ခရမ်းချဥ်နဲ့ တွဲဖက်စိုက်ပျိုးသင့်သည့် အကောင်းဆုံးအပင် (၆) မျိုး

15/07/2024 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အဖော်ပင်စိုက်ပျိုးခြင်း (သို့မဟုတ်) သီးနှံပင်များကို အတူယှဉ်တွဲစိုက်ပျိုးခြင်းဟာ အဖျက်ပိုးမွှားတွေကို တွန်းလှန်နိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ အပင်တွေရရှိလာစေဖို့ ကူညီပေးနိုင်တဲ့ သဘာဝစိုက်ပျိုးနည်းစနစ်တစ်ခု ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သီးနှံပင်အချင်းချင်း အပြန်အလှန် အကျိုးပြုနိုင်တဲ့ အပင်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ အဆိုပါ အကျိုးပြုနိုင်တဲ့ပုံစံတွေကတော့ သဘာဝနည်းဖြင့် ပိုးမွှားထိန်းချုပ်နိုင်ခြင်း၊ ၀တ်မှုန်ကူး အင်းဆက်တွေရဲ့ လုပ်ဆောင်မှုကို တိုးမြှင့်ပေးနိုင်ခြင်း၊ အပင်နဲ့ မြေဆီလွှာရဲ့ ကျန်းမာရေးကို ပိုမို ကောင်းမွန်စေခြင်း၊ အရိပ်ရရှိစေခြင်း၊ အထောက်အကူရရှိစေခြင်း၊ ပေါင်းနှိမ်နင်းပေးနိုင်ခြင်းနဲ့ ရောဂါကျရောက်မှုကို ခံနိုင်ရည်ရှိစေခြင်း စတာတွေ ပါဝင်နေတာဖြစ်ပါတယ်။ 

ယခုဆောင်းပါးမှာတော့ ခရမ်းချဥ်ပင်နဲ့ တွဲဖက်စိုက်ပျိုးနိုင်တဲ့ အပင်တွေအကြောင်းကို မျှဝေပေးမှာ ဖြစ်ပါတယ်။

၁။ ပင်စိမ်း 

ခရမ်းချဉ်နဲ့ ပင်စိမ်းဆိုတာ ကြီးထွားမှုဆိုင်ရာ လိုအပ်ချက်တွေတူညီကြတာမို့ အတူယှဥ်တွဲစိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။ အပင်နှစ်မျိုးစလုံးဟာ ပူနွေးတဲ့ရာသီဥတုကို ကြိုက်နှစ်သက်ကြပြီး ၆၀ မှ ၇၅ ဒီဂရီဖာရင်ဟိုက် (၁၅ - ၂၃ ဒီဂရီစင်တီဂရိတ်)  အတွင်းမှာ ကောင်းစွာရှင်သန်နိုင်ကြပါတယ်။

သင်းပျံ့တဲ့ ပင်စိမ်းရဲ့ရနံ့ဟာ ပျ ပိုး၊ မွှားပင့်ကူ၊ လှေးပိုးနဲ့ ခရမ်းချဉ်သီးမှာ ကျရောက်တတ်တဲ့ hornworm ကဲ့သို့ အဖျက်ပိုးမွှားများကို ဖယ်ရှားပေးနိုင်ပြီး ခရမ်းချဉ်ပင်တွေရဲ့ ဝေးရာကိုနှင်ပေးနိုင်ပါတယ်။ အပြန်အလှန်အားဖြင့် ခရမ်းချဉ်ပင်ရဲ့ ဖြန့်ကျက်အုပ်မိုးနိုင်တဲ့ သဘာဝဟာ ပင်စိမ်းရဲ့နူးညံ့သော အရွက်တွေအတွက် နေလောင်မှုကနေ ကာကွယ်ပေးနိုင်ပြီး အရိပ်ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ 

