ဖြေကြားချက် ၃ ခု
ပဲယင်းကို မြေအမျိုးအစား အတော်များများမှာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ ရေစီးရေလာကောင်းတဲ့ နုန်းမြေတွေနဲ့ မြေဩဇာကြွယ်ဝတဲ့ သဲနုန်းမြေတွေမှာတော့ ပိုပြီးသင့်တော်ပါတယ်။ ဒါပေမယ့် ဆားပေါက်တဲ့မြေ၊ သဲဆန်တဲ့မြေနဲ့ ရေဝပ်တဲ့မြေတွေမှာတော့စိုက်သင့်ပါဘူးဗျ။ - ပဲယင်းစိုက်မယ့်မြေကို ထယ်နက်နက်တစ်ကြိမ်နဲ့ ထွန်ရေးနှစ်ကြိမ်ဝင်ပြီး မြေပြင်သင့်ပါတယ်။ စိုက်မယ့်မြေမှာရှိတဲ့ ပေါင်းမြက်အမှိုက်တွေနဲ့ ရိုးပြတ်တွေကို ရှင်းပေးပါ။ - ထယ်ထိုးထွန်မွှေနေစဉ်အတွင်း သဘာဝမြေဆွေးများ၊ နွားချေးများ ထည့်ပေးပါ။ ဓာတ်မြေဩဇာများအဖြစ် ပုလဲ (၆-၈) ပြည်၊ တီစူပါ (၂၀-၂၄) ပြည်နှုန်းဖြင့် ထည့်ပေးပါ။ - ပဲယင်မျိုးစေ့တွေကို တန်းကြား (၁၀-၁၂) လက်မ၊ ပင်ကြား (၄-၅) လက်မ ထား၍ အတန်းလိုက်စိုက်ပါ။ မျိုးစေ့တွေကို မြေကြီးအနက် တစ်လက်မထားစိုက်ပြီး ရေအနည်းငယ်ဖျန်းပေးပါ။
ဆက်စပ်မေးခွန်းများ
ပဲယင်းစိုက်နည်းလေးသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ပဲယင်းစိုက်ပျိုးနည်းလေး တင်ပေးပါ
ဖြေကြားချက် 1 ခု
ပဲယင်း အပင်ပုမျိုး စိုက်ပျိုးနည်း ရိတ်သိမ်းချိန်အထိပြုစုပျိုးထောင်နည်းလေးသိချင်ပါတယ် ဖြေပေးကြပါအုံးရှင်
ဖြေကြားချက် 2 ခု
ပဲယင်းနီက စွပ်ပဲလား နုတ်ပဲလားခင်မျာ စိုက်ချင်လို့ပါ။
ဖြေကြားချက် 0 ခု
17ရက်သားပဲရှိသေးတယ်ပိုးကျနေလို့ဘာဆေးသုံးရမလဲဆရာတို့
ဖြေကြားချက် 3 ခု