အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
82
လွန်ခဲ့သော ၂၆ မိနစ် က · ဟင်္သာတ

မနှစ်ကစိမ်ထားသည့်အာမိုN16/P16/k8/sulphur13အရေကိုဒီနှစ်ရောစိမ်ပီးအသုံးပြုလို့ရမရ။ ကောင်းကြိုးဆိုးကျိုးလေးများသိပါရစေ

အပင်အာဟာရ ငရုတ်သီး
You
108
လွန်ခဲ့သော ၁ နာရီ က · ကျောင်းကုန်း

မတ်ပဲကျဲရာတွင် ငန်းမဟာအောင် လက်ပေါက်လှအောင်ဘယ်လိုကျဲသင့်လဲရှင်းပြပေးပါဦးဆရာတို့

စိုက်ပျိုးနည်း မတ်ပဲ
You
ဖြေလည်သော အဖြေရရှိပြီး
80
လွန်ခဲ့သော ၁၀ နာရီ က · အင်္ဂပူ

နွား သေး ကို အပင်ရွက်ဖျန်းဆေးဖြင့်တွဲဖျန်း၍ ရပါသလား။

အပင်အာဟာရ စပါး
အတည်ပြုပြီး 1,110,579 လွန်ခဲ့သော ၁၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

သတ်မှတ်နုန်းထားအတိုင်း ဖျန်းရင် ရပါတယ်။

80 လွန်ခဲ့သော ၁၀ နာရီ က

ဆေးဖျန်းဗုံ20လီတာဆို ရင် 1ဧက 4ဗုံးနှုန်းဖြင့် ဘယ်လောက်ထည့်ရမလဲ

You
663
လွန်ခဲ့သော ၁၀ နာရီ က · မိတ္ထီလာ

ရက်၉၀သားစပါးစိုက်ထားတာ ဘယ်ချိန်လောက်ဆိုအခင်းထဲကိုမဝင်သင့်လဲ

အပင်အာဟာရ စပါး
အတည်ပြုပြီး 1,110,579 လွန်ခဲ့သော ၁၀ နာရီ က

ထွန်ဝင်တာလား၊လူဝင်တာလား။ လူဝင်လို့ရပါတယ်ဗျ။

You
197
လွန်ခဲ့သော ၁၄ နာရီ က · ကြံခင်း

ဆာဖိုးသား ဘယ်စျေးပေါက်လည်းဗျ ရိတ်ကတော့မာမို့လို့ပါ စျေးကွာနေမာစိုးလို့

စိုက်ပျိုးစီးပွား စပါး
3,530 လွန်ခဲ့သော ၁၁ နာရီ က

ဆာဖိုးသားက စပါးမျိုးလား?

You
149
လွန်ခဲ့သော ၁၄ နာရီ က · ပြင်ဦးလွင်

ပေါင်းသတ်ဆေးဖြန်းလို့အဆင်ပြေအုံးမလားဗျ၁လသားတုန်းကကွန်းဟုပ်တစ်ကြိမ်ဖြန်းထားသေးလို့ကြွက်သတ်ဆေးကောဘာသုံးသင့်လဲဗျဘေးနားမှာကြက်ခြံရှိလို့

စိုက်ပျိုး ဗဟုသုတ ပြောင်း
Post image
149 လွန်ခဲ့သော ၃ နာရီ က

ဟုကဲ့ကျေးဇူးပါဗျ

အတည်ပြုပြီး 1,110,579 လွန်ခဲ့သော ၁၀ နာရီ က

အခုချိန်မှာ ပေါင်းမြက်ကို မနှိမ်နဲ့တော့။ပြောင်းပင်က လွှမ်းမိုးနိုင်ပါပြီ။ ကြွက်သတ်ဆေးအတွက်၊ဆိုင်တွေမှာ ရှိပါတယ်။သဘာဝဆေးသုံးချင်တော့ ပေါင်မုန့်ခြောက်နဲ့ မီးသေွးခဲ ကို အမှုန့်လုပ်ပြီး ကြွက်လမ်း/တွင်းဝမှာ ချထားပါ။