၂။ ထပ်တရာပန်း 

ခရမ်းချဉ်စိုက်ခင်းထဲမှာ ထပ်တရာပန်းတွေ စိုက်ပျိုးထားခြင်းဖြင့် တောက်ပသောအရောင်ကြောင့် မျက်စိပသာဒဖြစ်စေရုံသာမက အခြားအကျိုးကျေးဇူးများစွာကိုလည်း ပေးစွမ်းနိုင်ပါတယ်။ လှပတဲ့ ထပ်တရာပန်းတွေဟာ ခရမ်းချဉ်ပန်းပွင့်တွေ ၀တ်မှုန်ကူးဖို့နဲ့ အဖျက်ပိုးမွှားများကို ထိန်းချုပ်ရာမှာ အရေးပါသော ပျစားယင်နဲ့ လိပ်ခုံးကျိုင်းကဲ့သို့သော အကျိုးပြု အင်းဆက်တွေကို ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။ ထပ်တရာပန်းရဲ့ ပြင်းတဲ့ရနံ့ဟာ ခရမ်းချဉ်စိုက်ခင်းထဲမှာ ကျက်စားလေ့ရှိသော လှေးပိုးတွေကိုလည်း ထိရောက်စွာ တွန်းလှန်ပေးနိုင်တာ ဖြစ်ပါတယ်။ 

ထို့အပြင် ထပ်တရာပန်းမှာ မှိုဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိပါ၀င်နေပြီး ဖားဥမှိုကဲ့သို့  မှိုရောဂါကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ အကောင်းမွန်ဆုံးရလဒ် ရရှိစေဖို့အတွက် နေ့စဥ် ၆ နာရီမှ ၈ နာရီအထိ နေရောင်ခြည် လုံလောက်စွာရရှိပြီး ရေစိမ့်ဝင်မှုကောင်းသော မြေမှာ ခရမ်းချဉ်သီးပင်များနဲ့အတူ ထပ်တရာပန်းများကို စိုက်ပျိုးနိုင်ပါတယ်။ 

၃။ မုန်လာဥနီ

ခရမ်းချဉ်ပင်ရဲ့ အနီးတစ်ဝိုက်မှာ မုန်လာဥနီ စိုက်ပျိုးထားခြင်းဖြင့် ခရမ်းချဥ်သီးအထွက်ကို တိုးစေနိုင်ပါတယ်။ မုန်လာဥနီမှာ ကြီးမားတဲ့ရေသောက်မြစ် ပါရှိတာကြောင့် မြေကြီးကနေ ဆွဲနုတ်ယူလိုက်တဲ့အခါ ရှည်လျားတဲ့ လှိုဏ်ခေါင်းပုံစံများ ချန်ထားခဲ့ခြင်းဖြင့် မြေဆီလွှာကို လေဝင်လေထွက်ကောင်းစေပါတယ်။ အဆိုပါ လှိုဏ်ခေါင်းတွေဟာ လေနဲ့ ရေကို စိမ့်ဝင်ပျံ့နှံ့စေနိုင်ပြီး မြေဆီလွှာရဲ့ကျန်းမာရေးကို မြှင့်တင်ပေးသော မတူကွဲပြားတဲ့ အဏုဇီဝ သက်ရှိများအတွက်လည်း အာဟာရဓာတ်တွေကို ပံ့ပိုးပေးနိုင်တာ ဖြစ်ပါတယ်။

ထို့အပြင် မုန်လာဥနီနဲ့ ခရမ်းချဉ်ပင်တွေကြား အပြန်အလှန်အကျိုးသက်ရောက်မှုဟာ ခရမ်းချဥ်သီးရဲ့အရသာကိုလည်း တိုးမြင့်စေနိုင်တာ ဖြစ်ပါတယ်။ အမြစ်စား (ဥစား) သီးနှံဖြစ်တဲ့ မုန်လာဥနီဟာ အာဟာရစုပ်ယူမှုကို ပိုမိုကောင်းမွန်စေပြီး အပင်သန်မာကြီးထွားမှုကို အားပေးကာ အရသာရှိတဲ့ ခရမ်းချဉ်သီးတွေ ပိုမိုထုတ်လုပ်နိုင်ဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ 

