အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုဇင်ကိုသိုက်
လွန်ခဲ့သော ၆ နှစ် က · မြဝတီ

ဆရာတို့ကူညီပါဦး ကျနောက ဩဂဲနစ်စိုက်ပျိုနေသူပါ အခုမှ စမ်းသပ်စိုက်ပျ်ုနေဆဲ သင်ယူနေဆဲပါ ဖရုံပင်မှာ အဲ့လိုပိုးဝါဝါလေတွေကျနေပါတယ် ဘယ်လိုပိုးသတ်ဆေးနဲ့နိမ်နှိင်ရပါမလဲ ကျနော့မှာ ဂျင်းရယ်ငရုပ်ရယ်ကြက်ဖြူရယ်ဒုတ်တာရယ် အချိုးကြရေားထားတဲ့ပိုသတ်ဆေးတော့ရှိပါတယ် မရဘူး ခုဖျန်းပြီးခနနေပြန်လာပါတယ် ကူညီပြီဆေးနည်လေပေပါ ဆရာတို့

ပိုးမွှားရောဂါ ရွှေဖရုံသီး
Post image
Post image
3

ဖြေကြားချက် ၃ ခု

မဆုမြတ်ခင်
မဆုမြတ်ခင် 100,154 လွန်ခဲ့သော ၆ နှစ် က

အဆိုးဆုံးအဆင့်ရောက်လာရင်တော့ chemical control အနေနဲ့ Pyrethroid အုပ်စုဖြစ်တဲ့ Cypermethrin နဲ့ Dimethoate အရောကို ဖျန်းပါ စမ်းသပ်လေ့လာချက်တွေအရတော့ အဲ့ဆေးအရောက ဒီ Red Pumpkin Beetle တွေကို အနိုင်ဆုံးလို့ သိရပါတယ်ရှင့် သဘာဝနည်းအနေနဲ့တော့ သစ်သားပြာ ဇွန်းဝက်ကို သံပရာရည် ဇွန်းဝက်နဲ့ ရောပြီး ရေ၄လီတာနဲ့ ပြန်ရောပြီး ဖျန်းပေးနိုင်ပါတယ် ပြီးတော့ Neem oil တမာဆီတွေလည်း ဖျန်းပေးနိုင်ပါတယ်

ဦးအောင်ဇေယျာဖြိုး
ဦးအောင်ဇေယျာဖြိုး 117 လွန်ခဲ့သော ၆ နှစ် က

အတူတူပဲဗြ

မောင်ချမ်းသာဦး
မောင်ချမ်းသာဦး 291 လွန်ခဲ့သော ၆ နှစ် က

ဘူး ၊ ဖရုံပင်တွေမှာကျရောက်တတ်တဲ့ ကျိုင်းနီကောင်ဖြစ်ပါတယ်။ ဂျင်း၊ ငရုပ်၊ ကြက်သွန်ဖြူ၊ ဒုတ်တာ အချိုးကျရောစပ်ထားတဲ့ ပိုးသတ်ဆေးတွေက ပိုးတွေကိုဖျန်းပြီးပြီးချင်း ပိုးကချက်ချင်းမသေပါဘူး။ တဖြည်းဖြည်းနဲ့မှ ပိုးရဲ့ ဇီဝကမ္မဖြစ်စဉ်တွေပျက်စီးပြီးသေတာဖြစ်ပါတယ်။ ဆေးဖျန်းပီး ရက်အနည်းငယ်စောင့်ကြည့်စေချင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။