စာကိုသေချာစွာဖတ်ရှုကြပါ.... #စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ က ထုတ်ပြန်သော.... "ကန္တာရကျိုင်း...
စာကိုသေချာစွာဖတ်ရှုကြပါ.... #စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ က ထုတ်ပြန်သော.... "ကန္တာရကျိုင်းကောင် (နှံကောင်) Desert Locust အန္တရာယ် အသိပေးနှိုးဆော်ချက်....." ????????????????? ၁- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏အိမ်နီးနားချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံများတွင် ကန္တာရကျိုင်းကောင်(နှံကောင်)Desert Locust များကျရောက်ဖျက်ဆီးလျက်ရှိကြောင်းသိရှိရပါသည်.... ၂ အဆိုပါနိုင်ငံများနှင့်နယ်နမိတ်ချင်းထိစပ်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင် ကျိုင်းကောင်များ..အများအပြားကျရောက်လျက်ရှိကြောင်းလူမူကွန်ယက်စာမျက်နှာများတွင်ဖော်ပြနေကြပါသည်.... ၃- မြန်မာနိုင်ငံအတွင်းလက်ရှိကျရောက်လျက်ရှိသော ကျိုင်းကောင်များသည် ကန္တာရကျိုင်းကောင်(နှံကောင်) Desert Locust များ ဟုတ်/ မဟုတ်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအရ.. နိုင်ငံအတွင်းရှိနှင့်နေပြီး အမျိုးအစားများဖြစ်ပြီး ကန္တာရကျိုင်းကောင်(နှံကောင်) Desert Locust မဟုတ်ကြောင်းတွေ့ရှိရပါသည်... ၄-သို့ပါ၍ မိမိဒေသ၌နိုင်ငံအတွင်းမရှိသော ကန္တာရကျိုင်းကောင်(နှံကောင်)များ ကျရောက်မူကိုတွေ့ရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ၊ခရိုင် ၊မြို့နယ် အဖွဲ့အစည်းများနှင့် ညှိုနှိုင်း၍သတိထားစောင့်ကြည့်ပါရန်နှင့် ထူးခြားမူသံသယရှိဖွယ် နှံကောင်များတွေ့ရှိပါက အထက်ဌာနအဆင့်ဆင့်သို့ အမြန်ဆုံးသတင်းပို့ရန် အကြောင်းကြားပါသည်... စိုက်ပျိုးရေးဦးစီးဌာန... သီးနှံကာကွယ်ရေးဌာနခွဲ... Credit: Dr Ko Ko