အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ယေဘူယျအားဖြင့်ဆားပေါက်မြေတွေပြုပြင်မယ်ဆိုရင်ပညာရှင်တွေကတော့ ရေသွင်း/ရေထုတ်နည်းနဲ့ပြုပြင်ဖို့အကြံပြုကြပါတယ်..ဒါပေမဲ့ သန့်သောရေရှိမှအဆင်ပြေမှာပါ။အညာဒေသကရေတွေက ရေငန်တွေများတာမို့အဆင်မပြေနိုင်ပါ။ဒါကြောင့်တောင်သူလုပ်နိုင်တဲ့နည်းလေးတွေတင်ပြပေးပါ့မယ်။ကျောက်မှုန့်မြေသြဇာ ၁ဧကကိုပေါင် ၃၀၀ထည့်ပေးပါ။သွတ်ဓာတ်(ဇင့်)မြေသြဇာ ၃ပိဿာနှုန်းထည့်ပေးပါ။သဘာဝမြေသြဇာများနိုင်သမျှများများထည့်ပါ..သစ်စိမ်းမြေသြဇာအသုံးပြုပါ။သစ်စိမ်းမြေသြဇာအဖြစ် ပဲမျိုး ရင်းဝင်အပင်တွေကိုစိုက်ထားပြီးပန်းပွင့်ချိန်(၄၅ရက်..ရက်၆၀)တွင်တစ်ပင်လုံးထယ်မှောက်ပစ်၍ဆွေးမြေ့အောင်၁၀ရက်ခန့်ထားရပါတယ်..ဆွေးမြေ့သွားချိန်ခန့်မှာ စီးပွားဖြစ်သီးနှံစိုက်နိုင်ပြီ။၃..၄နှစ်ဆက်တိုက်သစ်စိမ်းမြေသြဇာကိုအသုံးပြုမယ်ဆိုရင် ဆားပေါက်မြေများကောင်းမွန်လာပြီးသီးနှံစိုက်ပျိုးမှုများကောင်းမွန်လာပါလိမ့်မယ်။သစ်စိမ်းမြေသြဇာကိုနှစ်စဥ်အသုံးပြုပေးရင် မြေဆီလွှာများရေရှည်ကောင်းမွန်လာပါလိမ့်မယ်။သစ်ဆွေးဓာတ်လည်းရရှိတာမို့မြေများမွရွလာပါတယ်..ရေထိန်းနိုင်းစွမ်းပိုကောင်းလာပါတယ်..အာဟာရဓာတ်လည်းရရှိပါတယ်(သစ်စိမ်း​မြေသြဇာအဖြစ် ပိုက်ဆံလျှော်ကိုအသုံးပြုပါက ပိုမိုကောင်းမွန်ပါတယ်)။ဆပ်​ပြာပေါက်မြေ ကတော့ပြုပြင်ရန်မလွယ်ပါ။

47,132 လွန်ခဲ့သော ၆ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။