You
ဖြေလည်သော အဖြေရရှိပြီး
171
လွန်ခဲ့သော ၁၅ နာရီ က · ကဝ

ဆရာကြီးဗျာ မိုးရာသီစပါးဖုံးတဲ့အချိန် ပိုတက်မြေဩစာကျွေးထားp ရေဖောက်ချင်လို မြေဩဇာကျွေးpဘယ်နယ်ရက်နေမှ ရေဖောက်သင့်သလဲဗျ မြေဆီရေထဲပါသွားမလားစောစီဖောက်ရင်ဗျ ဆင်းသုခစပါးမျိုး

စိုက်ပျိုးနည်း စပါး
အတည်ပြုပြီး 320,945 လွန်ခဲ့သော ၁၄ နာရီ က
ဤအဖြေဖြင့် ပြေလည်

အနည်းဆုံး ၃-၅ ရက်ထိ ရေထိန်းထားပေးပါဗျ။

171 လွန်ခဲ့သော ၁၄ နာရီ က

ကျေးဇူပါ

You
108
လွန်ခဲ့သော ၁၅ နာရီ က · ကျောင်းကုန်း

ဒိုက်မြက်နဲ့ မြင်းစာမြက်ရှိတဲ့လယ်တေကို မတ်ပဲကျဲလို့သင့်တော်မလား

စိုက်ပျိုးနည်း မတ်ပဲ
299,759 လွန်ခဲ့သော ၁၄ နာရီ က

ပေါင်းမြက်များ အလွန်များပြားနေသော လယ်ကွင်းတွင် မတ်ပဲကို ခုတ်ဖုံးစနစ်ဖြင့် ကြဲပက်စိုက်ပျိုးမယ်ဆိုရင် လုံးဝမသင့်တော်ပါဘူး။ အကြောင်းမှာ ဒိုက်မြက်နှင့် မြင်းစာမြက်များသည် ပဲပင်ထက် စောစီးစွာ ပြန်လည်ရုန်းထွက်ကာ အလင်းရောင်နှင့် အာဟာရကို လုယူပြီး ပဲပင်ငယ်များကို လွှမ်းမိုးဖျက်ဆီးပစ်နိုင်တာကြောင့် ပါ။ အကယ်၍ စိုက်ပျိုးလိုပါက ပဲမျိုးစေ့ကို အရင်ကြဲ၊ စပါးရိုးပြတ် ခုတ်ဖုံးပြီးနောက် စိုက်ပြီး ၇ ရက်မှ ၁၅ ရက်အတွင်း ပဲပင်ကိုမထိခိုက်စေဘဲ မြက်ကိုသေစေသည့် ရွေးချယ် ပေါင်းသတ်ဆေး ကို မြေအစိုဓာတ်ရှိချိန်တွင် စနစ်တကျ ပက်ဖျန်းနှိမ်နင်းပေးရပါမယ်။သို့မဟုတ် မြေအစိုဓာတ် အခြေအနေပေးပါက ထွန်စက်ဖြင့် မြေကို တစ်စပ်ခန့် အပေါ်ယံမွှေပေးခြင်းဖြင့် ရှိပြီးသားမြက်များကို အမြစ်ပြတ်စေပြီးမှ မတ်ပဲကို စနစ်တကျ ကြဲပက်စိုက်ပျိုးနိုင်ရင်တော့အကောင်းဆုံးပေါ့။

