အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၅ နှစ် က · တန့်ဆည်

စပါးခင်းတွေအနှံထွက်လုနီးလဲတာဘယ်လိုလုပ်ကင်အဆင်ပြေမလဲပြောပေးပါ

စိုက်ပျိုး ဗဟုသုတ စပါး စပါးပင်ယိုင်လဲခြင်း
1

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

အနှံထွက်လုခါနီးမှယိုင်လဲရင်တော့ ကုစားဖို့ခက်ခဲပါလိမ့်မယ်၊ အပင်ယိုင်လဲတာဟာ စိုက်ပျိုးတဲ့မျိုး ၊စိုက်နည်းစနစ်နဲ့အပင်ပြုစုစောင့်ရှောက်မှုအခြေအနေများကြောင့်လည်းဖြစ်နိုင်ပါတယ်။ -ပထမအချက် အနေနဲ့ မျိုးကိုစဉ်းစားမယ်ဆိုရင် အပင်အရပ်ပုတဲ့မျိုးတွေကိုစဉ်းစားရမှာဖြစ်ပါတယ်၊ အထူးသဖြင့် ဒေသမျိုးတွေဟာ အထွက်ကောင်းမျိုးတွေလို အထွက်မကောင်းပေမဲ့လို့ အထွက်တည်ငြိမ်လုနည်းပါးမျိုးများဖြစ်ပါတယ်။ အပင်ယိုင်လဲသည့်တိုင်အောင် တံစဉ်လွတ်မဖြစ်နိုင်ပါ။ -ဒုတိယအချက်အနေနဲ့ကတော့ စိုက်နည်းစနစ်ကိုစဉ်းစားရမှာဖြစ်ပါတယ်၊ ပျိုးထောင်စိုက်ပျိုးတဲ့ စိုက်ခင်းတွေဟာ ကြဲပက်စိုက်ပျိုးသောအခင်းများ၊ seeder ဖြင့်စိုက်ပျိုးသော စိုက်ခင်းများသည့် စပါးပင်အမြစ်မှာအောက်တမန်းပြင်အတွင်း မရောက်ပဲ တမန်းအပေါ်မျက်နှာပြင်တွင်သာ ပေါက်ရောက်နေရာယူရသဖြင့် အပင်ကြီးလာသောအခါ၊ အထူးသဖြင့် စပါးနှံထွက်ချိန်တွင် အလေးချိန် မခံနိုင်သောကြောင့် အပင်ယိုင်လဲခြင်းများဖြစ်လေ့ရှိပါသည်။ - တတိယအချက်မှာ မြေဩဇာသုံးစွဲရာတွင်လည်း ယူရီးယားမြေဩဇာသည် ပင်ပိုင်းကြီးထွားသည့်အဆင့်တွင်သာ သုံးစွဲရန်အသင့်တော်ဆုံးဖြစ်၍ ပင်ပိုင်းကြီးထွားမှုကုန်ဆုံးသော အနှံထွက်၊ ပန်းပွင့်ချိန်တွင် ကျွေးပါက ပင်ပိုင်းကြီးထွားမှုကိုအားပေးပြီး၊အပင်အရပ်ရှည်ကာ ယိုင်လဲမှုများဖြစ်လာနိုင်ပါသည်။ - စတုတ္ထ အချက်အနေဖြင့် အပင်စိပ်စိပ်စိုက်ခြင်းဟာလည်း အပင်ယိုင်လဲမှုကိုဖြစ်ပေါ်စေတတ်သဖြင့် မိမိစိုက်ပျိုးမဲ့မျိုးရဲ့သတ်မှတ်ထားတဲ့ ပင်ကြား၊တန်ကြား အကွာအဝေး အတိုင်းစိုက်သင့်ပါတယ်။ အပင်စိပ်စိပ်စိုက်ခြင်းဖြင့် ဓါတ်မြေဩဇာနှင့် တခြား အာဟာရဓါတ်များအား အပင်အချင်းချင်းအပြိုင် လုယှက်စားသောက်ရသဖြင့် အပင်အရပ်ရှည်ပြီး ယိုင်လဲခြင်းများဖြစ်ပေါ်စေပါသည်။ ထို့အပြင် မိုးရေသောက် လယ်မြေများတွင် ‌ရေကိုသိုလှောင်ထားလေ့ရှိကြကာ ထိုသို့သိုလှောင်ထားခြင်းဖြင့် အပင်ငယ်စဉ်တွင် အသေအပျောက်များ၍ အပင်ကြီးလာလျှင်လည်း ယိုင်လဲမှုများဖြစ်ပေါ်တတ်ကြောင်း လေ့လာသိရှိရပါသည်။ (လူကြီးမင်း မေးခွန်းကို စိုက်ပျိုးရေးဦးစီးဌာန call center မှ ကူညီဖြေဆိုပေးထားတာဖြစ်ပါတယ်ရှင့်။)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။