အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
177
လွန်ခဲ့သော ၆ နှစ် က · ပေါင်းတည်

စပါးမှိုကပ်တာကို ဘယ်လိုသိနိုင်မလဲ ပုံနဲ့ဖြေပေးပါ ခုမှစပြီး လုပ်တာမို့ပါ

အပင်အာဟာရ စပါး စပါး မှို့ကပ်ချိန်
7

ဖြေကြားချက် ၇ ခု

3,138 လွန်ခဲ့သော ၆ နှစ် က
177 လွန်ခဲ့သော ၆ နှစ် က

‌ေြဖပေးတဲ့ဆရာများ ကျေးဇူးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

စပါးပင်ကို ကြည့်မယ်ဆိုရင် ပင်စည်အနေအထားက မှို့မကပ်ခင်မှာဆိုရင် ပြားယောင်လုံးယောင်ရှိနေတတ်ပါတယ်။မှို့ကပ်ပြီဆိုရင်အရွက်အောက်ခြေပင်စည်ထိပ်ဖျားမှာဖောင်းလာပါတယ်။အဲဒီအချိန်ကတော့ စပါးသက်တမ်းအလိုက်ကွာခြားမှုရှိနိုင်ပါတယ်။ဓာတ်ပုံရိုက်ထားတာမရှိပေမဲ့ မမေမြတ်မော် ပြထားတဲ့ပုံကိုကြည့်ရင်သိရှိနိုင်ပါတယ်..ကိုယ့်စပါးခင်းမှာလက်တွေ့စမ်းသပ်ပြီးကြည့်ချင်တယ်ဆိုရင် ကိုယ့်စပါးရဲ့သက်တမ်းထဲကနေရက် (၆၅..၇၀) ရက်ကိုနှုတ်လိုက်လို့ အကြွင်းကျန်တဲ့ရက်ဝန်းကျင်ခန့်အချိန်မှာ ဖောင်းကားလာတဲ့ပင်စည်ထိပ်နေရာကို ခဲတံချွန်တဲ့ဓားထက်ထက်နဲ့ထက်ခြမ်းခွဲကြည့်မယ်ဆိုရင်အဖြူရောင်အနှံ​သန္ဓေလောင်းကိုမှို့တွေကပ်နေသလိုတွေ့ရပါလိမ့်မယ်။

4,135 လွန်ခဲ့သော ၆ နှစ် က
4,135 လွန်ခဲ့သော ၆ နှစ် က
အတည်ပြုပြီး 323,965 လွန်ခဲ့သော ၆ နှစ် က

စပါးပင် ဗိုက်လေးဖောင်းနေတာလေးက သိပါတယ်။

47,132 လွန်ခဲ့သော ၆ နှစ် က

စပါးပင်သက်တမ်းထဲ က (၆၅)ရက်နှုတ်ပါ။ ကျန်တဲ့ အဖြေက စပါး မှို့ကပ်ချိန်ဖြစ်ပါတယ်။ဥပမာ ...၁၃၅-၆၅=၇၀ရက်က မှို့ကပ်ချိန်ပါ။စပါးပင်သက်တမ်းသိရင် တွက်နိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။