You
ဖြေလည်သော အဖြေရရှိပြီး
8,444
လွန်ခဲ့သော ၁၇ နာရီ က · ချောက်

ဆရာ ဒီလိုမျိုးပြဿနာက ပျောက်ကင်းအောင် ထပ်ပြီးမပြန့်ပွားရအောင် တားဆီးလို့ရပါသလားခင်ဗျ ဒါမှမဟုတ် ဒီကောင်တွေက တစ်ခင်းလုံးကို ကူးစက်နိုင်ပါသလားဆရာ အဲ့ပုံစံအလုံးလေးတွေကိုတော့အဆက်မပြတ်ရှာဖွေ ခူယူပြီးအဝေးကိုလွှင့်ပစ်ပါတယ်ဗျ ဒါမဲ့ မနေ့ကအပြောင်းခူးပေမဲ့ ဒီနေ့အလိုအလုံးလေးတွေ ထပ်တွေ့နေရလို့ စိတ်ညစ်နေရပါတယ် မနေ့မနက်က ကယ်စီပလပ်နဲ့မင်းသား တွဲပီးဖျန်းထားပါတယ်ဗျ မိုးမရွာတာလဲ တစ်လခွဲလောက်ရှိပါပြီ အခြေနေတွေကြောင့်ရေလဲမတင်နိုင်ပါဘူးဆရာ အခုတော့ ကြည်လွဲရက်ရောက်ပီဆိုတော့ မိုးအဆက်မပြတ်ရွာနိုင်ပါတယ်ဆရာ မိုးရွာတာမဲ့ ပုံထဲက မော်နီတာ ဂျစ်ပ်ဆမ် ဖြူးပါမယ်ဆရာ အခုလဲ မိုးအုံ့လိုက် နေပူလိုက် မိုးပေါက်ကျလိုက်အလိုအနေထားရှိနေပါတယ် ပျောက်ကင်းအောင်ကုသလို့ရလား တားဆီးလို့ရလားဆရာ တစ်ခင်းလုံးကူးရင်တော့ ရင်ကျိုးရချည်ရဲ့ ခရမ်းချဥ်သီးကဘယ်နေရာမှအသုံးမဝင်တဲ့ ရောဂါဆိုးကြီးတစ်ခုပါပဲဆရာ

အပင်အာဟာရ ခရမ်းချဉ်
Post image
Post image
299,759 လွန်ခဲ့သော ၁၇ နာရီ က
ဤအဖြေဖြင့် ပြေလည်

ခရမ်းချဉ်သီးများတွင် ဖြစ်ပွားနေသော Blossom End Rot (ခရမ်းချဉ်ဖင်ပုပ်) ခြင်းသည် မှို သို့မဟုတ် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ကူးစက်ရောဂါမဟုတ်ဘဲ ရေရရှိမှုမမှန်ကန်ခြင်းကြောင့် ဖြစ်ရသည့် အာဟာရချို့တဲ့မှု (Physiological Disorder) သာ ဖြစ်ပါတယ်။ ထို့ကြောင့် တစ်ခင်းလုံးသို့ ပိုးကူးစက်သကဲ့သို့ ပြန့်ပွားသွားခြင်း လုံးဝမရှိနိုင်ပါဘူး။ လွန်ခဲ့သော ၁ လခွဲခန့် မိုးခေါင်ပြီး ရေမသွင်းနိုင်ခဲ့ခြင်းကြောင့် မြေကြီးခြောက်သွေ့ကာ အပင်၏အမြစ်မှ ကယ်လ်ဆီယမ် (Calcium) ဓာတ်ကို မစုပ်ယူနိုင်ဘဲ ဖြစ်ရခြင်း ပါ။ လက်ရှိတွင် ရောဂါဖြစ်ပြီးသား အသီးများကို ဆက်လက်ဆွတ်ခူးဖယ်ရှားပေးရမည်ဖြစ်ပြီး၊ နောက်ထွက်မည့် အသီးအသစ်များကိုမူ မိုးရွာသွန်းချိန်တွင် ဂျစ်ပ်ဆမ် (Gypsum) ကျွေးခြင်း၊ ကယ်လ်ဆီယမ် ရွက်ဖျန်းဆေးများ ဆက်လက်ပက်ဖျန်းခြင်းနှင့် မြေကြီးအစိုဓာတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်းတို့ဖြင့် ရာနှုန်းပြည့် အောင်မြင်စွာ တားဆီးကာကွယ်နိုင်ပါတယ်။

8,444 လွန်ခဲ့သော ၁၀ နာရီ က

ဟုတ်ကျေးဇူးပါဗျ

You
ဖြေလည်သော အဖြေရရှိပြီး
40
လွန်ခဲ့သော ၁၈ နာရီ က · ဒီပဲယင်း

ကြွက်တေကိုက်တယ်ဗျာဘာဆေးသုံးရမလဲပြောကြပါအုန်း

ပိုးမွှားရောဂါ စပါး
299,759 လွန်ခဲ့သော ၁၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

