ဖြေကြားချက် ၁ ခု
နွေနှမ်းကို ဖေဖော်ဝါရီလ မှ မတ်လနောက်ဆုံးပါတ်အတွင်းစိုက်သင့်ပါတယ်။ရေသွင်းစိုက်မယ်ဆိုရင် (၁)မြေပြင်ကိုညီညာအောင်ပြင်၍ ရေလွှမ်းပြီးစိုက်တာရယ် (၂)ဘောင်ဖော်၍ ဘောင်ပေါ်မှာစိုက်တာရယ် ဆိုပြီး၂မျိုးရှိပါတယ်။ကိုယ်အဆင်ပြေမဲ့နည်းနဲ့စိုက်နိုင်ပါတယ်။မြေကိုညီညာအောင်ပြင်ပြီးစိုက်မယ်ဆိုရင် ရေသွင်းတဲ့အခါ မြေအနက်၁ပေခန့်အထိအစိုဓာတ်စိမ့်ဝင်အောင်ရေသွင်းပေးရပါမယ်။အပေါ်ယံမြေသားစိုဖန့်ဖန့်အနေထား (ဥပမာ..မိုးဖွဲဖွဲရွာထားတဲ့အနေအထားခန့်)ရှိနေရင်ရပါပြီ။တန်းကြား၁၅လက္မထားစိုက်ပြီး ကိုင်းဖြာမျိုးကိုအသုံးပြုသင့်ပါတယ်(ဆင်းရတနာ.၃)။ဘောင်နဲ့စိုက်မယ်ဆိုရင်ဘောင်ကြားထဲရေသွင်းပြီးဘောင်နှုတ်ခမ်းရေထိရုံဘဲရေသွင်းရပါမယ်။အများအားဖြင့် တပင်တိုင်မျိုးတွေကိုဘောင်နဲ့စိုက်ကြပါတယ်(ဆင်းရတနာ.၄)။တပင်တိုင်မျိုးကို တန်းကြား ၁၂လက္မထားပြီးစိုက်သင့်ပါတယ်။နှမ်းပင်မှာရေအလိုအပ်ဆုံးအချိန်တွေက အပင်ကြီးထားစဥ်ကာလ..ပန်းပွင့်ချိန်ကာလ နဲ့ သီးတောင့်ဖြစ်တည်ချိန်တွေဖြစ်တာမို့အဲဒီအချိန်တွေမှာ ရေသွင်းရပါမယ်။(ပန်းစပွင့်ပြီဆိုရင် ပုလဲ+လက်ချားရွက်ဖျန်းပွင့်သီးအားတိုးဆေးဖျန်းပေးပါ)
ဆက်စပ်မေးခွန်းများ
မိုးနှောင်းနှမ်းကိုဘယ်နည်းစနစ်စိုက်ပျိုးရတာလဲနှမ်းပင်ပေါက်လာရင်လဲဘယ်လိုပြုစုရသလဲမလိုပြောပြပါလားဗျာ
ဖြေကြားချက် 3 ခု
မိုးနှောင်းနှမ်းကိုဘယ်လိုပြုစုပေးရတာလဲသိချင်လို့ပါနည်းစနစ်လေးပြောပြပေးပါလားဗျ
ဖြေကြားချက် 0 ခု
ဆောင်းနှမ်းစိုက်တာတစ်လကျော်သွားပြီ.. ပေါင်းလဲရှင်းပီးသွားပြီ...ပျမ်းမျအပင်ရွယ်၄လက္မ ဘာတွေဆက်လုပ်ရမလဲခဗျာၤ.....
ဖြေကြားချက် 0 ခု
နှမ်း ရိတ်ချိန်ကိုဘာကြည့်ပြီးမှသိနိူင်မလည်း
ဖြေကြားချက် 2 ခု
နှမ်း
ဖြေကြားချက် 1 ခု