အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,625
လွန်ခဲ့သော ၅ နှစ် က · အိမ္မဲ

မဂ်လာပါ စိုက်ပျိုးရေးပညာရှင်များနင့်တောင်သူဦးကြီးခဗျာဒီနှစ်2020မိုးစပါးပြီးရင် ကျနော်မတ်ပဲစိုက်မလို့ပါဧရာဝတီ...

မဂ်လာပါ စိုက်ပျိုးရေးပညာရှင်များနင့်တောင်သူဦးကြီးခဗျာဒီနှစ်2020မိုးစပါးပြီးရင် ကျနော်မတ်ပဲစိုက်မလို့ပါဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်ဘက်ကပါ ကျနော်သိချင်တာကအရင်နှစ်က ကျနော့ မတ်ပဲကစိုက်ပြီးအရွက်3ရွက်အရွယ်ကနေစပြီး နုတ်လို့ရတဲ့အထိ အပင်ကတဖြည်းဖြည်းနဲ့တပင်ကနေအပင်အများကြီးသေနေလို့ဘာ​ဆေးမှ​ ​ဖြ​​န်​းလို့မရဘူးမြေကြီးကိုပြင်ရမလား ပြင်ရင်ဘာလိုအပ်လဲပြောပြပေးပါဦး

စိုက်ပျိုး ရေ မတ်ပဲ မတ်ပဲအပင်သေခြင်းပြဿနာ
Post image
Post image
6

ဖြေကြားချက် ၆ ခု

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၅ နှစ် က

မနှစ်ကမှ စဖြစ်တာလား ၃ရွက်ကနေ စပြီးသေတာဆို ဖြစ်နိုင်တာက မြေကြီးအစိုဓာတ်အရမ်းများတဲ့ အနေအထားတွေမျိုး မျိုးစေ့ချပြီး မိုးမိတဲ့အနေအထားမျိုးမှာ မြေကြီးအစိုဓာတ်များလွန်းရင် ပင်စည်ထိုးယင်ကျလို့ အပင်ငယ်စဥ်မှာ အပင်တွေ တော်တော်များများသေတာတွေ အပင်၁လသားကျော်သွားရင်လည်း ကျန်ခဲ့တဲ့အပင်တွေမှာ အမြစ်နဲ့ ပင်စည်တွေကို အပင်ငယ်စဥ်က ပင်စည်ထိုးယင်တိုက်ခိုက်ခံထားရတဲ့အတွက် အသီးတင်နည်းတာတွေ အပင်ပုံစံမမှန် အသီးစံချိန်မမှီတာတွေဖြစ်တတ်ပါတယ် ပင်စည်ထိုးယင်ကျတဲ့အခင်းဆို အဝေးက​ေနကြည့်လိုက်ရင် ပဲပင်က အရွက်အရောင်မညီတာတွေ့ရလိမ့်မယ် ပဲပင် ရဲ အမြစ်ကို ခွဲကြည့်ပါက တချို့ပင်တွေမှာ လောက်ကောင်သေးသေးလေးတွေ ရုပ်ဖုံးလေးတွေ တွေ့ရနိုင် ကာကွယ်မယ်ဆို မျိုးစေ့လူးနယ်ဆေး အသုံးပြုပါ မိုးမိတဲ့အနေအထားဆို ပင်လုံးပြန့်ဆေးတခုခု ဖျန်းပါ နောက်တခုဖြစ်နိုင်တာက အသီးကင်းဝင်တဲ့အချိန် ပန်းစပွင့်တဲ့အချိန်မှာ အသီးတန်းလန်းနဲ့သေတာပါ ဖျူစေရီယမ်ရောဂါကြောင့်ဖြစ်တာပါ ဖျူစေရီယမ်ရောဂါလက္ခဏာကျတော့ အပင်နှုတ်ကြည့်လိုက်ရင် မြစ်ဖုတွေပုပ်နေမယ် ပင်စည်နှစ်ခြမ်းခွဲကြည့်ရင် အစာရေကြောစည်း ညို့နေတာတွေ့ရလိမ့်မယ် ဖြစ်မှလိုက်ကုရင် ကုလို့နိုင်တာနည်းပါတယ် ကာကွယ်မယ်ဆို ထရိုင်ကိုဒါးမားဇီဝ မှိုဆေး / မှိုမျိုး / မြေသြဇာ ရှာဖွေ အသုံးပြုပါ နောက်တခုက PH 4 အောက်တွေ PH အရမ်းနိမ့်တဲ့ အနေအထားတွေမှာ အပင်သေတာတွေ ရောဂါ အဝင်လွယ်တာတွေ ဖြစ်တတ်တယ် PH တိုင်းကြည့်ပါ PH နိမ့်ရင် ထုံးထည့်ပါ

1,625 လွန်ခဲ့သော ၅ နှစ် က

အဲ့လိုသေနလေို့

1,625 လွန်ခဲ့သော ၅ နှစ် က

နုတ်လိုက်ရင်အမြစ်ကနာပြီးအပင်ကအလိုလိုတပင်ပြီးတပင်​​သေတာများလာတယ် အစ်မ

1,625 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါအကို

270,769 လွန်ခဲ့သော ၅ နှစ် က

အရင်နှစ်ကမတ်ပဲသေတာမှာ ဘယ်လိုလက္ခဏာတွေတွေ့ရလဲရှင့်။ ဓာတ်ပုံလေးများရိုက်ထားတာရှိရင်လည်း တင်ပေးပါ

174 လွန်ခဲ့သော ၅ နှစ် က

ပေါင်းသတ်ဆေးလျော့သုံးပါထုံးသုံးပေးပါ EM ငါးအမိုင်နိုသုံးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။