အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Nant Nant
Nant Nant 696
လွန်ခဲ့သော ၆ နှစ် က · ဟင်္သာတ

ကျွဲကောသီးတွေမှာသီးထိုးယင်တွေထိုးနေလို့ဘယ်လိုလုပ်သင့်သလဲရှင့်

ပိုးမွှားရောဂါ ကျွဲကော
2

ဖြေကြားချက် ၂ ခု

Win Mar Han
Win Mar Han 880 လွန်ခဲ့သော ၆ နှစ် က

Thiamethoxim 20cc.. abamectin 20cc သုံးပါ

ထွန်းရာဇာ
ထွန်းရာဇာ 80,437 လွန်ခဲ့သော ၆ နှစ် က

သစ်သီးခြံများတွင် သီးထိုးယင်ဆွဲဆောင်ဆေးများဖြစ်သည့် မီသိုင်းယူဂျီနော(Methyl-Eugenol)ထောင်ချောက်ဖြင့် (၁)ဧကလျှင် (၅)ခုနှုန်း တပ်ဆင်ပြီး သီးထိုးယင်အထီးများအား ဖမ်းယူပြီး ဖျက်ဆီးပါ။ ပရိုတိန်းမျှားစာကို မာလာသီယွန်(သို့မဟုတ်) ဖစ်ပရိုးနေး(သို့မဟုတ်) ဒိုင်ကလိုဖော့စ် ပိုးသတ်ဆေးနှင့်ရော၍ ခြံစည်းရိုး အပင်များအပေါ် အကွက်လိုက်ဖြန်းပေးခြင်းဖြင့် သီးထိုးယင် အထီးအမ(၂)မျိုးလုံးကို နှိမ်နင်းနိုင် သည်။ သီးထိုးယင်ပိုးရုပ်ဖုံးများ မြေကြီးအတွင်းနေနိုင်သဖြင့် မြေဆွခြင်း၊ မြေပြုပြင်ခြင်းများ ပြုလုပ်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။