အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၃ ခု

47,132 လွန်ခဲ့သော ၆ နှစ် က

ဆော့ဝဲလ်ထဲမှာ ပြောင်းစိုက်ပျိုးနည်းရှာဖတ်နိုင်ပါတယ်

116 လွန်ခဲ့သော ၆ နှစ် က

ဘယ်လိုစိုက်ကတာလဲ

47,132 လွန်ခဲ့သော ၆ နှစ် က

နိုက်ထရိုဂျင် (N) ပင်ပိုင်းကြီးထွားမှုကို အားကောင်းစေသောကြောင့် ပြောင်းပင်ငယ်များလျင်မြန်စွာကြီးထွားလာစေပါသည်။ ပြောင်းစတင်စိုက်ပျိုးချိန်တွင် အနည်းငယ်သော ပမာဏသာ လိုအပ်ပါသည်။ မြေခံအနေဖြင့် နိုက်ထရိုဂျင်မြေသြဇာ များစွာသုံးစွဲပါကသီးနှံပင်မှကောင်းစွာစားသုံးနိုင်ခြင်းမရှိသဖြင့် အလေအလွင့်များပြီး အပင်ကြံ့ခိုင်မှုအားနည်းစေပါသည်။ ဖော(စ်)စဖိတ် (P) အစောပိုင်းတွင် အမြစ်ဖွံ့ဖြိုးမှုအားကောင်းရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ပြောင်းပင်ငယ်များလျင်မြန်စွာကြီးထွားစေရန်နှင့် ပင်စည်တုတ်ခိုင်၊ သန်မာမှုအတွက်အလွန်အရေးကြီးပါသည်။ ဖော့စဖိတ်ဓါတ်ခေါ် မီးစုန်းဓါတ်သည် အမြစ်ဖွံ့ဖြိုးမှု၊ အသီး အပွင့်ဖြစ်ထွန်းစေမှု ကိုအားပေးတဲ့ အပြင် အစာချက်လုပ်ငန်းစဉ်နဲ့ပါ ဆက်စပ်နေတဲ့အတွက်မြေခံနဲ့ အသီးအပွင့်ဝင်ချိန်မှာ များစွာလိုအပ်ပါတယ်။ ဖော့စဖိတ်ဓါတ်သည် အပင်တွင်းသာ ရွေ့လျားနိုင်ပြီး မြေမှာရွေ့လျားနိုင်မှုအလွန်နည်းလို့ အမြစ်နှင့်အရမ်းမဝေးတဲ့ပုံစံနဲ့ကျွေးနိုင်ပါတယ်။ စိုက်ပျိုးမြေများ၏ မြေချဉ်/ငံ ကိန်းပေါ်မူတည်ပြီး မြေဆီလွှာတွင်း ဖော့စ်ဖိတ်ဓါတ်ထိန်းချုပ်ခံရခြင်းရှိသောကြောင့်သီးနှံပင်မှစုပ်ယူစားသုံးရန်ခက်ခဲစေသည်။ထို့ကြောင့် သီးနှံပင်မှဖောစ်ဖိတ်ဓါတ်အားလွယ်ကူလျင်မြန်စွာရရှိရန်အတွက် အသုံးပြုသောဖောစ်စဖိတ်အမျိုးအစားနှင့် ပျော်ဝင်နိုင်မှုအနေအထားပေါ်တွင် များစွာမူတည်ပါသည်။ ပိုတက်စီယမ်(K) ပြောင်းသီးနှံ သက်တမ်းတလျောက် လိုအပ်ပြီး အလေးချိန်စီးခြင်း၊ အရောင်/အရသာကောင်မွန်ခြင်း၊ ရောဂါဒဏ်နှင့် ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိစေပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။