အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,334
လွန်ခဲ့သော ၆ နှစ် က · ပုလဲ

ခဝဲသီးကင်းပါတဲ့အပွင့်တွေ ဝါပြီးခြောက်ခြောက်သွားတယ်ဗျ ဘာဖြစ်တာလည်း ဘယ်လိုလုပ်ရမလည်း ဆရာ/ဆရာမတို့

စိုက်ပျိုးနည်း ဂေါ်ရခါးသီး
Post image
5

ဖြေကြားချက် ၅ ခု

1,334 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဗျာ

5,176 လွန်ခဲ့သော ၆ နှစ် က

သီးကင်းမပါတဲ့အပွင့်​တွေကို မ​ချွေပစ်ပါနဲ့။မ​ချွေတဲ့အတွက် အသီးတင်​နေတဲ့ သီးကင်း​တွေအတွက် အားမနဲပါဘူးခင်ဗျာ။ဘာလို့လဲဆို​တော့ အပွင့်များများ ပွင့်ခြင်းက ဝတ်မှုံကူးမှု အား​ကောင်း​စေပြီး အသီးတင်အား ​ကောင်း​စေတာ​ကြောင့်ပါ။ဟုတ်ကဲ့ပါအကို​ရေ့ ​နောက်လည်းစိုက်ပျိုး​ရေးနဲ့ပါတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာရှိပါက ​မေးမြန်းနိုင်ပါတယ်​နော်။

1,334 လွန်ခဲ့သော ၆ နှစ် က

နောက်တခု မေးပါရစေဗျ သီးကင်းမပါတဲ့အပွင့်တွေကို ချွေပစ်လို့ရသလားဗျ အဲ့အပွင့်တွေက အခိုင်လိုက်ကြီးပွင့်ပြီးဘာသီးမှ မပါတော့ သီးကင်းမှာ အားနည်းနေမလား တွေးမိလို့ပါ

1,334 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

5,176 လွန်ခဲ့သော ၆ နှစ် က

အမျိုးမျိုးဖြစ်နိုင်ပါတယ်။ရာသီဥတု ပူပြင်းလွန်းတဲ့အခါမှာလည်း ဖြစ်တက်ပါတယ်။အာဟာရချို့တဲ့မှုနှင့်​ရေလိုအပ်ချက်​ကြောင့်လည်း ဖြစ်တက်ပါတယ်။​နောက် အနဲလိုအာဟာရချို့တဲ့ခြင်း အထူးသဖြင့် ကယ်လ်ဆီယမ် ချို့တဲ့ခြင်း​ကြောင့်လည်း ဖြစ်တက်ပါတယ်။ပိုး​ကြောင့်လည်း(​လှေး)ဖြစ်နိုင်ပါတယ်။ဒါ​ကြောင့်ခဝဲပန်းပွင့်ခါနီးအချိန်ကထဲက ၁၅ ပါတ်လည်(or)​နောက်အချိုးများတဲ့​မြေဆီကိုဂျပ်ပဆင်​ကျောက်မှုန့်နှင့်​ရော​ကျွေးပါ။​ရေကို​ကောင်းစွာ​ထောက်ပံ့​ပေးပါ။​ရေမဝပ်​စေပါနဲ့။ပန်းပွင့်ချိန်နှင့်သီးကင်းဝင်ချိန်တိုတွင် (NPK) ရွက်ဖျန်းနှင့်အနဲလိုရွက်ဖျန်းအား​ဆေး(၂-၃)ကြိမ်ဖျန်း​ပေးပါ။​နောက် ပန်းပွင့်ခါနီးအချိန်ကထဲက ပင်လုံးပြန့်ပိုးသတ်​ဆေးဖြင့် စုပ်စားပိုးကျ​ရောက်မှုမရှိ​အောင် ကြိုတင်ကာကွယ်ထား​ပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။