ဖြေကြားချက် ၃ ခု
ဆန်ဆေးရည်မှာ ကယ်လ်စီယမ်၊ သံ၊ ကာဗိုဟိုက် ဒရိတ်နှင့် စပါးအတွက် မရှိမဖြစ်လိုအပ်သော စီလီကာဓါတ်၊ ဗီတာမင် ဓါတ်၊ ကစီဓါတ်နှင့်အပင်အတွက် အကျိုးဖြစ်ထွန်းစေသောအခြားဓါတ် ပေါင်းမြောက်များ စွာလည်းပါဝင်နေပါတယ်။ ဆန်ဆေးအချဉ်ဖေါက်ရည်တစ်ခုတည်းဖြင့် အချို့အချို့ သော မှို၊ ပိုး၊ ပျ၊ စုပ်စားပိုးတို့ကို နိမ်နင်းနိုင်စွမ်းရှိပါတယ်။ အပင်များကို ပက်ဖျန်းပေးလျှင် ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အပင်မစိုက်ပျိုးမှီ စိုက်ကျင်းထဲကို ပက်ဖျန်းပေးခြင်းဖြင့် အချို့သော မြေအောင်းပိုးများ ရန်ကိုတားဆီးနိမ်နင်းနိုင်ပါတယ်။ မြေချဉ်ငံခြင်းကိုလည်း အတိုင်းအတာ တစ်ခုအထိ ပြုပြင်နိုင်စွမ်းပါတယ်။ ဆန်ဆေးအချဉ်ဖေါက်ရည်ဖြင့် နို့ အချဉ်ဖေါက်ရည်ဖေါ်စပ်ပြုလုပ်နိုင်ပါတယ်။ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်အတွက်ဖြစ်စေ၊ စရိတ်နည်းသော စိုက်ပျိုးရေးအတွက်ဖြစ်စေပထမဦးဆုံး စတင်စုဆောင်းရမည့် ကုန်ကြမ်းပစ္စည်းမှာ ဆန်ဆေးရည်ပဲဖြစ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေစီလွှာphအတွက်ဘာတွေသုံးရမလဲဗျ
ဖြေကြားချက် 0 ခု
ကွမ်းရွက်လေးတွေ ဝါနေတာ ဘယ်လိုဆေးသုံးပြီးဘယ်လိုအာဟာရပေးရမှာလဲဗျ....ကျိုင်းထို
ဖြေကြားချက် 3 ခု
ကွမ်းရိုးမဲဆစ်ပြုတ်ကိုဘယ်ဆေးသုံးရမလည်းခင်ဗျာ
ဖြေကြားချက် 3 ခု
ကွမ်းစိုက်ခါစ နှစ်ရက်လောက်မှာ အညွန့်တွေပုတ်ပြီး တစ်ဝက်လောက်ကနေပျက်ကျတေယ် ဘာဖြစ်တာလဲခင်ဗျ ဘာဆေးသုံးရင် အဆင်ပြေမ...
ဖြေကြားချက် 2 ခု
အပင်ကြီးထွားရန်အတွက်မည်သည့်မြေသြဇာများထည့်ရမာလဲဗျာ
ဖြေကြားချက် 2 ခု