အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သက်မင်းထွန်း
လွန်ခဲ့သော ၆ နှစ် က · ကြာအင်းဆိပ်ကြီး

ဘယ်လိုကာကွယ်ရမလဲ

ပိုးမွှားရောဂါ ဒူးရင်းသီး
Post image
Post image
2

ဖြေကြားချက် ၂ ခု

ကျော်သိင်္ဂါအောင်
ကျော်သိင်္ဂါအောင် 5,176 လွန်ခဲ့သော ၆ နှစ် က

ပထမပင်ပြလက္ခဏာပုံက သစ်​ခေါက်စားပိုး ကျ​ရောက်​နေပါတယ်။​ဆေးအ​နေနဲ့ ​ထိ​သေစား​သေအဆိပ်​ငွေ့အာနိသင်ရှိတဲ့ ပိုးသတ်​ဆေးတမျိုးမျိုးနှင်​ကော့ပါး​အောက်ဆီကလိုရိုဒ်ကို ​ရော၍​ရေဖြင့်ပစ်ပစ်​ဖျော်ပါ။ထို​နောက် သစ်​ခေါက်စားပိုး ဖျက်ဆီးထားသည့်ဒဏ်ရာများ​ပေါ်ကို သုပ်လိမ်း​ပေးပါ။ပို၍စိတ်ချရ​စေရန် ဒုတ္ထာနှင့်ထုံးကို​​ရေ​ရော၍ အရည်ပစ်ပစ်ရ​အောင်​မွေ​ပေးပါ။ထိုအရည်များကို အပင် ပင်စည်မှ အထက် သစ်​ခေါက်ပိုးဖျက်ဆီးထားသည့်ဒဏ်ရာအ​ပေါ်ထိ​ရောက်​အောင် သုပ်လိမ်း​ပေးပါအုံး။ဒုတိယပုံက​တော့ အပင်ပတ်လည်ကို ​သေခြာရှိမှ သိနိုင်မှာပါ။အပင်မှာ ပိုးစည်ထိုးပိုး ရှိမရှိ ​သေခြာစစ်​​ဆေးပါ။ပင်စည်ထိုးပိုးဟာ ​တောင်သူ့စီးပွားကိုပျက်ဆီး​စေနိုင်ပြီး ကူးစက်မှုလည်းမြန်​စေပါတယ်။ပိုးကျ​ရောက်ခြင်း မရှိတဲ့ အပင်အားလုံးကို ဒုတ္ထာနှင့်ထုံး​ရော၍ ပင်စည်​ခြေမှ အနဲဆုံး ၅ ​ပေအမြင့်ထိ​ရောက်​အောင် သုပ်လိမ်း၍ပတ်တီးစည်း​ပေးပါ။တပင်ကျ​ရောက်ပြီဆိုရင် ကျန်တဲ့အပင်များပါ ကူးနိုင်တဲ့အတွက် အမြဲကင်း​ထောက်စစ်​ဆေးပါ။

U Zaw Ye Thu
U Zaw Ye Thu 82,997 လွန်ခဲ့သော ၆ နှစ် က

Stem Borer(ပင်စည်ထိုးပိုး)အလွန်ဆိုးရွားပါသည်။ ဘဝစက်ဝန်း (၂)နှစ်ခန့်ရှိပြီး ဖျက်ဆီးကာလ ၇-၈ လခန့်ရှိသည်။ အသီးသီးအရွယ်ရောက်ပင်မှ ကျသည်။ အစာရေကြောစည်း အခေါက်ကို ကြောင်အိမ်လှေကားကဲ့သို့ စားသွားသဖြင့် မနှိမ်နင်းနိုင်ပါက အပင်သေပါသည်။ ပိုးကျစ်စာတွေ့ပါက သံချွန်ဖြင့်အခေါက်ခွာ၍ ပိုးကောင်ရေ ဖယ်ရှားခြင်း။- ပိုးရှိသော အပေါက်ထဲသို့ ပိုးသတ်ဆေးတစ်မျိုးမျိုး ၅ စီစီထည့်ပြီး ရွှံ့ဖြင့်ပိတ်ခြင်း။- ဆိုင်ကလုန်း (ပိုလိုကလိုဒီဖော့+ဆိုက်ဖာ) ပိုးသတ်ဆေးကို ၁ လ တစ်ကြိမ်ဖျန်းခြင်းတို့ လုပ်ပေးရမည်။အခြားပိုးများဖြစ်သော Local fruit borer (သီးလုံးဖောက်ပိုး), Beetles (ကျိုင်းကောင်းများ), Leaf cutter အနည်းအကျဉ်း ကျနိုင်သော်လည်း လွယ်ကူစွာ နှိမ်နင်းနိုင်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။