ဖြေကြားချက် ၁ ခု
ကိုယ့်ဒေသရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံ၊ ကိုယ့်ဒေသမှာ စျေးကောင်းရတဲ့ သီးနှံ စတာတွေကို သေချာတွက်ချက်ပြီး ရွေးပါရှင့် မြေမကောင်းတာက ပြင်ပြီး စိုက်လို့ရပါတယ် အဓိက ကိုယ်ဘာစိုက်ချင်လဲ ကိုပဲ တွေးပြီး သီးနှံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ (ပိုးမွှား၊ ရောဂါကျရောက်မှုတွေ၊ ရာသီဥတုအခြေအနေတွေ၊ စျေးကွက်တွေ)ကိုသေချာ တွက်ချက်ပြီးမှ စိုက်မယ့်သီးနှံကို ရွေးစေချင်ပါတယ်ရှင့်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျနော်လပ်ကီးမျိုးစိုက်ထားတာနှစ်လသားရှိပါပြီအခုအရွယ်မှာဘယ်လိုရွက်ဖြန်ဆေးသုံးရမလဲခင်ဗျာ မြေဩဇာကောဘယ်လိုအမျိုးအ...
ဖြေကြားချက် 1 ခု
ကျွန်တော်ပန်းတွေကာလာမတက်လိုဆေးနည်လေးပြောပြပါအုံအကိုတို့
ဖြေကြားချက် 1 ခု
အပွင့်အစောလိုက်နေတယ် ဝါနေတာတွေ အပင်ကတစ်လသားရှိပြီဘယ်လိုလုပ်ရမလဲရေလည်းမနက်ညဖြန်တယ် ပြောပြပေးပါအုံးဗျ
ဖြေကြားချက် 0 ခု
ကျွန်ေတာ်ပန်းခင်ပျပိုးကျနေလို့ဘာေဆးသုံးရင်ပိုးေသးနိုင်လည်
ဖြေကြားချက် 4 ခု
5လကျော်ဘီခမျ အဖူးကိုမလိုက်သေးလို့ပါ ကူညီပါအုန်းခမျ
ဖြေကြားချက် 3 ခု