစွမ်းရှိတာကြောင့် ဗိုက်အောင့်ဝေဒနာကို သက်သာစေတဲ့အပြင် လေပွခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်းတွေကိုပါ သက်သာစေပါတယ်။

Source - On Doctor


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်