ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း အခြေခံအချက်များ

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ငရုတ် / ခရမ်း

မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့များကို မြေအိုးတွင်ဖြစ်စေ၊ ပျိုးဘောင်တွင်ဖြစ်စေ ခပ်ပါးပါးချပြီး အပေါ်မှ သဲကြမ်းဖြူးပြီး ရေလောင်းပေးပါ။ ပျိုးပင်ငယ်စဉ် ခါးရိရောဂါ ကျရောက်နိုင်သဖြင့် တော့ပ်ဆင် မှိုသတ်ဆေးဖြန်း၍ ကာကွယ်နိုင်ပါသည်။ မျိုးစေ့ချပြီး ၁၀ ရက်ခန့်ကြာမှ အပင်ပေါက်စုံလေ့ရှိသည်။ ပျိုးပင်အမြင့် ၆ လက်မခန့် ပျိုးသက် ၂၁ ရက်တွင် စိုက်ခင်းသို့ ရွေ့စိုက်နိုင်ပါသည်။ ပျိုးဘောင်၏အကျယ် ၃ ပေ၊ အလျားပေ ၆၀၊ အမြင့် ၆ လက်မအရွယ်ရှိ ပျိုးဘောင်များကို ဆွဲပါ။ ပင်ခြားတန်းခြား ၂ပေစီထား၍ နှစ်တန်းသွားစိုက်ပျိုးပါ။ စိုက်ပြီး ၂ လ တွင် အသီးများစတင်ဆွတ်ခူးနိုင်ပါသည်။

ငရုတ်နှင့် ခရမ်း စိုက်ပျိုးရာတွင် အပင်ခြေ ၁ ပေအတွင်းရှိ ဘေးတက်များကို ဖဲ့ပေးသင့် ပါသည်။ ပထမခွဆုံမှ အသီးကို ခြွေရပါမည်။ ဒုတိယ ခွဆုံမှ စတင် အသီးယူသင့်ပါသည်။
ပင်ညှိုးရောဂါကာကွယ်ရန်အတွက် စိုက်ကျင်းတွင် ထုံးမှုန့် စတီးဇွန်း ၂ ဇွန်းခန့်ထည့်ပြီး တစ်ပတ်အကြာတွင် ပျိုးပင်များကို စိုက်ပျိုးနိုင်ပါသည်။

ခရမ်းချဉ်

ဆောင်းရာသီတွင် စိုက်ပျိုးလေ့ရှိပြီး ငရုတ်နှင့် ခရမ်းပျိုးထောင်နည်းအတိုင်း ပျိုးထောင်စိုက်ပျိုးလေ့ ရှိပါသည်။ အကျယ် ၂ ပေခွဲ၊ အလျားပေ ၆၀၊ အမြင့် ၆ လက်မရှိသော စိုက်ဘောင်ပေါ်တွင် ပင်ခြား ၃ ပေခန့်ထား၍ တစ်တန်းသွားစိုက်လေ့ရှိပါသည်။

ဤခရမ်းချဉ်မျိုးမှာ ပင်ပြန့်မျိုးဖြစ်သဖြင့် စိုက်ခင်းအတွင်းရှိ အပင်များကို ၂ ပေခန့်သာ ရှိသောဝါးဖြင့် အပင်ဘေးတွင်ကပ်လျက် စိုက်ထူပြီး ကြိုးနှင့် ထိန်းချည်ထားသင့်ပါသည်။
ဤမျိုးမှာ ပင်ညှိုးရောဂါကျရောက်မှုကို ခံနိုင်မှုရှိပါသည်။ စိုက်ပျိုးပြီး ၂ လ ခန့်အကြာတွင် ခရမ်းချဉ်သီး စတင်ဆွတ်ခူးနိုင်ပါသည်။ တစ်ပိဿာလျှင် ခရမ်းချဉ်သီး အလုံးရေ ၂၀ မှ ၂၅ လုံးခန့်ရှိပါသည်။

သခြား

သခွားကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးလေ့ရှိပါသည်။ အနံ ၁ ပေခွဲစီရှိသော စိုက်ဘောင် ၂ ဘောင်ကို ၃ ပေခန့်ခွာ၍ ဆွဲပါ။ တစ်တန်းသွား စိုက်ရန်ဖြစ်ပြီး တစ်ကျင်းလျှင်မျိုးစေ့ ၂ စေ့မှ ၃ စေ့ချပါ။ ပင်ခြား ၁ ပေ ထားပေးပါ။ စက်ဖွဲပြာ၊ သဲဖုံးပေးပြီး ရေလောင်းပါ။ အပင်နှာမောင်းထွက်လာလျှင် ဝါးဖြင့် ဂုတ်ထိုးပေးပါ။ အပင်ပေါက်ပြီး ၄၅ ရက်မှ ရက် ၆၀ ခန့်အကြာတွင် အသီးများခူးယူနိုင်ပါသည်။

သခွားပင်အခြေမှ တစ်ပေအတွင်းရှိ ဘေးအတက်များကို ဖဲ့ပေးခြင်း၊ အဖိုပွင့် များလွန်းပါက ခြွေပေးခြင်း၊ အသီးတင်လာသည်မှ စ၍ အသီးရှေ့မှ အဆစ်တစ်ဆစ်ချန်၍ ထိပ်ဖြတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသင့်ပါသည်။

