ဖြေကြားချက် ၄ ခု
ငွေနှင်းမှိုစိုက်ပျိုးနည်း ( Pleurotus app) ဒီမှာလဲ လေ့လာနိုင်ပါတယ်။
"ငွေနှင်းမှို စိုက်ပျိုးနည်း" ************************* - မှိုထုပ်များကို လေဝင်လေထွက်ရရှိ၍ တိုက်ရိုက်နေမပူသောနေရာတွင်ထားပါ။ အပူချိန် (၂၅ ံ - ၂၀ ံ)စင်တီဂရိတ်ရှိ၍ စိုထိုင်းဆ (၈၀%)ရှိရမည်။ - မှိုထုပ်၏ထိပ်ဝမျက်နှာပြင်ပေါ်ရှိ ပလတ်စတစ်အနားများကို ဓားသန့်သန့်ဖြင့် လှီးဖြတ်ပြီးလျှင် တဆင့်နှင့်တဆင့် (၁ပေခွဲ) အကွာအဝေးရှိသော ဝါးစင်၊ သစ်သားစင်၊ သံစင်များပေါ်တွင် အထုပ်များကိုထောင်၍လည်းကောင်း၊ လှဲ၍ လည်းကောင်းထားပါ။ လှဲထားလျှင် နှစ်ထပ်ဆင့်ထပ်ထားနိုင်ပါသည်။ - နေ့စဉ်ရေပန်းကရားငယ်ဖြင့် မှိုထုပ်မာျးကိုညင်သာစွာရေလောင်းပေးရပါမည်။ ရေလောင်းလျှင်အထုပ်တွင်းရေမဝပ်ရန်သတိပြုရမည်။ မှိုထုပ်များပုပ်နိုင်သည်။ - မှိုထုပ်များစဖွင့်ပြီး ( ၃ - ၇)ရက်တွင် မှိုပွင့်ငယ်ကလေးများထွက်ပေါ်လာသည်။ ထို့နောက် (၃ - ၄)အကြာတွင် ဆွတ်ခူးရန် အသင့်ဖြစ်ပါသည်။ - ဆွတ်ခူးရန် သင့်တော်သောမှိုပွင့်၏ အနေအထားမှာ ဘေးအနားသားများ မကွဲမီ (သို့) မှိုပွင့်များ မရော်မီတွင် ဆွတ်ခူးရပါသည်။ မှိုပွင့်များ အောက်ခြေမှ လက်ဖြင့် ညင်သာစွာနှုတ်ယူရပါမည်။ ချိုးဖဲ့ဖြတ်တောက်၍ မယူရပါ။ - မှိုပွင့်များ ခူးယူပြီးသောအခါ မှိုထုပ်၏ အပေါ်ယံမျက်နှာပြင်ကို လက်မဝက်ခန့် သန့်စင်သောဓားဖြင့် လှီးပစ်ရပါမည်။ - လှီးဖြတ်ပြီးသော မှိုထုပ်ကို (၄ - ၅)ရက်ခန့် ရေမလောင်းပဲထားရမည်။ ထိုရက် အတွင်း အထုပ်မျက်နှာပြင်တွင် မှိုမျှင်များ ပြန်လည်ဖြူဖွေးလာပါမည်။ ၎င်းအချိန် တွင်ရေဖျန်းပေးပါက ဒုတိယအကြိမ် မှိုပြန်ထွက်လာပါသည်။ - ဤနည်းအတိုင်း မှိုထုပ်၏ အောက်ခြေရောက်သည်အထိ (၃ - ၅)ကြိမ် စိုက်ပျိုး ဆွတ်ခူးရယူနိုင်ပါသည်။ - မှိုထွက်အား ပိုမိုကောင်းစေရန် ပုလဲဓာတ်မြေသြဇာ (၆)ကျပ်သားနှင့် တီစူပါ ဓာတ်မြေသြဇာ (၃)ကျပ်သားကို ရေနှစ်ဂါလံခွဲတွင် ဖျော်စပ်၍ (၂)ရက်ခြား တစ်ကြိမ် ပက်ဖျန်းပေးရပါမည်။ - (၆၀)ကျပ်သားရှိသော မှိုစိုက်ထုပ်တစ်ထုပ်မှ မှိုပွင့်အလေးချိန် (၂၀)ကျပ်သား ရရှနိုင်ပါသည်။ သိုလှောင်သိမ်းဆည်းနည်း ------------------------------- အစိုအခြေအနေ။ ။ - အပူချိန် (၀ ံ)စင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင် သိုလှောင်ပါက (၂ - ၃)ပတ်အထိ ထားနိုင်ပါသည်။ - အပူချိန် (၅ ံ- ၁၀ ံ)စင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင် သိုလှောင်ပါက (၂ - ၃)ရက် အထိထားနိုင်ပါသည်။ - အပူချိန် (၂၀ ံ- ၂၅ ံ)စင်တီဂရိတ်ရှိ အအေးခန်းတွင် သိုလှောင်ပါက (၄ - ၆)နာရီ အထိထားနိုင်ပါသည်။ - ရေခဲခြောက်ဗူးတွင် ထားသိုပါက (၄-၆)နာရီအထိ ထားနိုင်ပါသည်။ - အေး၍ စိုစွတ်သောနေရာတွင် ထားပါက (၂-၃)နာရီအထိသာ အထားခံပါမည်။ အခြောက်အခြေအနေ။ ။ - အခြောက်ခံပါက နေပြင်းပြင်းတွင် (၂)ရက်ခန့်အခြောက်ခံရပါမည်။ - အခြောက်ခံကိရိယာဖြင့် အခြောက်ခံပါက လေဝင်လေထွက်ရရှိသော အခြောက်ခံကိရိယာတွင် အပူချိန် (၄၁ ံ- ၄၃ ံ)စင်တီဂရိတ်၌ (၁၅)နာရီကြာ အခြောက်ခံရပါမည်။#credit
ဆက်စပ်မေးခွန်းများ
ယခုမှိုအထုပ်ကလေးများလုပ်၍အထုပ်ကလေးများကိုဖွင့်ပြီအထပ်လိုက်ပြုလုပ်ကာ စိုက်ပျိုးရသော နည်းရှိသည်ဟုသိရပါသည်။မှို...
ဖြေကြားချက် 2 ခု
မှိုစိုက်ထုပ်ဘယ်မှာဝယ်လို့ရနိုင်မလည်း တစ်ထုပ်ဘယ်လောက်ပေးရမလည်း
ဖြေကြားချက် 3 ခု
ငွေနှင်းမှို မျိုးထုပ်ဘယ်မှာဝယ်လို့ရပါလဲခင်ဗျာ စမ်းပြီးစိုက်ကြည့်ချင်လို့ပါ လမ်းညွှန်ပေးကြပါအုံး (ကချင်ပြည်နယ်...
ဖြေကြားချက် 0 ခု
ငွေနှုင်းမှိုစာသုံးလျှင်ဘယ်လိုအကျိုးများရနိုင်ပါသလဲခင်ဗျာ
ဖြေကြားချက် 1 ခု
ငွေနှင်းမှို စိုက်ပျိုးနည်းလေးသိချင်ပါတယ်
ဖြေကြားချက် 1 ခု