အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၆ နှစ် က · ကျောက်တံခါး

နံ့သာဖြူ ပျိုးနည်းနဲ့ စိုက်ဖို့သင့်တော်တဲ့ မြေအနေထားလေး ပြောပြပေးပါဦးခင်ဗျ

စိုက်ပျိုးနည်း ဆား
2

ဖြေကြားချက် ၂ ခု

290 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးတင်ပါတယ် ခင်ဗျာ

80,436 လွန်ခဲ့သော ၆ နှစ် က

နံ့သာဖြူပင်သည်ဂဝံဆန်သောမြေနီ၊ခဲမြေ လျှော်မြေစသည့်မြေများ၌စိုက်ပျိုးရန်သင့်လျော်သည်။ စိမ့်မြေ၊လယ်မြေတို့တွင်စိုက်ပျိုး၍မရပါ။ နုန်းစပ်မြေနုများတွင်စိုက်ပျိုးဖြစ်ထွန်းသော်လည်း အဆီပါဝင်မှုနည်း၍ရနံ့သိပ်မရှိပါ။ မိုးဦးကျဇွန်လမှအောက်တိုဘာလအတွင်း စိုက်ပျိုးသင့်ပါသည်။စိုက်ပျိုးမြေတွင် အကျယ်၁ပေခွဲ×အနက်၂ပေခန့်ကျင်းများတူး၍ ကြက်ချေး(၁)ဗူး၊ဖွဲပြာ (၂)ပြည်အားထည့်၍ မြေနှင့်သမကာအောက်ခံအဖြစ်ထည့်ပါ။ မူလအပေါ်ယံမြေကိုထပ်မံဖြည့်ပြီးကျင်းကို ရေလောင်း၍၃-၄ရက်ခန့်နှပ်ထားပြီးအပင်များအား စတင်စိုက်ပျိုးပါ။ တစ်ပင်နှင့်တစ်ပင် ၅ပေခွာ(သို့မဟုတ်) တန်းကြား×ပင်ကြား-၆ပေ×၄ပေခွာ၍စိုက်ပါ။ နံသာဖြူပင်သည်နေရောင်ခြည်ကောင်းစွာရ၍ ပူအိုက်စွတ်စိုသောရာသီဥတုကိုနှစ်သက်သည်။ တစ်ပေခွဲ-နှစ်ပေအရွယ်ရှိအပင်များကို စတင်စိုက်ပျိုးသင့်ပါသည်။ ပေါင်းမြက်များမရှိအောင်ရှင်းလင်းပေးရပါမည်။ Source:ကျော်ထွန်းဝင်း(ဝင်းသစ်မွှေး)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။