စပါးခင်းတွင် ကြွက်ကျရောက်ခြင်းသည် အပင်ခြေနှင့် စပါးနှံများကို ကိုက်ဖြတ်ဖျက်ဆီးသဖြင့် အထွက်နှုန်းကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ ၎င်းကို ပေါင်းစပ်ကာကွယ်ရန်အတွက် ကန်သင်းရိုးများကို ၁ ပေခွဲထက် မကျယ်စေဘဲ သေးကျစ်အောင် ပြုပြင်ပြီး ပေါင်းမြက်ရှင်းလင်းခြင်းဖြင့် ကြွက်ခိုအောင်းမည့်နေရာကို ဖျက်ဆီးရပါမယ်။ ထို့ပြင် တစ်ကွင်းလုံး စပါးကို ပြိုင်တူစိုက်ပျိုးခြင်း၊ လင်းမြွေ၊ ဇီးကွက် စသည့် သဘာဝရန်သူများကို ထိန်းသိမ်းခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်

9,638 လွန်ခဲ့သော ၁၆ နာရီ က

ကြွက်ကတော့ စားတာပဲမရဘူး ဗျာ

You
14
လွန်ခဲ့သော ၁၉ နာရီ က · ဆားလင်းကြီး

မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ

မြေဆီလွှာ ကုလားပဲ
299,759 လွန်ခဲ့သော ၁၈ နာရီ က

မြေသန်ဆေးဆိုတာဘာကိုပြောတာလဲဗျ

3,489 လွန်ခဲ့သော ၁၈ နာရီ က

ကွန်ပေါင်းမြေသြဇာကိုပြောတာလား?

You
197
လွန်ခဲ့သော ၁၉ နာရီ က · ကြံခင်း

ပဲပုပ်နှင့် ပဲငပိကတူတူပဲလားဗျ ဒီဆေးတေသုံးလို့ရလားဗျ

စိုက်ပျိုး ဗဟုသုတ ပဲပုပ်
Post image
Post image
299,759 လွန်ခဲ့သော ၁၇ နာရီ က

Haloxyfop-p-methyl 10.8% EC အမျိုးအစား ဖြစ်ပြီး ပင်လုံးပြန့် အာနိသင်ရှိ ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်ပါတယ်။ပဲပိစပ်ခင်းအတွင်း၌ မြက်ကဲ့သို့သော ရွက်ကျဉ်းပေါင်းများ ပေါက်ရောက်နေပါက Haloxyfop-p-methyl 10.8% ECဆေးကို အသုံးပြုနိုင်ပါတယ်။ ပဲပိစပ် (Horse Gram) သည် ပဲမျိုးရင်းဝင် ဖြစ်သော်လည်း ပဲပုပ် တို့နှင့် အပင်၏ ခံနိုင်ရည် သဘာဝ မတူညီပါဘူး။Fomesafen ဆေးအမျိုးအစားသည် ပဲပုပ် (Soybean) စိုက်ခင်းများတွင် ရွက်ပြန့်ပေါင်း နှိမ်နင်းရန် အဓိက အသိအမှတ်ပြု ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ပဲပိစပ် (Horse Gram) အပင်ကို ဆေးလောင်ခြင်း၊ ကြီးထွားမှု ရပ်တန့်ခြင်း သို့မဟုတ် အပင်သေစေခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ (Phytotoxicity) ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ် ရှိပါတယ်။အကယ်၍ မဖြစ်မနေ သုံးစွဲလိုပါက စိုက်ခင်း၏ ထောင့်စွန်း သို့မဟုတ် ပေါင်းပင်ထူထပ်သော နေရာအနည်းငယ် (အပင် အနည်းငယ်ခန့်) တွင်သာ ဆေးနှုန်းထား အနည်းငယ်ဖြင့် စမ်းသပ်ပက်ဖျန်းပြီး (၃) ရက်မှ (၅) ရက်ခန့် စောင့်ကြည့်ပါ။ ပဲပိစပ်ပင် ထိခိုက်ပျက်စီးမှု မရှိမှသာ တစ်ခင်းလုံးကို ဆက်လက် ဖျန်းသင့်ပါတယ်။ အနှစ်ချုပ်ရရင် Haloxyfop-p-methyl 10.8% ECကိုစိတ်ချစွာသုံးလို့ရပါတယ်၊ သူကတော့ မြက်အုပ်စုသာနိုင်ပါတယ်၊ မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုတော့ ထိရောက်မှုမရှိပါ။ Fomesafenကတော့သုံးစွဲလို့မရပါဘူး၊သူကရွက်ပြန့်တွေနှိမ်နင်းနိုင်ပါတယ်။ အကယ်၍Fomesafenကိုသုံးစွဲမယ်ဆိုရင်လည်း အထက်ကပြောသလို နေရာထောင့်စွန်းအနည်းငယ်ကိုအရင်စမ်းသပ်ပြီးမှသာသုံးစွဲပါ။ကျွန်တော့်လေ့လာမှုအရကတော့ Fomesafenသုံးစွဲလို့မရပါဘူးခင်ဗျာ

