အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

မင်္ဂလာပါ မြင်းခြံမှာစပျစ်စိုက်ချင်ပါတယ်။ မြေကြီးကို ဘယ်လိုပြုပြင်ပြီး စိုက်ပျိုးရမလဲ။ပြီးတော့ကျရောက်နိုင်မဲ့...

မင်္ဂလာပါ မြင်းခြံမှာစပျစ်စိုက်ချင်ပါတယ်။ မြေကြီးကို ဘယ်လိုပြုပြင်ပြီး စိုက်ပျိုးရမလဲ။ပြီးတော့ကျရောက်နိုင်မဲ့ပိုးမွှားအန္တရာယ်နဲ့ပြုစုပျိုးထောင်ပုံသိချင်ပါတယ်ခင်ဗျ။

စိုက်ပျိုးနည်း ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ

ဖြေကြားချက် ၂ ခု

27,452 လွန်ခဲ့သော ၈ နှစ် က

ကျနော် စပျစ်အကြောင်း သိသလောက်ပြောရရင် အပူပိုင်းဒေသတွေမှာ မြေချဉ်ငံကိန်း pH 7-7.5 လောက်မှာဖြစ်ထွန်းပါတယ်။ စားတဲ့စပျစ်အုပ်စုပေါ့နော်။ ဥပမာ italy no 3 လိုမျိုး အညိုသီး (အချွန်းသီး) အုပ်စုမျိုး Bigblack အုပ်စုလိုမျိုးပေါ့ဗျာ။ သဲနုန်းမြေမှာ သဲပါဝင်မှုများတဲ့ မြေမှာ ပိုမိုဖြစ်ထွန်းပါတယ် ။ရေပေးသွင်းမှု စနစ်မှာတော့ ရေငံခဲ့မယ်ဆိုရင်တော့ အပင်မဖြစ်ထွန်းသလို မြေလဲပျက်နိုင်တဲ့အတွက် ရေကိုလည်း စစ်ဆေးသင့်ပါတယ်။ ပိုးရောဂါအနေနဲ့ကတော့ မှိုဖြူ ဒေါင်းမြီးကွက်ရောဂါ ရိုးမဲစသဖြင့်ဖြစ်တတ်ပြီး ကိုင်းဖြတ်ချိန် မိုးဦးကာလ အသီးဖမ်းမှာတော့ ရိုးမဲရောဂါကို အထူးဂရုပြုရပါမယ်။ ကော့ပါးပါတဲ့ဆေးအုပ်စု ဒါမှမဟုတ် ဘော်ဒို ဒါမှမဟုတ် လိုင်းဆာလဖာ ဆေးတွေဟာ စပျစ်အတွက် မရှိမဖြစ်ဆေးတွေဖြစ်ပါတယ်။ကိုင်းဖြတ်ချိန် တနှစ် ၂ချိန်ရှိပြီး ကိုင်းဖြတ်စနစ်ဟာ စပျစ်စိုက်ပျိုးရေးအတွက် အရေးပါပါတယ်။ ကျေးဇူးတင်ပါတယ်။

27,452 လွန်ခဲ့သော ၈ နှစ် က

မြင်းခြံ ဘယ်ဖက်မှာစိုက်မှာလည်း မြင်းခြံနယ်တော်တော်များများ ကရေငန်တယ် စပျစ်က ရေငန်မကြိုက်ပါဘူး ဒါကြောင့် ရေချိုရ၊ မရ အရင်ကြည့်ပါအုံး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။