ဘာဖြစ်တာလည်းပြောပြပါအုန်းဘယ်လိုလုပ်ရမလည်းဆရာတို့
ကျေးဇူးပါဗျနော
ကိုမျိုးအောင်ခင်ဗျာ...အပင်ကိုနှုတ်ကြည့်ပြီးစစ်ဆေးကြည့်ပါ.စပါးမှာပိုးမွှားရောဂါကများလို့လေ။ကျွန်တော်ပြောတဲ့အတိုင်းတွေ့တယ်ဆိုရင်တော့..ရေကိုပြောင်စင်အောင်ထုတ်ပါ..ပြီးရင်ရေပြန်သွင်းပါ..သမန်းနှိုးပေးပါ..ဒါမှအဆိပ် ငွေ့တွေထွက်သွာပြီးသက်သာလာပါလိမ့်မယ်။ပြီးရင်ပိုတက်မြေသြဇာထည့်ပေးပါ.ဒါမှမ ဟုတ်စက်ဖွဲပြာထည့်ပေးပါ.စက်ဖွဲပြာ မှာပိုတက်(ပြာဓာတ်)ပါပါတယ်.အခြေအနေကဆိုးဝါးနေတာကြောင့်ပုံမှန်အတိုင်းပြန်ဖြစ်ဖို့တော့ခဲယဥ်းမယ်ဗျ။လာမဲ့ရာသီမှာနွေထယ်ရေးကောင်းကောင်းလုပ်ပေးပါ.ပိုတက်မြေသြဇာပိုထည့်ပေးပါ.စက်ဖွဲပြာ ချပေးပါ။
UAyeNaingအဲ့တာဘယ်လိုလုပ်ရမလည်းဗျပြောပြပါအုန်း
ပြသနာက ရေမရှိတာလည်း ပါတယ်
သံဆိပ်သင့်တာ ဒါမှမဟုတ် ကန့်ဆိပ်သင့်တာ တစ်ခုခုဖြစ်နိုင်ပါတယ်။အပင်တွေဝါနေမယ်..ကြာလာရင်နီညိုရောင်ပြောင်းသွားပြီးခြောက်လာလိမ့်မယ်..အမြစ်တွေဖွာနေမယ်..အမြစ်တွေအားမကောင်းဘူး.. ပင်ပွား မ ထွက်တော့ဘူး။အပင်ခြေကိုနမ်းကြည့်လို့ ကြက်ဥပုပ်နံ့နံရင်ကန့်ဆိပ်သင့်တာပါ။သံချေးနံ့နံရင်တော့သံဆိပ်သင့်တာပါ။
Aung MyoKhingလိုမျိုးမဟုတ်ဘူးအကိုရအကွပ်လည်းမရှိဘူး တပင်လုံးလိုနီပီးတော့ခြောက်သလိုမျိုးဖြစ်နေတာအတာဘာဖြစ်လို့လည်းသိရင်ပြောပြပေးပါလား ပီတော့ဘာဆေးသုုံးသင့်လည်းရောပေါ့
ဘယ်လိုလုပ်သင့်လည်းစဉ်းစားပေးပါ
ဟုတ်ကဲ့ခင်ဗျ
ပျိူးခင်းထဲမှာဘဲရှိသေးတာလားဗျ
တစ်ချက်လောက်ကြည့်ကြည့်ပါခင်ဗျ နုတ်စိုက်သင့်မစိုက်သင့်စဉ်းစားပေးပါ
အရွက်မှာ Aung Myo Khing လိုဖြစ်နေတာလားဗျ။ ရောဂါကျရောက်နေသောအရွက်တွင် ဘဲဥပုံ (သို့မဟုတ်) လွန်းပုံစံအကွက်ရှိပြီး အလယ်က အဖြူကွက်များရှိနေလားဗျ။ ပင်စည်အဆစ်မှာ အမည်းရောင်(ညိုမည်းရောင်အကွက်)ရှိနေရင်တော့ စပါးဂုတ်ကျိုးရောဂါဖြစ်နေတာဗျ။ ကောက်ရိုးပြာ တစ်ဧကလျှင် (၇ -၈)တင်း ထည့်ပေးပါ။ အိုင်ဆိုပရိုသိုင်အိုလိန်း၊ ထရိုင်ကလာဇိုးလ်၊ သိုင်အိုဖါနိုတ်မိသိုင်း မှိုသတ်ဆေးများပက်ဖျန်နိုင်ပါတယ်။
?
ဘာဖြစ်တာလည်းဗျ
ဒိဘက်မှာလည်းအဲ့လိုတွေ့လို့
ဆက်စပ်မေးခွန်းများ
စပါးဂုတ်ကျိုးရောဂါကျနေပါတယ် ပြန်လည်ကောငါးနိုင်မည့်နည်းလမ်းရှင်းပြစေချင်တယ်
ဖြေကြားချက် 4 ခု
မျိုးခင်းမှာ ဂုတ်ကျိုး ရောဂါထင်တယ် အတော်အသင့်ပြန့်နေပီ ၂ရက်နေ နုပ်စိုက်ရတော့မှာ စိုက်ပျိုးလို့အဆင်ပြေပါ့မလား...
ဖြေကြားချက် 4 ခု
စပါးခင်းကအရွက်တွေမှာပုံထဲကလိုဖြစ်နေပါတယ် ဘာရောဂါဖြစ်တာပါလဲဗျ
ဖြေကြားချက် 3 ခု
စပါးဘားဆေးဖျန်းပေးရမုာလည်းခဗျာ
ဖြေကြားချက် 1 ခု
စပါးဂုတ်ကျိုးရောဂါဘာဆေးဖြန်းရမလဲ
ဖြေကြားချက် 8 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။