အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,450
လွန်ခဲ့သော ၆ နှစ် က · ဘားအံ

SRI စပါးစိုက်ပါးစိုက်နည်းနဲ့ စိုက်ထားပါတယ်ရှင့် စပါးသက်တမ်း ၂၉ ရက်ရှိ​နေပါတယ်ရှင့် သမန်းတစ်ခါ နိုးပြီးပါပြီး...

SRI စပါးစိုက်ပါးစိုက်နည်းနဲ့ စိုက်ထားပါတယ်ရှင့် စပါးသက်တမ်း ၂၉ ရက်ရှိ​နေပါတယ်ရှင့် သမန်းတစ်ခါ နိုးပြီးပါပြီးရှင့် ပုံပါအတိုင်း စပါးရွက်​လေး​တွေက ဝါလာပါတယ်ရှင့် ​မြေသြဇာ​ကျွေးရမလာ၊ ​ရေများတာလာရှင့် ​ရေထုတ်ရမလာရှင့် ပညာရှင်များ ​ဖြေကြား​ပေးကြပါရှင့် ​ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

Post image
Post image
7

ဖြေကြားချက် ၇ ခု

1,450 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးတင်ပါတယ် ရှင့်

80,436 လွန်ခဲ့သော ၆ နှစ် က

ပုလဲ (၁၀) ပိဿာနဲ့ ပိုတက်( ၇ )ပိဿာ ရောကျွေးပါ။အဓိကကတော့ ပိုတက်လိုအပ်နေတာပါ။ ငါးအမိုင်နိုအက်စစ်လဲ ကျွေးလို့ရပါတယ်ဗျ။

466 လွန်ခဲ့သော ၆ နှစ် က

ပိုတက်နှင့်ပုလဲရောပီးကျွေးပါ

1,450 လွန်ခဲ့သော ၆ နှစ် က

မြေသြဇာ​တော့ မ​ကျွေးရ​သေးဘူးရှင့် ငါးအမိုင်နို အက်စစ်ကို​တော့ ​ကျွေးဖို့ရှိတယ် အဲဒါ ​ကျွေးလို့ရမလာ သိချင်လို့ပါရှင့် (သို့) တခြား​မြေသြဇာဆို ပုလဲ​မြေသြဇာဆို ​ကျွေးလို့ရလားရှင့်

116 လွန်ခဲ့သော ၆ နှစ် က

စပါးပျိုးထောင်နည်းလေးပြောပါအုံး

80,436 လွန်ခဲ့သော ၆ နှစ် က

စိုက်ပြီးကတည်းက မြေသြဇာမကျွေးရသေးတာလားဗျ။ ပိုတက်စီယမ် ချို့တဲ့နေတဲ့ လက္ခဏာတွေ ပြနေတယ်ဗျ။ ပိုတက်ပါတဲ့ ​မြေသြဇာတွေကျွေးပေးပါဗျ။

174 လွန်ခဲ့သော ၆ နှစ် က

ရေကအနေတော်ပဲ အဆင်ပြေတယ် ညီမလေး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။