အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
biaknunsang
biaknunsang 25,067
လွန်ခဲ့သော ၆ နှစ် က · ကလေး

ကွန်ပေါင်ဓာတ်မြေသြဇာကို ဥပမာ NPK ၁၅ ၁၀ ၁၅ ကြဲပြီရင်ဓာတ်အာနိသင်ပြီးသွာတဲ့အချိန်ရောက်ရင်စပါးပင်ဘယ်လိုနေမလဲ

မြေဆီလွှာ ထောပတ်ပဲ
2

ဖြေကြားချက် ၂ ခု

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

စပါးပင်အပါအဝင်နှံစားသီးနှံတွေ(စပါး..ဂျုံ..ပြောင်း)တွေဟာအစားကြီးတဲ့အပင်မျိုးပါ။ဒါကြောင့်အပင်ကြီးထွားစဥ်ကာလတလျှောက် အပင်ကလိုအပ်တဲ့အချိန်..လိုအပ်တဲ့အာဟာရကိုလိုအပ်တဲ့ပမာဏကိုကျွေးပေးမှသာကုန်ကျသလောက်အကျိုးဖြစ်ထွန်းမှာပါ။တီစူပါကိုတော့နောက်ဆုံးမြေပြင်ချိန်ကတည်းကျွေးသင့်ပြီးပုလဲနဲ့ပိုတက်ကိုတော့အပင်ဖြစ်ထွန်းချိန်အတွင်းခွဲပြီးကျွေးရပါတယ်။

မဆုမြတ်ခင်
မဆုမြတ်ခင် 100,154 လွန်ခဲ့သော ၆ နှစ် က

စပါးပင်ကို ကွန်ပေါင်းကျွေးတယ်ဆိုတာ အပင်အတွက် လိုအပ်တဲ့ နိုက်ထရိုဂျင်ဓာတ်တွေ ဖော့စရပ်ဓာတ်တွေနဲ့ ပိုတက်ချ်ဓာတ်တွေကို ကျွေးတာ ဖြစ်တာကြောင့် အဲ့အာဟာရတွေ ကုန်သွားတာ ကြာလာရင် အပင်က အာဟာရချို့တဲ့တဲ့ လက္ခဏာ ပေါ်လာမှာ ဖြစ်ပါတယ် ဒါပေမယ့် စပါးမှာတော့ အပင်သက်တမ်းအလိုက် လိုအပ်တဲ့ အချိန်မှာသာကျွေးရမှာ ဖြစ်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။