အတည်ပြုပြီး 320,945 လွန်ခဲ့သော ၁၉ နာရီ က

ပဲပုပ် နဲ့ ပဲငပိ (ပဲပိစပ်) က မတူပါဘူးဗျ။ ဒီဆေးက ရွေးချယ်ဆိုပေမယ့် ပဲငပိကို ရွေးချယ်မချယ်တော့ ကျွန်တော်လည်း သေချာမသိတာမို့ အပင်အနည်းငယ်ကို အရင်စမ်းကြည့်ပါဗျ။ ပဲပိစပ်နဲ့ပဲပုပ်

You
ဖြေလည်သော အဖြေရရှိပြီး
70
လွန်ခဲ့သော ၁၉ နာရီ က · သာယာဝတီ

နှိမ်နင်းရခက်တဲ့ဗီဇပြောင်းတက်ပွတ် တက်ကားကိုထိထိရောက်ရောက်နှိမ်နင်းနိုင်တဲ့ဆေးပေါ်ပြီလားဗျ

စိုက်ပျိုး ဗဟုသုတ စပါး
3,489 လွန်ခဲ့သော ၁၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

ရေသာအပြည့်ထည့်ထားလိုက်ပါ။ နိုင်ပါတယ်။

299,759 လွန်ခဲ့သော ၁၇ နာရီ က

တက်ပွတ်မြက်ကို နှိမ်နင်းရန်အတွက် ယခင်သုံးနေကျ မဟုတ်သည့် လုပ်ဆောင်ချက်ယန္တရားသစ်ပါသော ပေါင်းသတ်ဆေးများကို ပြောင်းလဲအသုံးပြုရပါမယ်။ လက်ရှိတွင် အပင်ပေါက်ပြီးအဆင့်အတွက် Cyhalofop-butylသို့မဟုတ် Quinclorac + Bensulfuron-methyl သို့မဟုတ် Fenoxaprop-P-ethyl (ဖီနိုဆာပရော့ပ်-ပီ-အီသိုင်း) ဆေးများသည် တက်ပွတ်မြက်အတွက် အထိရောက်ဆုံးဖြစ်ပြီး ဆေးဖျန်းရာတွင် ဆေးစိမ့်ဝင်မှုအားကောင်းစေရန် စွဲကပ်ဆေး မဖြစ်မနေ ရောစပ်ဖျန်းရပါမယ်။ ဆေးဖျန်းပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း လယ်ကွက်ထဲသို့ ရေ ၄ လက်မခန့် သွင်း၍ အနည်းဆုံး ၇ ရက်ခန့် ရေလှောင်ထားခြင်းဖြင့် ပေါင်းစေ့များ ထပ်မံအပင်ပေါက်လာခြင်းကို ထိရောက်စွာ ဟန့်တားနိုင်ပါတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
9,638
လွန်ခဲ့သော ၁၉ နာရီ က · မအူပင်

ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱

မြေဆီလွှာ မတ်ပဲ
299,759 လွန်ခဲ့သော ၁၆ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

