ဖြေကြားချက် ၁ ခု
ကြက်သွန်နီဉ မျိုးကောင်းတဲ့ဉကို ရွေးပြီး step နှောင်းပိုငိး Nov လလယ်စိုက်၊ ရွှေဖလားမျိုးဆိုရင် သပ်တမ်း ဉ ကနေ အစေ့ရဖို့ ၁၅၀ - ၁၆၅ ရက်ကြာမယ်။ မျိုးဉ က အညှောင့်ထွက်နေပြီဖြစ်တဲ့ တူးပြီး( ရက် ၉၀ -၁၀၀ ရှိတဲ့ဉ) ဖြစ်ရမယ်။ တပိသာမှာ ညီတဲ့ အရွယ်အစား ဉ ၅၀ လုံးပါတာ အသင့်တော်ဆုံး အနေထားဖြစ်တယ်။သက်တမ် ၅_၆ လ ကြာတဲ့အတွက် ပေါင်းမြက်နှိမ်နင်းဖို့ ထယ်ရေးညက်ညက် အကြိမ်ကြိမ်ထိုးရမယ်။အညှောင့်ထွက်နေတဲ့မျိုးဉကို ဉရဲ့ ၄ ပုံ ၁ပုံ ပိုးသတ်ထားတဲ့ဓါးနဲ့ဖြတ်ပြီး အရိပ်ထဲမှာ ၂ု၄ နာရီ ထားပါ။၁၂x၈ သို့ ၁၂x၁၀ ပင်ကြားတန်းကြား အကွာအဝေးထားပြီး စိုက်ကျင်းတူး မှိုသတ်ဆေးထည့် မျိုးဉ ထည့်စိုက်ပါ။ မျိုးဉပေါ်မှာ မြေလက်မဝက်ဖုံးပါ။ မြေပြင်ချိန် တစ်ဧက နွားချေးမြေဆွေးနဲ့ တီစူပါတစ်အိတ်နဲ့ ပိုတက်အိတ်ဝက်ထည့်ပါ။ စိုက်ပြီး ၁ လ ပန်းဖူးတံထွက်ချိန် တစ်ဧက ယူရီးယား၁အိတ်၊တီစူပါ၁အိတ်၊ပိုတက်အိတ်ဝက်ကို မြေဆွေး ၃ အိတ်နဲ့ ၁ ညနှပ်ပြီး ကျွေးပါ၊စိုက်ပြီး ၂ လ ခွဲ ယူရီးယား ၁ အိတ်နဲ့ပိုတက်အိတ်ဝက်ကို မြေဆွေးနဲ့ တညနှပ်ပြီး ကျွေးပါ၊ကြက်သွန်ခင်းမစိုလွန်း မခြောက်လွန်းသောအနေအထားဖြစ်အောင်ရေပေးပါ၊ရာသီဉတုပေါ်မူတည်ပြီး ၄-၅ ရက်ခြားတစ်ကြိမ် ရေသွင်းပါ၊ စနစ်တကျပေါင်းနှိမ်နင်းပါ၊ပေါင်းလိုက်ခြင်းကို တရာသီ ၄-၅ ကြိမ်လုပ်ရမှာ အမြစ်ကို မထိခိုက်အောင်သတိထားရမယ်။ လိုအပ်လို့ ဆေးဖြန်းတဲ့အခါ ပန်းပွင့်လုံးကို မထိအောင်ဂရုစိုက်ပါ၊ပန်းမပွင်မှီ တစ်ကြိမ် အပင်မညီတာကို ဖယ်မယ်။ ပန်းပွင်ချိန်မှာ အပွင့်မညီတာကို အနည်းဆုံး ၂ ကြိမ် ဖယ်ပါ။ မရိပ်မှီ အစေ့ရင့်မှည်ချိန်မှာ ဖယ်ပါ။ပန်းပွင့်အရောင်မတူတာ ပုံမှန်မဟုတ်တဲ့ အပင်တွေကို ဖယ်ပါ။ပန်းခိုင်က ရင့်မှည့်အသီး အက်ကွဲပြီး ၁၀ % အစေ့မဲချိန် ခူးပါ။ ၃-၅ ရက်တစ်ကြိမ် အကြိမ်ကြိမ် အလီလီ ခူးပါ။ မျိုးစေ့ ၁ ပြည်လျှင် ၇၀-၈၅ ကျပ်သား အလေးချိန်ပြီးမျိုးစေ့ရပါမယ်။တစ်ဧက အထွက်က ခန့်မှန်း ၂၀ တင်း ဖြစ်ပေမယ့် ပြုစုစောင့်ရှောက်မှုပေါ် မူတည်ပါတယ်။ပန်းပွင့်ပေါ်က အသီးအက်ပြီး ၁၀ % မဲနေတဲ့ အပွင့်လုံးတွေကို ခူးပြီး လေလုံတဲ့ အိတ်မှာထည့် အရိပ်အောက် ၃ ရက်ထားပြီးမှ နေလှန်း တုတ်နဲ့ရိုက် အစေ့ခါထုတ်ပါ။ အစိုဓါတ် ၈ % ရှိချိန် မျိုးစေ့ကို သိမ်းပါ။ လေလုံအောင်ထားပါ။ မျိုးစေ့ ထုတ်ပြီး ဖြစ်ပါတယ်
ဆက်စပ်မေးခွန်းများ
ဂွမျိုးလို့ခေါပါသလားဗျ
ဖြေကြားချက် 4 ခု
အခုအချိုန်ကြက်သွန်စိုက်လို႔ရေသးလားရရင်ဘားမျိုးစိုက်သင့်လဲးသက်တန်းဘယ်ေလာက်ကြားလဲးေကျးဇူးပါ
ဖြေကြားချက် 1 ခု
စိုက်ပျိုးရေး ဆရာများခင်ဗျာ ယခုပုံက ကြက်သွန်နီက ဘာအမျိုးလည်းဆိုတာသိရင်ပြောပြ ပေးပါ နောင်နှစ်အတွက်စိုက်ဖို့...
ဖြေကြားချက် 2 ခု
လှေးကိုနိုင်အောင်ဘာဆေးသုံးရမလဲ
ဖြေကြားချက် 2 ခု
ကျွန်တော်ကြက်သွန်ပျိုးခင်းအပင်ပေါက်တွေကအလက်တစ်လက်ထဲတွေထွက်နေတာအောက်လက်လည်းမရှိအပင်တွေကမညီဘဲဖစ်နေတယ်ဗျာဘာဆေးပတ်...
ဖြေကြားချက် 0 ခု