အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၆ နှစ် က · မြစ်သား

ကြက်သွန် စိုက်ထားပြီး ၁၀ရက်ရှိပါပြီ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်လည်းဗျ ရောဂါပိုးမကြခင်ဘာဆေးတွေသုံးသင့်လည်း အတွေု...

ကြက်သွန် စိုက်ထားပြီး ၁၀ရက်ရှိပါပြီ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်လည်းဗျ ရောဂါပိုးမကြခင်ဘာဆေးတွေသုံးသင့်လည်း အတွေုကြုံရှိသူများနှင့် တက်သိပညာရှင်များ လမ်းညွန်ပေးကြပါအုံး ခုမှကြက်သွန်စစိုက်ဖူးတာမို့ပါ

စိုက်ပျိုး ဗဟုသုတ ကြက်သွန်နီ ကြက်သွန်နီအပင်အာဟာရ

ဖြေကြားချက် ၁ ခု

80,436 လွန်ခဲ့သော ၆ နှစ် က

အပင်ပြုစုခြင်း ကြက်သွန်ကိုအောင်မြင်စွာ စိုက်ပျိုးနိုင်ရန် အတွက် ပေါင်းကို နိုင်ရန် အရေးကြီးသည်။ ကြက်သွန်သည် ပေါင်းနှင့် မယှဉ်ပြိုင်နိုင်ပေ။ ပေါင်းလိုက်ရာ၌ အပင်ကလေးများကို မထိခိုက်ရန် သတိပြုရသည်။ ကြက်သွန်၏ အမြစ်သည် မြေ၏ အပေါ်ယံ အပိုင်းတွင်သာ ရှိနေသောကြောင့် အမြစ် မထိခိုက်စေရန် သတိပြုရမည်။ အရွက်များ စတင်ကျချိန်တွင် ပေါင်းလိုက်ရန် မလိုတော့ချေ။ ရွှေ့ပြောင်းစိုက်ပြီး တစ်လအကြာတွင် ဒုတိယအကြိမ် ယူရီးယား ဓာတ်မြေသြဇာကို အတန်းကြားတွင် ချပေးပါ။ မြေ အလွန်ကြပ်နေက နွားချေး၊ မြေဆွေး ထပ်မံ ထည့်ပေးပါ။ ၁၀။ ရေသွင်းခြင်း မြေအမျိုးအစားနှင့် ရာသီဥတုပေါ် မူတည်၍ ရေသွင်းသည့် အကြိမ်တူမည် မဟုတ်ပေ။ ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိရန် လိုအပ်သည်။ ရေသွင်းချိန်ရောက် မရောက်ကို ကြက်သွန်ပင်များ၏ အခြေအနေကို ကြည့်၍ အကဲခတ်နိုင်သည်။ ရေကို မလိုပဲ ရေသွင်းက ရောဂါကျတတ်သည်။ ကြက်သွန်ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ ရေ လိုအပ်မှုများပါက ဥခွခြင်း၊ မရင့်မီ အနှံထွက်လာတတ်သည်။ မြေ အလွန်ခြောက်အောင်ထားပြီးမှ ရေသွင်းက ကြက်သွန်၏ အခွံ အက်ကွဲတတ်သည်။ သာမာန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ရေပေးရသည်။ ရာသီဥတု ပူပြင်းပါက ၄-၅ ရက်ခြား တစ်ကြိမ်ခန့် ရေပေးသွင်းရန် လိုသည်။ အရွက်များ စတင် ကျလာချိန်တွင် ရေသွင်းခြင်းကို လုံးဝ ရပ်လိုက်ပြီး ကြက်သွန် အမြိတ်များကို လုံးဝ ရပ်လိုက်ပြီး ကြက်သွန် အမြိတ်များကို စုစည်း ချည်နှောင်ပေးခြင်း၊ ဆံမြိတ် ထုံးပေးခြင်းကို ပြုလုပ်ရမည်။ မတူးခင် ရေကို ၁၀ရက် ကြိုဖြတ် ထားရမည်။ ရေမဖြတ်ပါက အခွံပါးပြီး အထားမခံပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။