ကျနော့် လယ်ကွက်ထဲမြေခံအဖြစ် ဖော့စဖိတ်ရပ် နဲ့ ဂျစ်ပဆန်ကျောက်မှုန့်ဘဲ ထည့်ဖြစ်လိုက်တယ် ပိုတက် ကို မြေခံအဖြစ် မထည့်မိလိုဘူး ဘာဖြစ်နိုင်မလဲ ဘာဆက်လုပ်သင့်လဲ ဘယ်လို ပြန်ကုစားနိုင်မလဲ အကြံလေးပြုပေးကြပါဗျား စိုက်ပြီး 7ရက်ရှိပါပြီ
ပိုတက်ကတော့ မြေခံကတည်းက ထည့်ပေးသင့်တာပါ ဘာလို့ဆို အပင်လေးတွေနုစဉ်မှာ ယိုင်လဲမသွားအောင် ပင်စည်တောင့်နေအောင် ဆဲလ်တွေခိုင်မာအောင် ရောဂါဒဏ် ရာသီဥတုဒဏ် ခံနိုင်ရည် ရှိနေအောင် ထည့်ပေးကြတယ် ပြီးတော့ ပိုတက်ရှ်က အခြားမြေသြဇာတွေနဲ့ မတူတာက လေလွင့်ဆုံးရှုံးမှု မရှိဘဲ ကိုယ်ကျွေးရင် ကျွေးသလောက် အပင်က ရယူနိုင်ပါတယ် အဲ့ဒါကြောင့် ခဏခဏ ကျွေးပေးလို့ရပါတယ် ပြီးတော့ စပါးမှာဆိုရင် စပါးနှံမထွက်ခင် အချိန်မှာလည်း ကြိုပြီး ထည့်ပေးလို့ရပါတယ် ဘာလို့ဆို စပါးအနှံကနေရမယ့် စပါးစေ့တွေမှာ အကျိုးအကြေမပါအောင် စပါးနှံတွေ လေးလာချိန်မှာ အပင်မယိုင်အောင် ပင်စည်တွေ တောင့်တင်းနေအောင် ကူညီပေးလို့ပါ ပြန်ကုစားဖို့နည်းကတော့ ပိုတက်မြေသြဇာ ပြန်ထည့်ပေးတာရယ် ကောက်ရိုးထည့်တာရယ် လုပ်ပေးလို့ရပါတယ် ပိုတက်က စပါးပင်သက်တမ်းတစ်လျှောက်မှာ လိုအပ်မှု ပမာဏ များတာမလို့ မကြာခဏ ထည့်ပေးလို့ရပါတယ်
ဆက်စပ်မေးခွန်းများ
အပေါ်မြေကြီတွေ ထွန်စက်နဲ တွန်တင်ထားတာဘာ စပါးစိုက်ဖို့ ဘာမြေသြစာ သုံးရမလဲ
ဖြေကြားချက် 4 ခု
ပိုတက်စ်နဲ့ဂျပ်ဆင် ဘယ်ဟာကမြေခံအတွက်ပိုသင့်တော်မလဲခင်ဗျ
ဖြေကြားချက် 3 ခု
စပါးစိုက်ရင် ဘာမြေသြဇာထည့်ရင်ကောင်းသလဲ
ဖြေကြားချက် 1 ခု
မြေချဥ်တဲ့လယ်ကို ဆားနဲ့ထုံးကိုရောပက်လို့ရလားခဗျ မြေချဥ်တဲ့ကိရီယာနဲ့တိုင်းပီးထည့်မှာပါခဗျ
ဖြေကြားချက် 2 ခု
kကိုပမာဏများများကျွေးရင်မြေခံမှာတစ်ဝက်နဲ့အနှံထွက်ချိန်မှာကျန်တစ်ဝက်ကိုကျွေးရတယ် နည်းနည်းပဲကျွေးရင်မြေခံမှာအ...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။