အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၆ နှစ် က · ယင်းမာပင်

နှမ်းပင်အဲဒီလိုဖြစ်နေတာ ဘာဆေးသုံးရမလဲဗျ

ပိုးမွှားရောဂါ နှမ်း စုပ်စားပိုးပြဿနာ
Post image
2

ဖြေကြားချက် ၂ ခု

5,176 လွန်ခဲ့သော ၆ နှစ် က

စုပ်စားပိုးများကျ​ရောက်​နေတဲ့ လက္ခဏာပါ။စုပ်စားပိုးအတွက် သိုင်ယာမီ​သောက်ဇင်၊ဖီပရို​နေးလ်၊ကာတက်ဟိုက်ဒရိုကလိုရိုက်၊(အဆီတာမီပရစ်+လန်ပဒါဆိုင်​ဟေလိုသရင်) ပါဝင်​သော ​ဆေးအုပ်စုဝင်တစ်မျိုးမျိုးကို ​ဆေးညွှန်းအတိုင်းအသုံးပြု​ပေးပါ။​စျေးကွက်ထဲမှာ ရရှိနိုင်တာက​တော့ ​ကေလာ၊အာမိုမက်ဒယ်၊​တော်ပီတို၊ဖစ်ပရို၊ဇွန်ဘီ၊ကပ္ပတိန်၊ဘတ်တား၊ဆိုင်လာ စသည်ဖြင့်ပါ။​ဆေးဖျန်းမယ်ဆိုရင် အရွက်​အောက်မျက်နှာပြင်ကို ဦးစား​ပေး ထိထိမိမိဖျန်း​ပေးပါ။မိုးရာသီဖြစ်တာ​ကြောင့် မဖြစ်မ​နေ ကပ်​ဆေးထည့်သုံး​ပေးပါ။ပိုးသတ်​ဆေးများကို အလှည့်ကျသုံးစွဲပါ။​ရောဂါကျ​ရောက်​နေစဥ် ပုလဲ​ကျွေးခြင်း၊ရွက်ဖျန်း​ဆေးဖျန်းခြင်းများ ​ရှောင်ကြဥ်ပါ။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

စုပ်ပိုးကျနေတဲ့လက္ခဏာပါ။ပင်လုံးပြန့်ဆေးတစ်မျိုးမျိုးပက်ဖျန်းပေးပါ။အရွက်အပေါ်/အောက်ရွှဲရွှဲဖျန်းပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။