အိမ်တွင်အလွယ်တကူ ပြုလုပ်နိုင်သော ငရူတ်သီးဆော့( ငရုတ်ဆီ)

27/04/2019 06:00 AM တွင် ဇွန်ပွင့်ဖြူ ဇွန်ပွင့်ဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငရုတ်သီးကို အလေအလွှင့်မဖြစ်အောင် ဆော့များပြုလုပ်ပြီး နှစ်နဲ့ချီသိမ်းဆည်း ထားနိုင်ပြီး အိမ်တွင်းမှုလုပ်ငန်း တစ်ခုအနေနဲ့လည်း ငရုတ်သီးဆော့များကို ပြုလုပ်ရောင်းချနိုင်ပါတယ်။  ငရုတ်သီးဆော့ကို မိမိကြိုက်နှစ်သက်သလိုအရသာ ပြင်ဆင်လို့လည်း ရတယ်နော်။ ကဲ စလုပ်ကြည့်ရအောင်နော်…..

လိုအပ်တဲ့ ပစ္စည်းတွေကတော့ 

၁။ ငရုတ်သီးအခြောက်တောင့် (၁.၅) ကျပ်သား

၂။ ကြက်သွန်ဖြူ                  (ဝ.၅) ကျပ်သား

၃။ ချင်း(ဂျင်း)                     (၁) တက် (လက်နှစ်ဆစ်ခန့်)

၄။ ရေသန့်                         (၁.၅) လီတာ

၅။ ရှာလကာရည်                 (၁) ထမင်းစားဇွန်း

၆။ ကော်မှုန့်                       (၁)  ထမင်းစားဇွန်း

၇။ ဆား                            ထမင်းစားဇွန်း တစ်ဝက်

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ငရုတ်သီးတောင့်များကို ရေနွေးပူပူတွင် (၃) မိနစ်ခန့်စိမ်ပြီး အနည်းငယ်ပျော့လာလျှင် ဆယ်ယူထားပါ။ ငရုတ်သီးတောင့်များကို ဆယ်ပြီး ခဏအအေးခံပါ။ အအေးခံထားသော ငရုတ်သီးများကို Blender (ကြိတ်စက်) ထဲထည့်၍ ရေ (ဝ.၅) လီတာ နှင့် ရောပြီး ကြိတ်ပါ။ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) ကိုနွှာပြီး ရောကြိတ်ပါ။ ကြိတ်ထားပြီးသားတွေကို ခွက်တစ်ခွက်ထဲထည့်ထားပါ။

၂။ ရေတစ်လီတာကို ဒယ်အိုးထဲထည့်ပြီး ပူလာအောင်တည်ပါ။ ပူလာပြီဆိုရင် သကြားထည့်ပြီး ကျိုပါ။

၃။ ဆားအနည်းငယ်ထည့်ပါ။ 

၄။ ကော်မှုန့်ကို ထည့်ပြီးမွှေပေးပါ။

၅။ ရောကြိတ်ထားတဲ့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) တို့ကိုထည့်မွှေပါ။  သကြားရည်ညောင်စီးကျသလောက် အခြေအနေရှိလျှင် ရှာလကာရည်ကို မိမိလိုအပ်သလို အချဉ်ကြိုက်လျှင် ရှာလကာရည်ပိုထည့်ပါ။ ခပ်ပြစ်ပြစ်အနေအထားရောက်ပါက မီးလျှော့ပြီးဆက်တိုက်မွှေပေးပါ။ ပြီးရင်တော့ မီးဖိုမှ ချနိုင်ပါပြီ။

ငရုတ်သီးဆော့ကို အချဉ်ကြိုက်တတ်ရင် ရှာလကာရည်ကို ပိုထည့်ပေးနိုင်ပါတယ်။ အချိုကြိုက်တတ်သူများကတော့ သကြားကို မိမိကြိုက်သလောက် ပိုထည့်နိုင်ပါတယ်နော်။  ငရုတ်သီးဆော့ကို ခေါက်ဆွဲကြော်နဲ့ပဲစားမလား ဒါမှမဟုတ် ကြက်ကြော်၊ ကြက်ကင်၊ အကြော်နဲ့ပဲ စားကြမလား နှစ်သက်ရာနဲ့ အဆင်ပြေတယ်နော်။

ဇွန်ပွင့်ဖြူ

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်