အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
812
လွန်ခဲ့သော ၆ နှစ် က · ပြည်

ထုံးက ဘယ်လိုမြေအမျိုးအစားကိုထည့်သင့်လဲ ထုံးက မြေကြပ်စေတယ်ဆိုတာ ဟုတ်ပါသလား ကုန်းဆန်တဲ့မြေဆိုရင် ထုံးထည့်လို့အ...

ထုံးက ဘယ်လိုမြေအမျိုးအစားကိုထည့်သင့်လဲ ထုံးက မြေကြပ်စေတယ်ဆိုတာ ဟုတ်ပါသလား ကုန်းဆန်တဲ့မြေဆိုရင် ထုံးထည့်လို့အဆင်ပြေနိုင်သလားရှင့်

မြေဆီလွှာ စပါး ထုံး
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မြေချဥ်ငန်ကိန်း ၇အောက်ရောက်နေသောမြေများပြုပြင်ရာတွင် ထုံးကိုအသုံးပြုကြပါတယ်။မြေချဥ်တာကိုအကြမ်းဖျဥ်းခန့်မှန်းနိုင်တာက..ကိုင်းပင်,ဍရင်ကောက်ပင်,ဘိစပ်ပင်တွေပေါက်နေတဲ့မြေတွေက မြေချဥ်တွေပေ့ါ။နောက်တစ်ခုက ရေနေရေထိုင်ကာလကြာရှည်တဲ့မြေတွေ,မိုးများတဲ့ဒေသမှာရှိတဲ့ကုန်းစောင်းမြေတွေဟာချဥ်တတ်ပါတယ်။ကုန်းဆန်တဲ့မြေဖြစ်ပြီးမိုးနည်းတယ်ဆိုရင်တော့ထုံးကိုမသုံးသင့်ပါဘူး။နွားချေး/ကြက်ချေး, မြေဆွေး,သစ်ရွက်ဆွေး,စက်ဖွဲပြာများ, ပဲမှော်များထည့်ပေးနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။