ဖြေကြားချက် ၂ ခု
ဟုတ်ကဲ့ အရင်ဆုံး စပါးပင်ရဲ့ ကြီးထွားမှု အဆင့်တွေအကြောင်းကို ပြောပြချင်ပါတယ် စပါးပင်မှာက ကြီးထွားမှုအဆင့် ၃ဆင့်ရှိပါတယ် ပထမအဆင့်က Vegetative stageလို့ ခေါ်တဲ့ ပင်ပိုင်းကြီးထွားမှုအဆင့်ပါ သူကတော့ အစေ့အပင်ပေါက်တာကနေ ပင်ပွားအများဆုံးထွက်တဲ့အချိန်ထိ ဖြစ်ပါတယ် သူရဲ့သက်တမ်းကတော့ သက်လျင် သက်လတ် သက်ကြီး ဆိုတဲ့ မျိုးတွေပေါ်မူတည်ပြီး ကွာခြားမှုရှိပါတယ် ယေဘုယျအားဖြင့်တော့ ၃၀-၃၅ အနည်းဆုံး ရှိပါတယ် နောက်ထပ်တစ်ဆင့်ဖြစ်တဲ့ Reproductive stage သူ့ကိုတော့ မျိုးပွားမှုအဆင့်လို့ ခေါ်ပါတယ် သူက အနှံထွက်တာတွေ ပန်းပွင့်တာတွေ ခေါင်နှံတည်တာတွေ အဲ့ဒါတွေပါတဲ့အဆင့်ပါ သက်တမ်းအားဖြင့်တော့ ပျမ်းမျှ ၃၀ ရက် ကြာတတ်ပါတယ် နောက်ဆုံးတစ်ဆင့်ကတော့ Ripening stageလို့ခေါ်တဲ့ ရင့်မှည့်တဲ့အဆင့်ပါ သူကတော့ စပါးနို့ရည်တည်တဲ့အဆင့်ကနေ ရိတ်သိမ်းလို့ရတဲ့အထိပါ သက်တမ်းအားဖြင့် ၃၀ရက် ဝန်းကျင်ရှိတတ်ပါတယ် အခုလောက်ဆိုရင်တော့ အဖြေရပြီလို့ ထင်ပါတယ်နော်
အနှံလောင်းဖြစ်စချိန်ထိ ရက်ပေါင်း ၆၀-၈၀ ဝန်းကျင်လောက်ထိ ပင်ပိုင်းကြီးထွားမှုအဆင့်ပါ။ စပါးပင်သက်တမ်းလိုက်တော့ကွာခြားမှုရှိနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ကဲစပါးပြီးစပါးဆင်းသုခစပါးရိတ်ပြီး၍ နောက်တစ်ကြိမ်ပခန်းစပါးကြဲပက်ပြီးပါ ပြီး ဘယ်နှစ်ရက်သားမှာဘာအစာကြွေး ဘာပိုး...
ဖြေကြားချက် 4 ခု
မဂ်လာပါဗျစပားပင်ကလိုအပ်တာထက်ပိုရှည်နေရင်စပါးပင်မဖြတ်ပဲေတာင့်အောင်ဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 5 ခု
မဂျမ်တော စပါးပါ ခင်မျာ အပင်အရပ်မြင့်လွန်းလို့ လေမိုးမိရင် လဲမှာစိုးရိမ်နေရပါတယ် ခေါင်းဖြတ်ပေးသင့်ပါသလားခင်မျာ...
ဖြေကြားချက် 4 ခု
မြေပြင်နည်းစနစ်.....ရေသွင်း...ဆေးကြွေးနည်းစနစ်
ဖြေကြားချက် 1 ခု
ရတနာတိုးစပါးစိုက်ပျိုးနည်း
ဖြေကြားချက် 1 ခု