ခရမ်းချည်သီးထဲကပိုးတွေပါ ပိုးကအပြင်မှာခုန်နိုင်ပါတယ် ဘာဆေးဖျနိးရမှာလဲ လမ်းညွှန်ပေးပါရှင့်
ခရမ်းချဥ်မှာ သီးထိုယင်ကျတာပါ သီးထိုးယင် က ဥ ဥ သွားပြီး နောက်တစ်ဆင့် လောက်ကောင်ဖြစ်တာပါ သီးလုံးဖောက်ပိုးက သက်သက်ပါ Methyl Euganol သုံးခြင်း အဂါရောင် sticker ထောင်ခြောက်များ အသုံးပြုခြင်း chlorpyrifos. abamatin.Dinotefuran .cartap. စသဖြင့် ဆေးတစ်ခုခု သုံးစွဲ ခြင်း သီးထိုးယင် ထိုးထားသော အသီးများအားြေမြူပ်ဖျက်ဆီး ပစ်ခြင်းတို့ပြုလုပ်ပေးသင့်ပါတယ်
ကျေးဇူးပါရှင့်
သီးလုံးဖောက်ပိုးကျရောက်နေတာပါ။ လောက်ကောင်က မြေကြီးထဲမှာ ရုပ်ဖုံးပြုလုပ်သည့်အတွက် စိုက်ဘောင်ကို ပလပ်စတစ်အုပ်ပြီး ကာကွယ်နိုင်ပါတယ်။ ပိုးသတ်ဆေးအနေနဲ့ ကလိုပိုင်ရီဖော့စ် Chlorpyrifos / ဆိုက်ပါမီသရင် Cypermethrin ပါဝင်တဲ့ ပိုးသတ်ဆေး ကို သုံးစွဲ နိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ခရမ်းချည်သီးများစသီးနေပေမဲ့ အသီးအတွင်းမှာပိုးများပါနေလို့ လိုအပ်တာပြောပေးပါရှင့် အခုမှစ စိုက်ဖူးလို့ပါ
ဖြေကြားချက် 4 ခု
သီးလုံးဖောက်ပို့များကိုဘယ်လိုဆေးမျိူးနဲ့နိုမ်နင်းလို့ရပါသလဲ
ဖြေကြားချက် 3 ခု
အခုချိန်ဆိုအမြဲလိလို သီးလုံစဖောက်ပိုးမနိုင်ဘူး ဆေးနည်းပြောကြပါအုံး
ဖြေကြားချက် 2 ခု
ခရမ်းချဥ်သီးလုံးဖေါက်ပီုးဘာဆေးအကောင်းဆုံးလည်းဗျ မှဲ့ပျောက်စွန်းပျောက်အောင်ဘာဆေးသုံးရမလည်း
ဖြေကြားချက် 1 ခု
ခရမ်းချဥ်သီးလုံးဖောက်ပီုး ဖားဥမှို မှဲ့ပျောက်စွန်းရောဂါဘာဆေးသုံးရမလည်းဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။