အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Naw Eh Dah Htoo
လွန်ခဲ့သော ၅ နှစ် က · ထန်းတပင်

#ကျမတို့ဘက်ကတောင်သူတော်တော်များများက‌လယ်ယာမှာစပါးစိုက်ကြတာများပါတယ်။ မိုးစပါး၊နွေစပါးစိုက်ကြတော့လယ်မြေကမြေဆီလွှာပိုပျက်စီးလာပြီးအထွက်နှုန်းလဲကျဆင်းလာသလိုမြေဩဇာကုန်ကျစရိတ်လဲများပါတယ်။ #ဟိုးအရင်ကမိုးရာသီမှာစပါးစိုက်ပြီး၊နွေမှာမတ်ပဲစိုက်ကြပါတယ်။ခုနောက်ပိုင်းတော့မတ်ပဲလဲအထွက်နှုန်းမကောင်းကုန်ကျစရိတ်များပြီးဈေးမရတဲ့အတွက်စပါးပဲအဓိကစိုက်ကြတော့ပါတယ်။ #အဲဒါကြောင့် ကျမအနေနဲ့နွေရာသီမှာစပါးမစိုက်ပဲတခြားသီးနှံတစ်မျိုးပြောင်းစိုက်ချင်ပါတယ်။ #ခုလောလောဆယ်တော့နေကြာစိုက်ဖို့စိတ်ကူးထားပါတယ်။တစ်ခါမှတော့ နေကြာမစိုက်ဘူးပါဘူး။‌ေနကြာစိုက်ပျိုးနည်းအသေးစိတ်ကိုပြောပြပေးစေချင်ပါတယ်။ #လယ်မြေမှာစပါးအပြင်တခြားဘယ်သီးနှံတွေစိုက်ပျိုးသင့်လဲအကြုံပြုပေးစေချင်ပါတယ်။

စိုက်ပျိုးနည်း နေကြာ

ဖြေကြားချက် ၂ ခု

Naw Eh Dah Htoo
Naw Eh Dah Htoo 116 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ဆရာ ခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ။

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၅ နှစ် က

Naw Eh Dah Htoo ပြောသလိုဘဲစပါးပြီးစပါးစိုက်​ကြတယ်.မြေသြဇာတွေပိုသုံးလာတယ်။ဒါကြောင့်မြေဆီလွှာတွေပျက်စီးလာတယ်.သီးနှံအရည်အသွေးတွေစံချိန်မမှီတော့ဘူး.အထွက်တွေကျဆင်းလာတယ်။အဲဒီတော့သီးနှံပြောင်းစိုက်လည်းဖြစ်နေဦးမှာဘဲ။အဓိကအချက်က မြေဆီလွှာပြန်ကောင်းလာအောင်ပြုပြင်ပေးသင့်ပါတယ်။မြေသြဇာအလွန်အကျွံသုံးစွဲခြင်းမပြုဘဲစိုက်ပျိုးရေးအလေ့အကျင့်ကောင်းတွေနဲ့စိုက်ပျိုးရတော့မှာပါ။သဘာဝမြေသြဇာတွေ..သစ်စိမ်းမြေသြဇာတွေ (ပိုက်ဆံလျှော်..ပဲတစ်မျိုးမျိုး) နှစ်စဥ်သုံးစွဲကြမယ်ဆိုရင် တဖြေးဖြေးနဲ့ မြေဆီလွှာတွေကောင်းမွန်လာမှာပါ။မြေဆီလွှာပြုပြင်ရာမှာနေ့ချင်းညချင်းတော့ပြန်မကောင်းလာနိုင်ပါ.အချိန်ပေးရပါမယ်.သီးနှံကတော့ ကိုယ့်မြေဒေသ ရာသီဥတုနဲ့ကိုက်ညီတဲ့..စျေးကွက်ခိုင်မာတဲ့ သီးနှံကိုစိုက်ပျိုးသင့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။