၄။ ကြက်သွန်ဖြူ 

ကြက်သွန်ဖြူဟာလည်း ပျ ပိုး၊ မွှားပင့်ကူနဲ့ ယင်ဖြူ ကဲ့သို့သော အဖျက်ပိုးမွှားများကို သဘာဝအတိုင်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် ကြက်သွန်ဖြူဟာ ခရမ်းချဉ်သီးရဲ့ အရသာကို မြှင့်တင်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရှိနေသေးတာ ဖြစ်ပါတယ်။ တစ်နေ့ကို ၈ နာရီကနေ ၁၀ နာရီအထိ အလင်းရောင် ကောင်းစွာရရှိပြီး ရေဆင်းအားကောင်းတဲ့ မြေဆီလွှာမှာ ကြက်သွန်ဖြူနဲ့ ခရမ်းချဉ်ကို တွဲဖက်စိုက်ပျိုးမယ်ဆိုရင် အဖျက်ပိုးမွှားတွေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။ 

၅။ တောရှုံးပင်

မွှေးရနံ့ရှိတဲ့ တောရှုံးပင်ဟာလည်း မွှားပင့်ကူနဲ့ ပျပိုးကဲ့သို့ အင်းဆက်ပိုးမွှားများကို ထိရောက်စွာ ဟန့်တားပေးနိုင်တာ ဖြစ်ပါတယ်။ တောရှုံးပင်ဟာ ခရမ်းချဉ်ပင်ကို မလိုလားအပ်သော အဖျက်ပိုးတွေရန်ကနေ ကာကွယ်ပေးရုံသာမက ၎င်းတို့ရဲ့ အရသာနဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ ထိရောက်တဲ့ အကျိုးကျေးဇူး ရရှိနိုင်ဖို့ နေရောင်ခြည်အပြည့်အဝရပြီး ရေစိမ့်ဝင်မှုကောင်းသော မြေဆီလွှာမှာ စိုက်ပျိုးထားသင့်ပါတယ်။ ထို့အပြင် မွှေးကြိုင်ပြီး ဝတ်ရည်နဲ့ပြည့်နေတဲ့ တောရှုံးပန်းပွင့်တွေဟာ ပျားနဲ့ ပျစားယင်တို့ကို ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။ ဝတ်မှုန်ကူး အင်းဆက်တွေ လာရောက်နိုင်တာကြောင့် အနီးနားမှာရှိတဲ့ ခရမ်းချဉ်ပင်တွေဆီကိုလည်း လည်ပတ်မှုတိုးစေပြီး ၀တ်မှုန်ကူးရန် လွယ်ကူစေကာ အထွက်နှုန်း မြင့်မားစေခြင်းဖြင့် အပင်နှစ်မျိုးစလုံးကို တစ်ပြိုင်နက် အကျိုးပြုစေတာ ဖြစ်ပါတယ်။ 

၆။ ကညွတ် 

ကညွတ်နဲ့ ခရမ်းချဉ်ပင်တို့ဟာ အလွန်ကောင်းမွန်တဲ့ အဖော်ပင်တွေ ဖြစ်ကြပါတယ်။ ခရမ်းချဉ်ပင်ကနေ ဆိုလနင် (solanine) ဓာတ်ကို ထုတ်လွှတ်ပေးပြီး ၎င်းဓာတ်ဟာ ကညွတ်မှာ ကျရောက်တတ်တဲ့ ပိုးတောင်မာတွေကို သဘာဝအတိုင်း တွန်းလှန်ပေးတယ်လို့ လူသိများပါတယ်။ အပြန်အလှန်အားဖြင့် ကညွှတ်ဟာလည်း ခရမ်းချဉ်ပင်ရဲ့ အမြစ်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အန္တရာယ်ရှိသော နီမတုတ်တွေကို တိုက်ဖျက်ရာမှာ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်