ပဲပိစပ်နဲ့ပဲပုပ်

15/01/2018 15:24 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိုက်ပျိုးရေးဘွဲ့ရတွေက တော်တော်များများသိကြပါတယ်။ ခက်တာကပြင်ပလုပ်ငန်းရှင်တွေ၊ ကျွန်တော်လည်း အမှားတွေ့ရင်မနေတတ်ဘူး၊ ပဲဆီကြော်ငြာတွေဖတ်မိကတည်းက ရင်ထဲမှာကလိကလိဖြစ်နေတာ။ အဲဒါနဲ့ ဘုရင်နောင်က ဆီစက်ရုံးခွဲကို လယ်ယာစီးပွားမှာပါတဲ့ ခင်လေး (YAU)ရဲ့ ပဲပိစပ်နဲ့ပဲပုပ်အကြောင်း ဆောင်းပါးကို ကူးပြီး စာတိုက်က မှတ်ပုံတင်ပို့ခဲ့တယ်၊ ရောက်ရဲ့လားတော့မသိ။ ပဲပုပ်ကို ဘာလို့ပဲပိစပ်လို့မှားကြတာလဲ၊ အဖြေရှာတော့ ဦးထွန်းငြိမ်းအဘိဓါန်ကစတာ အဲဒီမှာ Soy bean ကို ပဲပိစပ်လို့ ဘာသာပြန်ထားတာလေ၊ ဆရာကြီးက စိုက်ပျိုးရေးသမားမဟုတ်လို့ ပညာရှိသတိဖြစ်ခဲနေမှာပါ။ ဒါကိုဆက်ပြီးတော့ စိုက်ပျိုးရေးလည်းမသိ ပိုက်ဆံဘဲသိတဲ့ ဆွေမျိုးပေါက်ဖေါ်အစစ်တွေရော ကပြားတွေရော ဆက်မှားကြတယ်။ ပဲပိစပ်ဆီစက်ရုံဖွင့်ပွဲတဲ့ အကြီးအကဲတွေ ဖဲကြိုးဖြတ်ခဲ့ကြတယ်။ ဗီနိုင်းတွေကြော်ငြာတွေမှာ ပဲပိစပ်ဆီသန့်တဲ့၊ TV မှာပါကြော်ငြာတာနော်။ လောလောဆယ်တွေ့တာက ရွှေသြဇာ ကြော်ငြာစာအုပ်မှာ၊ ပဲပိစပ်(ပဲပုပ်)ပင်လို့ စာမျက်နှာ (၇)မှာ ဓါတ်ပုံနဲ့ပြထားတာ။ ပဲပိစပ်ကိုဆီကြိတ်လို့ ဆီမထွက်တာသူတို့မသိကြ၊ ပဲပိစပ်က ညောင်ဦးမှာ ပုန်းရည်ကြီးလုပ်တာလေ၊ ပဲပိစပ်နဲ့ လုပ်တဲ့ ပုန်းရည်ကြီးကမှ ကောင်းတာ။ မှတ်မိသေးတယ် ကျွန်တော်ဒုတိယတန်းအရွယ် ၁၉၆၇ ခုနှစ်ဘဲထင်တယ်၊ အညာမှာဆန်ဝယ်မရတော့ ပဲပိစပ်ကို ပြုတ်နေလှန်းပြီး ထမင်းမှာခု (ရော)ပြီးချက်တယ်။ နှစ်လွန်းတင်ပေါ့။ တစ်ချို့လည်းဆန်ရယ် ပြောင်းဆန်ရယ် ပဲရယ် ရောချက်ကြတယ်။ သုံးလွန်းတင်ပေါ့။ ပိုဆိုးလာတော့ ဆန်ပြုတ်သောက်ရတယ်။ ပြန်စဉ်းစားရင် စိုက်ပျိုးရေးနိုင်ငံကအညာတောင်သူတွေဘဝ ရင်နာစရာ။ ရေးရင်းနဲ့လမ်းလွဲသွားအုံးမယ်၊ ပြောချင်တာက ပဲပုပ်ကို ပဲပိစပ်လို့လွဲရေး လွဲသိနေတဲ့ကိစ္စပါ။ သိနေတဲ့ စိုက်ပျိုးရေးပညာရှင်တွေက ပြင်ပေးစေချင်တဲ့စေတနာပါ။ ပဲပုပ်ကဘဲ ဆီကြိတ်ရတာ။ တကယ်ဆို ပဲငပိလို့ ရေးရင်တော်သေး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (စိုက်ပျိုးရေးဦးစီးဌာန)၊ စီမံကိန်းဌာနခွဲ က ထုတ်တဲ့” မြန်မာနိုင်ငံအတွင်းရှိ အရေးကြီးပင်များ၏ ရုက္ခဗေဒဆိုင်ရာ အမည်များနှင့် မျိုးရင်းအမည်များ” စာအုပ်ရဲ့အမှတ်စဉ် ၉၄၂မှာ ပဲငပိ Soy bean ၊ ၉၅၅ မှာ ပဲပိစပ် Horse gram ၊ ၉၅၈မှာ ပဲပုပ် Soy bean မျိုးစု မျိုးစတ်နဲ့ မျိုးရင်းတွေ ဖေါ်ပြထားပါတယ်။ ပဲငပိနဲ့ ပဲပုပ် ဟာ အတူတူဖြစ်ပြီး ပဲပိစပ်က သီးသန့်ပါ။ ပဲပုပ် (ပဲငပိ)ကို သိနေကြတော့ ပဲပိစပ်ပုံတွေ ရှာတင်ပေးလိုက်ပါတယ်။ နောင်မမှားရအောင် မိမိဝန်းကျင်ကို ပြင်ပေးစေလိုပါတယ်။

သုတစိုး(နှစ်ရှည်ပင်)

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်