အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,218
လွန်ခဲ့သော ၅ နှစ် က · လောင်းလုံ

စပါးဘက်တီးရီးယားရွက်​ခြောက်​ရောဂါဖြစ်ရ​ကြောင်းရင်း/​ဆေးမသုံးဘဲတခြားနည်းလမ်းရှိလား/​ဆေးသုံးရင်ဘယ်လို​ဆေးနှင့်...

စပါးဘက်တီးရီးယားရွက်​ခြောက်​ရောဂါဖြစ်ရ​ကြောင်းရင်း/​ဆေးမသုံးဘဲတခြားနည်းလမ်းရှိလား/​ဆေးသုံးရင်ဘယ်လို​ဆေးနှင့်ဆင်​ပြေနိုင်မလဲ​ကျေးဇူးပြု၍​ဖြေကြား​စေလိုပါတယ်ခက်ခဲ​တွေ့​နေလို့ပါခင်ဗျား

ဖြေကြားချက် ၅ ခု

1,218 လွန်ခဲ့သော ၅ နှစ် က

​ကျေးဇူးပါခင်ဗျား

100,154 လွန်ခဲ့သော ၅ နှစ် က

ရွက်ဖျားတွေကနေ စခြောက်တာဆိုရင်တော့ ဘတ်တီးရီးယားရွက်ခြောက်ရောဂါပါ ရွက်စင်းမဟုတ်ပါဘူး မနက်အစောပိုင်းမှာ အရွက်တွေကနေ စိမ့်ထွက်ရည်တွေ တွေ့ရမှသာ ဘတ်တီးရီးယားရောဂါဖြစ်မှာပါ တကယ်လို့ မထွက်ရင် အခြားဓာတ်ချို့တဲ့တာ ဖြစ်နိူင်ပါတယ် အခုက ရွက်ခြောက်ရောဂါလို့ယူဆပြီး ဖြေပေးပါ့မယ်ရှင့် ဘာကြောင့်ဖြစ်လဲဆိုရင် ရောဂါ ကူးစက်ခြင့်ကြောင့်လည်းဖြစ်နိုင်ပါတယ် ရေသွင်းရေထုတ်တွေ မိုးရေတွေကနေတစ်ဆင့် ကူးနိုင်ပါတယ် ပေါင်းမြက်တွေရှင်းထားပါ ဆေးအနေနဲ့က copper ပါတဲ့ဆေးတွေ ကာဇူကာမိုက်ဇင် ဆေး စတာတွေ သုံးနိုင်ပါတယ်

1,218 လွန်ခဲ့သော ၅ နှစ် က

​ကျေးဇူးတင်ပါတယ်ခင်ဗျားလက်ရှိ​နွေစပါး၁၀​ေဧကစိုက်ထားပါတယ်ရက်၂၀သားဖြစ်​နေပြီးရွက်ဖျား​တွေတဖြည်းဖြည်း​ခြောက်ပြီးများလာပါတယ်ဘာ​တွေ​ဆောင်ရွက်ရမလဲခင်ဗျား

25,198 လွန်ခဲ့သော ၅ နှစ် က

ဖြစ်ပွားသည့် အကြောင်းရင်းနှင့်ဖြစ်ပွားသည့်နေရာ စပါးဘက်တီးရီးယား ရွက်စင်းရောဂါသည် အပူချိန်နှင့် စိုထိုင်းဆ မြင့်မားသောဒေသတွင် ဖြစ်ပွားသည်။ မျိုးစေ့မှ တစ်ဆင့်သော်လည်းကောင်း၊ ရောဂါကျ အပင်၏ ရိုးပြတ်များမှ တဆင့်သော်လည်းကောင်း ကူးစက်နိုင်သည်။ ဘက်တီးရီးယားသည် အရွက်များပေါ်တွင် ရှိနေလျှင် (သို့မဟုတ်) ရေထဲ၊ ပင်ကြွင်း ပင်ကျန် အစိတ်အပိုင်းထဲတွင် ရှိနေလျှင် ထိုစပါးခင်းထဲ၌ ရောဂါဖြစ်ပွား နိုင်သည်။ ဤရောဂါသည် အာရှ၊ အာဖရိက၊ တောင်အမေရိကနှင့် သြစတြေးလျတိုက်များရှိ အပူပိုင်းနှင့်သမပိုင်း ဒေသများတွင် ဖြစ်ပွားလေ့ ရှိသည်။ ဤရောဂါသည် အပင်ငယ်စဉ်တွင် လည်းကောင်း၊ ပင်ပွား အများဆုံးအချိန်မှ အနှံ စတင်ထွက်ချိန်အထိ လည်းကောင်း ကျရောက် ဖြစ်ပွားနိုင်သည်။ စပါးပင်ရင့်များတွင် ကျရောက်လျှင် လွယ်ကူစွာ နလံထူနိုင်ပြီး အလေးချိန်လျော့နည်းမှုလည်း မရှိလှပေ။

82,997 လွန်ခဲ့သော ၅ နှစ် က

စပါးဘက်တီးရီးယားရွက်စင်းရောဂါ ​ဆောင်းပါးလေးထဲ ဝင်ရောက်လေ့လာနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။