နနွင်း ဆေးဖက်ဝင်ပုံလေးပါ.....
နနွင်း၏ မျိုးရင်းအမည်မှာ Zingiberaceae (ချင်းမျိုးရင်း) ဖြစ်ပါသည်။ ရုက္ခဗေဒအမည်မှာ Curcum longa linn ဖြစ်ပါသည်။ အခေါ်အဝေါ်များမှာ မြန်မာအမည် နနွင်း၊ အင်္ဂလိပ်အမည် Tumeric ကချင်အမည် Namchying ဟူ၍ ခေါ်ဝေါ်ကြသည်။
ပုံသဏ္ဍာန်မှာ အပင် ရွက်ယောင် ပင်စည်ဖြစ်ပြီး ၄-၅ ပေခန့် မြင့်သည်။ ဘဲဥပုံ မြစ်ဥများ ရှိသည်။ မြစ်ဥ အတွင်းသား တောက်ပသော အရောင်ရှိသည်။ နနွင်းအမျိုးအစား ၇ မျိုးရှိသည့် အနက် ဆေးဖော်စပ်ရာ၌ ဤနနွင်း ရိုးရိုးကိုသာလျှင် ဆေးဖတ်အဖြစ် အမျိုးမျိုးအသုံးပြု၏။
ရွက်ညှာသည် ရွက်ပြားနှင့် အလျားညီ၏။ ရွက်ညာရင်းမှ ရွက်ပြားထိပ်ထိ အမြှောင်းပါသည်။ ရွက်ပြားရှည် မျောမျောပုံ ဖြစ်ပြီး အဖျားချွန်ကာ အရင်းသွယ်သည်။ အဖျားညီသည်။ ရွက်ကြောများ အလွန်ထင်ရှားသည်။ အပွင့်သည် အဝါနုရောင် ရှိပြီး ဆိပ်ဖူးပွင့်နှင့် တူသည်။ ဝါဆို ဝါခေါင်လများတွင် ပွင့်သည်။
၁။ ပေါက်ရောက်သည့် ဒေသ
မြန်မာနိုင်ငံ နေရာ အနှံအပြားတွင် ပေါက်ရောက်သည်။ မြန်မာပြည်အထက်ပိုင်း တောတောင်များ၌ သဘာဝ အလျောက်ပေါက်ရောက်သည်။ ကူးသန်းရောင်းဝယ်ရေး အတွက် စိုက်ခင်းများ တည်ထောင်၍ စိုက်ပျိုးကြသည်။ စိုက်ပျိုးပုံမှာ ဂျင်းပင်ကဲ့သို့ စိုက်ပျိုးရသည်။ အသုံးပြုသည့် အစိတ်အပိုင်းမှာ ဥတက် ကို အသုံးပြုကြသည်။
၂။ အာနိသင်
မြန်မာ့ဆေးကျမ်းများ အလိုအရ နနွင်းသည်ပူ၏။ စပ်ရှားရှား အရသာ ရှိ၏။ ခါးသက်၍ ဆိမ့်သော အရသာ ရှိ၏။ ကိုယ်ရေနွေစေ၏။ ပူသော ဂုဏ်သတ္တိရှိ၏။ လေကိုနိုင်၏။ ဝမ်းမီးကို တောက်စေ၍ အစာမကြေ ရောဂါကို ပျောက်ကင်းစေ၏။
၃။ အသုံးပြုပုံ
နနွင်းသည် ရောဂါအမျိုးမျိုးကို ပယ်နိုင်၍ အသက်ရှည်စေသော ဆေးအဖြစ် ထင်ရှား၏။ နနွင်းကို ငန်းဆေးအမျိုးမျိုး၊ မျက်စိဆေးအမျိုးမျိုး၊ ဒူလာဝမ်းရပ်ဆေး အမျိုးမျိုး၊ လိမ်းဆေးအမျိုးမျိုး၊ မှိုင်းဆေးအမျိုးမျိုး ဖော်စပ်ရာတွင် အသုံးပြုသည်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖျားခြင်း၊ သွားဖွားပြီး သွေးတက်ခြင်း၊ သွေးပုပ်ကျန်ခြင်း၊ သွေးမသန့်ခြင်း၊ မီးဖွားပြီးနောက် ချိနဲ့ခြင်း၊ အသားအေးခြင်း၊ သားမြတ်ကိုက်ခြင်း၊ ရောင်ခြင်း၊ မီးယပ်သွေးဖောဖြစ်ခြင်း၊ ယားယံခြင်းတို့အတွက် နနွင်းကို အမှုန့်ပြုကာ ရေနှင့်ဖျော်၍လိမ်းပေးခြင်း၊ သောက်ပေးခြင်း၊ ရေနွေးနှင့် ပြုတ်၍ ရေချိုးပေးခြင်း၊ ကြပ်ထုပ်ထိုးပေးခြင်းတို့ဖြင့် ပျောက်ကင်းစေနိုင်၏။
သားအိမ်မသန့်သောရောဂါ၊ မျက်စိကိုက်၊ နှာစေးအဖျားရောဂါ တို့အတွက် နနွင်းကို ဆေးဖက်အဖြစ် အသုံးပြုရ၏။ နနွင်းကို လက်ထုပ်ခေါက်မှုန့် ရော၍ ရေနှင့် ကျိုပြီး ပျားရည်သင့်ရုံစပ်၍ သောက်သုံးပါက သွေးအန်၊ သွေးလျှံ၊ သွေဝမ်းရောဂါများပျောက်၏။
