အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

သဲဆန်​​သော​မြေမှာ ကွမ်​းစိုက်​ပျိုးရန်​သင့်​မသင်​့သိပါရ​စေ။​နွေဘက်​ဆိုရင်​​ရော ကွမ်​းပင်​စိုက်​ပ​ျိုးလို့ ရ...

သဲဆန်​​သော​မြေမှာ ကွမ်​းစိုက်​ပျိုးရန်​သင့်​မသင်​့သိပါရ​စေ။​နွေဘက်​ဆိုရင်​​ရော ကွမ်​းပင်​စိုက်​ပ​ျိုးလို့ ရနိင်​ပါမလား သိပါရ​စေ

စိုက်ပျိုးနည်း ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ

ဖြေကြားချက် ၁ ခု

27,452 လွန်ခဲ့သော ၈ နှစ် က

သဲဆန်လွန်းတဲ့ မြေမျိုးမဖြစ်ရင်အဆင်ပြေပါတယ်။ စိုက်မယ်ဆိုရင်လည်း မြေကို သေချာပြင်ပေးဖို့လိုအပ်ပါတယ်။ သဲဆန်တဲ့ မြေက ရေထိန်းနိုင်စွမ်းနည်းတော့ ရေထိန်းထားနိုင်အောင်နဲ့ မြေဆီသြဇာတွေ မြေအောက် စိမ့်မဆင်းသွားအောင် သစ်ဆွေးမြေ များများထည့်ပေးသင့်ပါတယ်။ သစ်ဆွေးမြေက အပင်အတွက် အဟာရဖြစ်သလို အစိုဓာတ်နဲ့ အဟာရတွေကို အပင်ကရရှိအောင် ထိန်းထားပေးနိုင်ပါတယ်။ ကွမ်း (၁၀၀၀) ခြံကို သစ်ဆွေးမြေ (၁၀) တင်းကနေ တင်း (၅၀) ထိ ထည့်ပေးပါ။ အရမ်းစေးလွန်းတဲ့မြေမှာလည်း မသင့်တော်ပါဘူး။ ကွမ်းက ရေကြိုက်ပေမယ့် အစိုဓာတ်များလွန်းရင် ရောဂါဖြစ်ဖို့ ပိုလွယ်ကူပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။