ရွှေဖရုံ

ရွှေဖရုံကို မိုးရာသီတွင် စိုက်ပျိုးလေ့ရှိပါသည်။ ဤမျိုးစေ့များသည် အဆန်ပါသဖြင့် မြေကြီးမှာ တိုက်ရိုက်ချလျှင် ပုရွက်ဆိတ်စားခြင်း၊ မျိုးစေ့ပုပ်သွားခြင်းတို့ ဖြစ်နိုင်ပါသည်။ မျိုးစေ့များကို တစ်ညရေစိမ်ပြီးမှ ပျိုးထောင်ပါ။ အပင်ပေါက်ပြီး ၅ရက်မှ ၇ရက်တွင် ပျိုးပင်များကို အကျယ် ၂ ပေရှိသော စိုက်ဘောင်ပေါ်သို့ ၃ ပေခြားပြီး ရွေ့စိုက်ပါ။ တန်းကြား ၁၅ ပေခန့်ရှိရပါမည်။ အရွက် ၅ ရွက်ခန့်ရှိလာလျှင် ထိပ်ညွန့်ဖြတ်ပြီး ဘေးတက်များမှ လည်းကောင်း၊ ထိပ်ညွန့်မဖြတ်ဘဲ ပင်စည်ပင်မကြီးတစ်ခုတည်းမှ လည်းကောင်း အသီးယူနိုင်ပါသည်။ ဝတ်မှုန်ကူးရန်အတွက် ပျားပိတုန်းများမရှိပါက နံနက် ၇ နာရီထက် နောက်မကျဘဲ လက်ဖြင့် ဝတ်မှုန်ကူးပေးရန် လိုပါသည်။ အဖိုပွင့်ကို ခူး၍ ဝတ်မှုန်များကို အမဝတ်မှုန်ပေါ်တွင် တို့ထိပေးရပါမည်။ အဖိုပွင့်တစ်ပွင့်၏ ဝတ်မှုန်သည် အမပွင့် ၄ ပွင့်အတွက် လုံလောက်ပါသည်။

ရံုးပတီ

ရုံးပတီကို မိုးရာသီတွင် စိုက်ပျိုးလေ့ရှိပါသည်။ အကျယ် ၂ ပေခွဲ၊ အလျားပေ ၆၀၊ အမြင့် ၆ လက်မရှိသော ဘောင်ဆွဲပါ။ နှစ်တန်းသွားစိုက်ရာတွင် တစ်ပင်နှင့်တစ်ပင် သုံးပွင့်ဆိုင် ၂ ပေခြားစိုက်ပါ။ တစ်ကျင်းလျှင် မျိုးစေ့ ၂ စေ့ ၃ စေ့ချပြီး သဲ၊ ဖွဲပြာ ဖုံးပေးပါ။ အသန်မာဆုံး ပျိုးပင်တစ်ပင်သာချန်ပါ။ ၂ လခွဲခန့်တွင် အသီးများ ခူးစားနိုင်ပါသည်။

အနီးအနားတွင် ဗိုင်းရပ်စ်ရောဂါ ကျရောက်နေသော အပင်များရှိပါက မီးရှို့ဖျတ်ဆီးပြီးမှသာ ရုံးပတီကို စတင်စိုက်ပျိုးသင့်ပါသည်။ ရုံးပတီသီးစတင်ဆွတ်ခူးသည်နှင့် အသီးအောက်ရှိ အရွက်ဟောင်းကို တစ်ပြိုင်နက် ခြွေပေးခဲ့ခြင်းအားဖြင့် အပင်အတွက် အထောက်အကူဖြစ်စေပါသည်။

တိုင်ထောင်ပဲ

တိုင်ထောင်ပဲကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးလေ့ရှိပါသည်။ အကျယ် ၁ ပေခွဲ စီရှိသော စိုက်ဘောင်နှစ်ဘောင်ကို ၃ ပေခန့်ခွာဆွဲပါ။ တစ်တန်းသွားစိုက်ရန် ဖြစ်ပြီး တစ်ကျင်းမျိုးစေ့ ၂ စေ့ မှ ၃ စေ့ ချပါ။ ပင်ခြား ၁ ပေ ထားပေးပါ။ စက်ဖွဲပြာ၊ သဲဖုံးပေးပါ။ အပင်နှာမောင်းထွက်လာလျှင် ဝါးဖြင့်ဂုတ်ထိုးပေးပါ။ ၄၅ ရက်မှ ရက် ၆၀ ဆိုလျှင် ပဲသီးများ ခူးယူနိုင်ပါသည်။

မုန်ညင်း/ ဆလတ်

မုန်းညင်းနှင့် ဆလတ်ကို ဆောင်းရာသီတွင် စိုက်ပျိုးလေ့ရှိပါသည်။ ပျိုးဘောင်ပေါ်တွင် မျိုးစေ့များကို ကြိုပျိုးပေးပါ။ သဲ၊ စက်ဖွဲပြာ၊ ကောက်ရိုးပါးပါးအုပ်ပေးပါ။ ပျိုးပင်အသက် ၂၁ ရက်ရလျှင် ၃ ပေအကျယ်၊ ပေ ၆၀ အလျား ၆ လက်မခန့်မြင့်သော စိုက်ဘောင်ပေါ်တွင် တန်းခြားပင်ခြား ၁ ပေ ထားပြီး စိုက်နိုင်ပါသည်။ ပျိုးပင်များသည် နုနယ်သဖြင့် ကောက်ရိုးခင်းပေးခြင်းဖြင့် သဲကပ်ခြင်း၊ မှိုကပ်ခြင်းတို့မှကာကွယ်နိုင်ပါသည်။ ရေများလွန်းခြင်း၊ အာဟာရလွန်ကဲခြင်းတို့ကြောင့် မှိုရောဂါကျရောက်နိုင်ပါသည်။

ကိုးကား-စိုက်ပျိုးရေးသုံးပံ့ပိုးပစ္စည်းဆိုင် စိုက်ပျိုးရေးဦးစီးဌာန မြေပဒေသာကျွန်းမှ ထုတ်ဝေသော လက်ကမ်းစာစောင်မှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်