ဖြေကြားချက် ၁ ခု
လေ့လာဖူးသလောက်က ပုံစံ၁၀၅ ဆိုတာမြေပုံကိုပြောတာ၊ ၁၀၆ ကမြေရာဇဝင်။ ဘယ်သူမဆို မိမိသိချင်တဲ့မြေနေရာကို စည်ပင်မြေစာရင်းဌာနကိုသွားပြီး အဲဒီနေရာလေးက မြေပုံထဲစာရင်းရှိသလား စာရင်းသွင်းထားသလား ပါသလားဆိုတာကိုသွားတောင်းယူကြည့်လို့ရတယ်။ သူတို့ဖက်က အထောက်အထားမြေပုံစာရွက်ပြန်ထုတ်ပေးလိုက်တာကိုပဲ ပုံစံ ၁၀၅ ခေါ်တာ။ ပုံစံ၁၀၅ လက်ထဲရှိခြင်း၊ မရှိခြင်းက မြေကိုပိုင်ခြင်းမပိုင်ခြင်းနဲ့ နဲနဲမှမသက်ဆိုင်ဘူး။ ပုံစံ ၁၀၆လဲထိုနည်း၎င်းပဲ။ ၁၀၆က အဲဒီမြေရဲ့ရာဇဝင်ကိုရေးသားမှတ်တမ်းတင်ဖော်ပြထားတဲ့ မြေရာဇဝင်မှတ်တမ်းပါ။ ၁၀၆ကိုလဲဘယ်သူမဆိုတောင်းယူကြည့်ရှုလို့ရပါတယ်။ ၁၀၅နဲ့၁၀၆လက်ထဲရှိခြင်းဟာ မြေပိုင်ခြင်းမပိုင်ခြင်းကို မထောက်ခံပါဘူး။ နောက်ပိုင်းလယ်မြေကိုအကွက်ရိုက်ရောင်းတဲ့ပွဲစားတော်တော်များများက ပုံစံ၁၀၅ကျပြီးသားမြေလို့ အလွယ်တကူပြောဆိုရောင်းချနေကြပါတယ်၊ မုသားမပါ လက်ာမချောနည်းနဲ့ ဂျင်းထည့်နေကြတာပါ။ တကယ့်တကယ် လယ်ယာမြေလုပ်ပိုင်ခွင့် ပိုင်ဆိုင်ကြောင်းလက်မှတ်က မိမိအမည်ပေါက်ထားတဲ့ ပုံစံ၇ပါ။ ဥယျာဉ်ခြံမြေကတော့ ပုံစံ ၁၃ပါ။
ဆက်စပ်မေးခွန်းများ
နနွင်း ဈေးကွ်နှင့်ဈေးနှုန်းလေးသိချင်ပါတယ်ခင်
ဖြေကြားချက် 3 ခု
နနွင်းစိုက်ချင်လို့ပါ.. ဘယ်လတေမှစိုက်ရလဲ.. စိုက်ပျိုးနည်းလေးသိချင်ပါတယ်.. သိရှိတဲ့သူငယ်ချင်းများပြောပြပေးခဲ့ပါ...
ဖြေကြားချက် 2 ခု
နနွင်းပင်တွေအရွက်ရော်ကျပြီးခြောက်နေလို့ ဘာကြောင့်လဲ ဘာလုပ်သင့်သလဲ သိချင်ပါတယ်ရှင်
ဖြေကြားချက် 0 ခု
အပင်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 3 ခု
နနွင်း စေျးနှန်းသိလိုပါသည်
ဖြေကြားချက် 0 ခု