အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Hnin Hnin
Hnin Hnin 232
လွန်ခဲ့သော ၆ နှစ် က · မိတ္ထီလာ

ဝါပင်မှာဘာကောင်လဲမသိဘူး ဖြူဖြူကောင်လေးတွေ ရှိနေတာ ဘာဆေးသုံးရမလဲရှင့်

ပိုးမွှားရောဂါ ဝါး
Post image
Post image
4

ဖြေကြားချက် ၄ ခု

မဆုမြတ်ခင်
မဆုမြတ်ခင် 100,154 လွန်ခဲ့သော ၆ နှစ် က

ဆေးသုံးမယ်ဆိုရင် ဆေးမသုံးခင် ဆပ်ပြာဖျော်ရည်ကို အရင်ဖျန်းပေးသင့်ပါတယ် ပိုးစေးနဲတွေမှာက သူတို့ကို ဖုံးအုပ်ထားတဲ့ ဖယောင်းလွှာတွေ ရှိတာကြောင့် ဆေးဖျန်းရင် ခံနိုင်ရည်ရှိပြီး မထိရောက်ဘဲ ဖြစ်တတ်ပါတယ် ဒါကြောင့် ဆပ်ပြာရည်ကို အရင်ဖျန်းပေးသင့်ပါတယ် သူက ပိုးစေးနဲတွေရဲ့ အပေါ်ယံလွှာကို ပျော်ကျစေလို့ပါ

ထွန်းရာဇာ
ထွန်းရာဇာ 80,437 လွန်ခဲ့သော ၆ နှစ် က

ပိုးစေးနဲကောင်လေးတွေပါ။ဒီပိုးတွေက ကြေးခွံမာပြီး ဓာတုဆေး ဆက်တိုက်သုံးရင် ဆေးကိုခံနိုင်ရည်ရှိသွားတတ်ကြတာမို့ ဓာတုဆေးကိုလျှော့သုံးစေချင်ပါတယ်။ဆေးရွက်ကြီးစိပ်ရည်၊တမာပိုးသတ်ဆေး၊ရှာလကာရည်နဲ့ဆပ်ပြာရောပြီးလဲဖျန်းနိုင်ပါတယ်။ လိပ်ခုံးကျိုင်း​တွေက ဒီကောင်တွေကိုစားသောက်တာမို့ တွေ့ရင်မွေးမြူထားပါ။ မဖြစ်မနေဆေးသုံးချင်ရင်တော့ Permethrin,Pyrethrinsဆေးတွေကို ဆပ်ပြာနဲ့ရောပြီး ဖျန်းပေးပါ။

Hnin Hnin
Hnin Hnin 232 လွန်ခဲ့သော ၆ နှစ် က

ဟုတ်

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

ပိုစေးနဲ ကျတာ ပါခင်ဗျ သက်ဆိုင်ရာ နယ်မြေ မှာ ရှိတဲ့ စိူက်ပျိုးရေး ဆေး ဆိုင်တွေမှာ ပိုးစေးနဲ ကျလို့ ပိုးသတ်ဆေး လိုချင်လို့ပါ ဆိုပြီး ပြောဝယ်လိုက်ပါ acetamephric cartap hydrochloride Dinotefuran Amidachloprid စတဲ့ဆေးတွေသုံးလို့ရပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။