သွားဖုံးရောင်ခြင်း၊ သွားနာခြင်း၊ သွားကိုက်ခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့်ဖျော်၍ ငုံပေးခြင်း၊ ဆားနိုင်နိုင်ထည့်သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေးခြင်းဖြင့် ပျောက်ကင်းစေ၏။
နနွင်းသည် ချောင်းဆိုး၊ ပန်းနာရင်ကြပ်၊ ဝမ်းလျော ရောဂါတို့ကို ပျောက်ကင်းစေ၏။
နနွင်းကို ဆားအနည်းငယ်ခတ်၍ တစ်နေ့ သုံးကြိမ်သောက်သော် လေထိုးလေအောက်ရောဂါ ပျောက်ကင်း၏။
အကျိတ်နာ၊ ထိခိုက်ရှနာခြင်း၊ အတွင်းကြေဒဏ်ရာ ရခြင်းတို့အတွက် နနွင်းနှင့် ထုံးကို ရောစပ်လိမ်းပေးခြင်း၊ ဒဏ်ရာမှ သွေးထွက်လွန်ခြင်းတို့အတွက် နနွင်းမှုန့် သိပ်ပေးခြင်းတို့် ပျောက်ကင်းစေနိုင်စေနိုင်၏၊
နနွင်းကို သကြားနီခဲနှင့် ရောစပ်၍ ဆန်ဆေးရည်နှင့် သောက်သုံးပေးပါက ဆီးအိမ်တွင်ကျောက်တည်ခြင်း ပျောက်၏။
နနွင်းမှုန့်၊ ဆီးဖြူသီးဖျော်ရည်၊ ပျားရည်သုံးမျိုးရောသောက်သော် ဆီးပူ၊ ဆီးအောက်မှစ၍ ဆီးရောဂါအမျိုးမျိုးပျောက်ကင်းစေ၏။
နနွင်းဥကို ပါးပါးလှီး၍ နေရိပ်တွင် လှမ်းပြီး ပျားရည်နှင့် တစ်ကြိမ်သုံးပြား၊ တစ်နေ့ တစ်ကြိမ်သောက်သော် အစာအိမ်ရောဂါပျောက်၏။
ကိုးကား-မြန့်မာ့ဆေးဝါးပင်များ
နနွင်းရဲ့ ဈေးကွက်စီးဆင်းပုံလေးကို ဖြေပေးပါအုန်းနော်။ ပြည်ပအဝယ်ရောရှိပါသလားခဗျာ။
ဆက်စပ်မေးခွန်းများ
Paclobutrazol 15% WP Plant Growth Regulator အာနိသင်ရှိ ဆေးကို စပါးခင်းမှာ အသုံးပြုချင်တာပါ။ စပါးပင်သတ်တမ်း ဘယ်အရွယ်မှာ အသုံးပြုသင့်ပါသလဲခင်ဗျာ။ ဆိုးကျိုးအနေနဲ့ ဘာတွေများ ဖြစ်နိုင်ပါသလဲ။
Nan Lin Soe • ဖြေကြားချက် 1 ခု
ကရင်ပြည်နယ်ကော့ကရိတ် တဝိုက်မှာ ပန်းစိုက်ခြံများ ရှိကြလားဗျ
Ye Htut Ko • ဖြေကြားချက် 0 ခု
အိမ်စားဖို့ ကန်စွန်းရိုးတံလေးတွေ ရေစိမ် အမြစ်ဖောက်ပြီးမှ မြေဆီလွှာဖြည့်ထားတဲ့အိုးထဲစိုက်တာ။ ၈ ရက်ကြာတော့ ပုံထဲကလိုဖြစ်ပြီး တစ်အိုးလုံးနှုတ်ပစ်လိုက်ရတယ်။ဘာဖြစ်တာလဲဗျ။ အဲလိုမဖြစ်အောင် ဘယ်လိုစိုက်ရမလဲ ပြောပြပေးပါခင်ဗျ။
ကို ငယ် • ဖြေကြားချက် 2 ခု
မှိုသတ်ဆေး Copper Oxychloride. 45 % Kasugamycin. 2 % ဖျန်းထားတာ ၂ ရက်ရှိပြီ။ ပေါင်းသတ်ဆေး 2/4 D သုံးချင်လို့ ရက် ဘယ်လောက်ခြားရမလဲဗျ။
Ye Naing • ဖြေကြားချက် 2 ခု
မှိုသတ်ဆေးCopper Oxychloride 45% Kasugamycin. 2% သုံးထားတာ ၂ ရက်ရှိပြီ။ပေါင်းသတ်ဆေး 2/4 D ဖျန်းချင်လို့ ရက် ဘယ်လောက်ခြားရမလဲဗျ။
Ye Naing • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026