ဖြေကြားချက် ၃ ခု
စပါးဆစ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ ယခုဆောင်းပါးလေးထဲမှာလည်း ထပ်မံလေ့လနိုင်ပါတယ်ဗျ
ဆစ်ပိုး ဖလံအမတစ်ကောင်ဟာဥ ၁၀၀မှ၂၀၀ထိအုတတ်ပါတယ်.အဲဒီဥကပေါက်လာတဲ့ ပိုးလောက်ကောင်ကဖျက်ဆီးတာမို့ ဖလံအမတွေကိုအဓိကနှိမ်နင်းရပါမယ်.အပင်ငယ်စဥ်ကတည်း က ထိသေစားသေပိုးသတ်ဆေးတစ်မျိုးမျိုးပက်ဖျန်းပြီးကာကွယ်ထားရပါမယ်.တမာပိုးကာကွယ်ဆေးကို၇ရက်တစ်ခါဖျန်းပေးသင့်ပါတယ်။အဝါရောင်ပိုးထောင်ချောက်ကဒ်ပြားတွေ ၁၀ပေခန့်စီခြားပြီးစိုက်ထူထားပေးသင့်ပါတယ်.ဒီအဝါရောင်ကဒ်ပြားတွေက ဖလံအမတွေကိုဆွဲဆောင်တာကြောင့်ဖလံအမတွေဟာကဒ်ပြားရဲ့ကော်တွေမှာလာကပ်နေပါလိမ့်မယ်။နောက်တစ်ခုကတော့စုပေါင်းမီးထောင် ချောက်ထွန်းတာပါဘဲ။စိုက်ခင်းကိုပိုတက်မြေသြဇာပိုကျွေးပေးပါ.ပိုတက်ကရောဂါပိုးမွှားဒါဏ်ပိုခံနိုင်ပါတယ်။စိုက်ခင်းကိုစက်ဖွဲပြာထည့်ပေးပါ။
စပါးဆစ်ပိုးက နိုက်ထရိုဂျင်များလေ ပိုကြိုက်လေမို့ နိုက်ထရိုဂျင်ကို လိုအပ်မှ ကျွေးပေးပါ။ ပျိုးခင်းက ရွှေ့စိုက်ချိန်မှာ ဆစ်ပိုးဥတွေ ပါမလာအောင် စပါးရွက်ထိပ်တွေကို ဖြတ်ပေးပါ။ ဆစ်ပိုးကို စားသောက်နိုင်တဲ့ အကျိုးပြုမိတ်ဆွေပိုးတွေ နေနိုင်အောင် နေကြာ၊ရုံးပတီတို့ကို အခင်းပတ်လည်မှာ စိုက်ပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါး ဆစ်ပိုးအဖြူ ကျရောက်နေပါတယ်
ဖြေကြားချက် 1 ခု
ဆင့်ပိုးကိုဘယ်လိုကာကွယ်ရမလဲဆရာတို့
ဖြေကြားချက် 1 ခု
hello. ကျွန်တော် စပါးပင် ဘာတွေ့ဖြစ်တာလဲမသိဘူး ?
ဖြေကြားချက် 3 ခု
စပါးဆစ်ပိုးကိုကြိုတင်ကာကွယ်နည်းသိချင်ပါတယ်ခင်ဗျကျွန်တော်တို့ကွင်းမှာပေါ်ဆန်းစပါးဆိုဆစ်ပိုးကျလို့ပါသဘာဝဆေးနည်း...
ဖြေကြားချက် 1 ခု
ဆစ်ပိုးအမြစ်ပြတ်အောင်ဘယ်လိုကာကွယ်ရမလဲဆရာတို့
ဖြေကြားချက် 2 ခု