ဖြေကြားချက် ၁ ခု
ဟုတ်ကဲ့ပါခင်ဗျာ့ (EM2) အီးအမ်အပြင်း အော်ရဂျင်နယ် EM1(Orginal EM1) တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရနိုင်ရာ တစ်လီတာ၊ ရေသန့် ၂၀ လီတာ အားလုံးကိုရောပြီး အေး၍ ခြောက်သွေ့သော နေရောင်တိုက်ရိုက်မထိသော နေရာတွင် ရက် ၃၀ ထားပါ။ ရက်ပြည့်လျှင် အသုံးပြုနိုင်ပါသည်။ (Em2) အီးအမ်အပြင်းကို ပိုးဆေး၊ မှိုဆေး၊ ငါးအမိုင်နို အက်ဆစ် ဖော်စပ်ရာတွင် ရောစပ်အသုံးပြုနိုင်သည်။ EMအပြင်းအကြောင်းနှင့်အသုံးပြုပုံအပြည့်အစုံကိုအောက်ပါLinkတွင်ဝင်ရောက်လေ့ာနိုင်ပါတယ်။ https://greenwaymyanmar.org/article/124227 ထရိုင်ခိုဒါးမားမှိုကို အသုံးပြုပုံ ထရိုင်ကိုဒါးမားမှိုကို အသုံးပြုပုံနှင့် နှုန်းထားများသည် ဖော်စပ် ထုတ်လုပ်ထားသည့် နည်းစနစ်ပေါ်တွင် မူတည်ပါသည်။ ၎င်းကို- -မှိုပေါက်ပွားသည့် အာဟာရပြင် (အခဲ/အရည်) ပေါ်တွင်မွေးမြူထားပြီး မှိုစပိုးကို ထုတ်ယူ သုံးစွဲခြင်း -ပွားစာများ (နှံစားပြောင်း၊ ပြောင်းဖူး၊ ဂျုံစေ့၊ ဂျုံဖွဲ+သကာရည်၊ ဆန်ကွဲထမင်း) ကို အသုံးပြု၍မွေးမြူခြင်း -မှိုစပိုးများကို သင့်တော်သည့် အမှုန့်တစ်မျိုးဖြင့်ရောစပ်၍ ဘူးများတွင် ထည့်၍ရောင်းချခြင်း -သစ်ဆွေးမြေ (Peat soil) တွင်မွေးမြူ၍ ခဲအိပ်များတွင် ထည့်၍ရောင်းချခြင်း စသည်ဖြင့်ပုံစံ အမျိုးမျိုး ထုတ်လုပ်ရောင်းချ သုံးစွဲကြပါသည်။ ထရိုင်ခိုဒါးမားအကြောင်းအပြည့်အစုံကိုတော့အောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.org/article/9756 ကျေးဇူးတင်ပါတယ်ခင်ဗျာ့။
ဆက်စပ်မေးခွန်းများ
နဂါးမောက်စိုက်ပျိုးနည်းသိချင်ပါတယ် ရှင့်
ဖြေကြားချက် 1 ခု
ကျွန်တော့် နဂါးမောက်တွေက အပင်အားနည်းလို့လား မိုးမရွာသေးလိုု့လားမသိဘူးဗျ အပွင့်ပွင့်ပြီး အသီးမတင်ဘူးဖြစ်နေတယ်ဗျ...
ဖြေကြားချက် 0 ခု
ဘယ်အချိန် ဘယ်လ စပြီး စိုက်ပျိုးသင့်ပါသလဲ။
ဖြေကြားချက် 4 ခု
နဂါးမောက်သီးယို ပြုလုပ်နည်း သိချင်ပါတယ်ခင်ဗျာ။
ဖြေကြားချက် 1 ခု
နဂါးမောက်ပင်စတင်စိုက်ပျိုးသည့်ချိန်မှစ၍ဘယ်နှရက်တွင်အမြစ်များစတင်ထွတ်ပါလဲခင်ဗျား၊ဘယ်လိုဂရုစိုက်သင့်လဲဆိုတာ အသေး...
ဖြေကြားချက် 2 ခု