9,638 လွန်ခဲ့သော ၁၆ နာရီ က

ဟုတျ ကဲ့ ပါ

You
ဖြေလည်သော အဖြေရရှိပြီး
1,799
လွန်ခဲ့သော ၂၀ နာရီ က · ပွင့်ဖြူ

ပုံပါအတိုင်းရွက်ဖျားလေးတွေချောက်နေလို့ဘက်တီးရီးယားရွက်ခြောက်ကျတာလားခဗျ၅၈ရက်သားရှိပါပြီအခင်းက၄၅ကပဲ၁၅ပတ်လည်ကျွေးထားတာပါ

အပင်အာဟာရ စပါး
Post image
Post image
Post image
Post image
Post image
299,759 လွန်ခဲ့သော ၁၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

စပါးခင်းတွင် ရွက်ဖျားနှင့် အနားသတ်များ ဝါခြောက်နေခြင်းမှာ ပိုတက်ဆီယမ်ဓာတ် လိုအပ်နေခြင်း ကြောင့် ဖြစ်ပါတယ်။ ၎င်းကို ကုသရန်အတွက် တစ်ဧကလျှင် ပိုတက်ဆီယမ် (MOP) ၁၅-၂၀ ပေါင် ကို ဂျစ်ဆမ် အိတ်ဝက်၊ အပင်ပွားအားကောင်းစေမည့် ယူရီးယား (ပုလဲ) သို့မဟုတ် ၁၅ ပတ်လည် ၁၅-၂၀ ပေါင် တို့နှင့် သမအောင်ရောစပ်၍ မြေဆီလွှာစိုစွတ်ချိန် ရေစပ်စပ်တွင် ကြဲပက်ကျွေးရပါမယ်။ အရွက်များ လျင်မြန်စွာ ပြန်လည်စိမ်းလန်းလာစေရန်အတွက် ပိုတက်ဆီယမ် အချိုးအစားမြင့်မားသော ရွက်ဖျန်းမြေဩဇာကိုပါ တွဲဖက်ဖျန်းပေးခြင်းဖြင့် အာဟာရချို့တဲ့မှုကို အမြန်ဆုံး သက်သာစေနိုင်ပါလိမ့်မယ်။

1,799 လွန်ခဲ့သော ၁၁ နာရီ က

ပေါင်၂၀ဆိုပြည်ချင်နဲ့ဘယ်လောက်ရှိမလဲခဗျပုလဲရောပိုတက်ရော

You
Question image

မေးခွန်း

7,288
လွန်ခဲ့သော ၈ နှစ် က · သန်လျှင်

မာလကာကိုင်းခြာက်ပြီးသောတာ ဘာကြောင့်လဲ သိချင်ပါတယ် ခင်ဗျ

ပိုးမွှားရောဂါ မာလကာ
3,655 လွန်ခဲ့သော ၈ နှစ် က

anthracnose & dieback မှိုရောဂါပါ အပင်ကို အကွာအဝေးစိတ်စိတ် စိုက်ရင် ကိုင်းဖြတ်ပြုပြင် ပေးခြင်း မလုပ်ရင် ဖြစ်တာပါ။ ရောဂါက အရွက်မှာ ကျတဲ့ အခါ အပင်က ခံနိုင်ရည်မရှိတဲ့အချိန် သေပါတယ်။ ခံနိုင်ရည်ရှိတဲ့အပင်ဆိုရင် အသီးသီးပြီး အသီးပေါ် မှာ အစက်ပြော မှိုရောဂါဖြစ်စေပါတယ် စနစ်တကျ ကိုင်းဖြတ်ပြုပြင်ခြင်း ပြုလုပ်ပါ။ ရောဂါကျ အစိတ်ပိုင်းများဖယ်ရှားပါ။ ဘော်ဒိုဆေးရည် သို့ ကော့ပါးပါသောမှိုသတ်ဆေး ဖြန်းနိုင်ပါ တယ် ai carbendazim ပါသော မှိုသတ်ဆေးကို ဇူလိုင်နဲ့ စက်တင် ဘာလများတွင်ဖြန်းပါ။ လေကြောင့်ပြန့်နှံသောရောဂါဖြစ်လို့ စိုက်ခင်းအတွင်း ရောဂါကျ အသီးအရွက် မရှိအောင် ဂရုစိုက်ပါ။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။