အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
118
လွန်ခဲ့သော ၆ နှစ် က · လယ်ဝေး

မြေပဲအထွက်တိုးအောင်မြေသြဇာအချိုးအစားဘယ်လောက်ထည့်ရမလဲဘယ်လိုအချိန်မှာပေါင်းသတ်ဆေးကိုဖျန်းရမလဲအသီးအပွင့်ဉများများ...

မြေပဲအထွက်တိုးအောင်မြေသြဇာအချိုးအစားဘယ်လောက်ထည့်ရမလဲဘယ်လိုအချိန်မှာပေါင်းသတ်ဆေးကိုဖျန်းရမလဲအသီးအပွင့်ဉများများဉအောင်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါဉီးစိုက်ပျိုးရေးပညာရှင်များလေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျ

4

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

စွယ်ချပြီးချိန်ထိ ဖျန်းပေးနိုင်ပါတယ်..

548 လွန်ခဲ့သော ၆ နှစ် က

ထုံးကန့်ဆေး ကို မြေပဲပင်ရဲ့ သက်တမ်းဘယ်အချိန်လောက်အထိ နောက်ဆုံးအနေနဲ့ ပတ်ဖြန်းပေးလို့ ရပါသလဲခင်ဗျ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မြေပဲအထွက်တိုးစေတဲ့အချက်တွေကိုပြောရရင်..(၁)သက်တမ်းတိုအထွက်ကောင်းမျိုးများပြောင်းလဲအသုံးပြုရန်(ဥပမာ..ဆင်းပဒေသာမျိုးများ)။(၂)သဲနုံးမြေ.နုံးစနယ်မြေမှာပိုသင့်လျော်ပါတယ်(စွယ်ဆင်းရလွယ်,ဥဖြစ်ထွန်းလွယ်)။(၃)မြေဆီအနေနဲ့ ပုလဲအိတ်ဝက်,တီစူပါ တစ်အိတ်,ပိုတက် တစ်အိတ်ရဲ့၄ပုံ၁ပုံ သုံးသင့်ပါတယ် (မြေအမျိုးအစားပေါ်မူတည်ပြီးကွာခြားနိုင်ပါတယ်)။(၄)ဂျစ်ပဆမ်ကျောက်မှုန့် အိတ်သေး၃အိတ်မှ၅အိတ်ထိထည့်ပေးသင့်ပါတယ်(မြေပဲခင်းမှာမဖြစ်မနေထည့်သွင်းအသုံးပြုရပါမယ်)။(၅)တန်းကြား ၁၅လက္မထားရပါမယ်(တစ်ဧကဝင်ဆန့်တဲ့အပင်အရေ အတွက်ပြည့်မီမှအထွက်ပန်းတိုင်ရနိုင်မှာပါ)။(၆)အပင်ငယ်စဥ် ၂ပါတ်သားအရွယ်မှပန်းမပွင့်ခင်ထိ ငါးအမိုင်နိုအက်စစ်၅ရက်တစ်ကြိမ်ဖျန်းပေးရပါမယ်(အပင်ကြီးထွားရွက်ဖျန်းအားဆေးပါ)။(၇)ပန်းစပွင့်ချိန်မှသီးတောင့်ဖြစ်ချိန်ထိ ပုလဲ+လက်ချားရွက်ဖျန်းအားဆေး၅ရက်တစ်ကြိမ်ဖျန်းပေးရပါမယ်။(၈)ဂျစ်ပဆမ်ကျောက်မှုန့်အသုံးပြုရာမှာ တစ်ဝက်ကိုမြေခံမှာသုံးပြီးကျန်တစ်ဝက်ကိုနောက်ဆုံးကြားဝင်ချိန်မှာထည့်ပေးသင့်ပါတယ်(ဥဖြစ်ထွန်းမှုကောင်းပြီးအစေ့အဆန်ပြည့်စေပါတယ်)။(၇)အသုံးပြုသင့်တဲ့ပိုးသတ်ဆေးတွေကတော့ တမာဆေး,ထုံးဒုတ္ထာဆေး,ထုံးကန့်ဆေးတို့ဖြစ်ပါတယ်(အကုန်အကျသက်သာပြီးထိရောက်သောဆေးများဖြစ်ပါတယ်..အလွယ်တကူကိုယ်တိုင်လုပ်နိုင်ပါတယ်)

175 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါbroရေ မြေပဲပေါင်းသတ်ဆေးကတော့ မက်တယ်ပေါင်းသတ်ဆေးကအကောင်းဆုံးပါပဲ မြေပဲစိုက်ပြီး၂ရက်မှ၃ရက်အတွင်းပေါင်းမြတ်ပင်တွေမပေါက်ခင်ပက်ဖျန်းပေးရပါတယ် အထွက်တိုးဖို့အတွက်ဆိုရင်တော့စိုက်ပျိုးမြေအမျိုးအစားလေးသိဖို့လိုပါတယ် ခုနှစ်မြေပဲအထွက်နှုန်းကတော့ ပဲဆံတစ်ပြည်ရဲ့အထွက်နှုန်း၅တင်းထိထွက်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မြေပဲ ပေါင်းသက်ဆေး ဘာဆေးသုံးရင်ကောင်းမလဲ။ ဆရာတို့

ဖြေကြားချက် 0 ခု

ဆားခါး နဲ့ ယမ်းစိမ်း ကို မြေပဲပင် ဘယ်နှရက်သား လောက်မှာ စဖျန်းပေးသင့်ပါသလဲ။em ၊faa တို့နဲ့ ရောဖျန်း ပေးလို့ရပါသ...

ဖြေကြားချက် 2 ခု

ပင် ပြန့်မြေပဲပါ အပင်ခြေမှာစွယ်လေးနည်နည်းချနေပြီ ပေါင်းလေးလည်းပေါက်နေတယ် ။အာ့ဒါပေါင်းနုတ် လို့ရသေးလားရှင့်

ဖြေကြားချက် 5 ခု

မြေပဲကရက်ပေါင်း.60.ပြည့်တော့မယ်နောက်စွယ်တွေက။ ပထမအတောင့်တွေကိုမှီပါအုံးမလား။ ဘာအားဆေးပက်ပေးရမလဲ‌ပြောပြပါအုံး။

ဖြေကြားချက် 2 ခု

မြေပဲ (၆၄)ရက်သားလေး ပေါင်းရှင်းခဲ့ရင် အောင်ပြီးသား အစွယ်တွေကို ထိခိုက်နိုင်ပါသလား။ အပင် အနောက်ယှက်ဖြစ်ပြီး...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။