ဖြေကြားချက် ၂ ခု
ခရုကျတာ တော်တော်လည်း စိတ်ညစ်ဖို့ကောင်းတယ် မစိုက်ခင် ထုံးကြဲပါ ရေပေါက်တွေ စကာတပ်ပါ ရေနက်ကွင်း ကန်သင်းရေကျော်နေတဲ့ ကွင်းတွေဆို အတော့ကို လုပ်ရတာ ခက်ခဲပါတယ် ဘဲ လွှတ်ကျောင်းပါ ပျိုးသက်ကြီးမှ စိုက်ပျိုးပါ
ရွှေခရုဟာ ပေါက်ဖွားနှုန်း အရေအတွက်များတဲ့အတွက် ဉမြုံဘ၀တည်းက နှိမ်နင်းသင့်ပါတယ်ရှင့်။ ဥဥချ ထားတဲ့ စပါးပင်တွေကို ချိုးပြီးဖြစ်စေ၊ ဉချရန် ငုတ်တိုင်များ သီးသန့်ထောင်ထားပြီး ဖြစ်စေဖယ်ရှားနှိမ်နင်းနိုင်ပါတယ်။ အရွယ်ရောက်ခရုများကိုလည်း ရေထုတ်ပြီးတဲ့အခါ ပေါ်နေတဲ့ ခရုတွေကိုလူအင်းအား သုံးပြီးကောက်ယူ ဖျက်ဆီးပေးနိုင်ပါတယ်။ ဒါမှမဟုတ် ဘဲများကို စပါးခင်းအတွင်း လွှတ်ကျောင်းပေးခြင်းကလည်း ထိရောက်ပါတယ်။ သင်္ဘောသီး၊ နာနတ်သီး၊ ဖရဲသီး အခွံများကို စိုက်ခင်းအတွင်း ကြဲပက်ပြီး ခရုများကို အစာဖြင့်မျှားပြီး ဖမ်းဆီးစုဆောင်း နှိမ်နင်းနိုင်ပါတယ်။ ရေသွင်း ရေထုတ်ပေါက်များမှာလည်း ခရုများကိုဖမ်းဆီးနိုင်ပါတယ်။ခရုအတွက် သီးသန့်ထုတ်ထားတဲ့ ထိသေစားသေဆေးများ သုံးပြီးလည်း နှမ်နင်းနိုင်ပါတယ်ရှင့်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒိုက်ဦးကတော့ စုပေါင်းနှိမ်နင်းနေပါပြီ။ ကျန်တဲ့ မြို့နယ်တွေက တောင်သူတွေရော စနေကြပြီလားဗျ။ ဓာတ်ပုံ - ဆရာမညိုမီ...
ဖြေကြားချက် 2 ခု
ခရုကို နိုင်မဲ့နည်းလေးပြောပေးကြပါ စပါးဘယ်လိုမှကြဲမရလို့ပါ
ဖြေကြားချက် 5 ခု
စပါးပင်တွေရွှေခရုဖျက်စီးနေလို့ပါဘယ်ဆေးသုံးရမလဲကူညီကျပါအုံး
ဖြေကြားချက် 1 ခု
စပါးစိုက်ရာ မှာ ရွှေခရု ကျတာကို ဘယ်လို တားဆီးလို့ ရလဲ ကျေးဇူးပြု ဖြေပေးပါခင်ဗျာ
ဖြေကြားချက် 1 ခု
ရွှေခယု့သပ်တဲ့စေးများရှိယင်လမ်းညွန်ပေကြပါအုန်း
ဖြေကြားချက် 1 ခု