သနပ်ခါးပန်းပင်လေးမှာ အညိုစက်လေးတွေပေါ်လာပါတယ် အစကတော့ပင်စည်မှာပဲဖြစ်တာပါရှင့် အခုတော့ အရွက်တွေမှာပါဖြစ်လာလို့ ဘယ်လိုကုသလို့ရမလဲသိပါရစေရှင့် ကျေးဇူးပါ။
သနပ်ခါးက ပုံမှန်အားဖြင့် ရောဂါပိုးကျရောက်မှု အရမ်းနည်းပါတယ်။ ရေအလွန်အကျွံလောင်းတာ၊ အပင်ကျပ်တာနဲ့ စနစ်တကျမပြုစုတဲ့အခါမှာ ဖြစ်လေ့ရှိပါတယ်။ ရေမလိုအပ်ဘဲ အလွန်လောင်းတာ မဖြစ်ပါစေနဲ့။ လေဝင်လေထွက်ကောင်းအောင် လုပ်ပါ။ ကိုင်းတွေအရမ်းကြီး ပြွတ်နေအောင် မထားပါနဲ့။ အပင်ထဲလေဝင်လေထွက်ကောင်းအောင်လုပ်ပေးပါ။ အဆင်ပြေသွားမှာပါ။
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ နံ့သာဖြူအကြောင်းလေးတွေလေ့လာနေတာပါ နံ့သာဖြူပင်စိုက်ဖို့အတွက် ယခုနှစ်ထဲကနေပြီး...
ဖြေကြားချက် 0 ခု
သနပ်ခါးပန်း အပင်မျိုးပွားချင်လို့ ဒီချိန်ကူးရင် အဆင်ပြေလားဗျ နောက်ပြီး ကူးရမယ့်နည်းလမ်းလေးပြောပေးပါ့လားဗျ
ဖြေကြားချက် 0 ခု
သနပျခါးပငျ ဈေးကှကျ လေးသိပါရ စေခငျဗြာ။
ဖြေကြားချက် 0 ခု
သနပ်ခါးပန်းပင်လေးတွေ ဘာ အားတိုးဆေးသုံးရမလဲဗျ
ဖြေကြားချက် 1 ခု
နံ့သာနီပင် ပျိုးပင်ဘယ်မှာဝယ်ရလဲ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။