အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၃ ခု

ထွန်းရာဇာ
ထွန်းရာဇာ 80,437 လွန်ခဲ့သော ၆ နှစ် က

ပိုးကိုက်ရာလဲမတွေ့ဘူး အရွက်ကလဲအစိမ်းရောင်အတိုင်းဆိုတော့ သဘာဝကြောင့်လိပ်တဲ့ ရွက်လိပ်ခြင်းပါ အရမ်းတော့မဆိုးရိမ်ရပါဘူး။*ရေစိမ့်ဆင်းမှုကောင်းအောင်၊အစိုဓါတ်ထိန်းနိုင်အောင် မြေကြီးကိုပြုပြင်ပေးပါ(သဘာဝမြေဆွေး၊နွားချေး၊ဖွဲ၊ဖွဲပြာ ထည့်ခြင်း) *အစိုဓာတ် များခြင်းနည်းခြင်းမဖြစ်အောင် ရေကို ဂရုစိုက်သွင်းပါ။ *ပုလဲမြေသြဇာ အလွန်အကျွံကျွေးတာရှောင်ပြီး မီးစုန်းဓာတ်(တီစူပါ)ကိုလုံလောက်အောင် ကျွေးပေးခြင်း(soil test should be done) *အရွက်ချွေခြင်း၊အကိုင်းပယ်ခြင်း၊သားတက်ကြီး များဖဲ့ခြင်းတို့ကို အလွန်အကျွံမလုပ်ရပါ *အောက်ရွက်တွေမှာ သကြားဓာတ်နဲ့ကစီဓာတ်များရင် အရွက်လိပ်တာ သက်သာပါတယ်။ အပူချိန်များတဲ့အခါ အပင်ခံနိုင်ရည်ရှိအောင် ၁။သကြား ၆ ဇွန်း ၂။စားဆိုဒါ ၃ဇွန်း ၃။အတောနစ် ၃ စီစီ(လစ်တိုစင်/မော်ရယ်မုန်း) ၄။ကော်ရည်(ကပ်ဆေး) ကို ရေသုံးဂါလန်နဲ့ဖျော်ပြီး နေ့စဉ် သို့မဟုတ် ရက်ခြားပြီးဖျန်းပေးနိုင်ပါတယ်။

Lwin Moe
Lwin Moe 1,337 လွန်ခဲ့သော ၆ နှစ် က

ဟုတ် မိုး များလို့ပါ

မောင်စိုးသူ
မောင်စိုးသူ 7,041 လွန်ခဲ့သော ၆ နှစ် က

မိုးများသလား

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။