ဖြေကြားချက် ၁ ခု
ကြက်သွွန်ဖြူ သဘာဝမှိုသတ်ဆေး သဘာဝပိုးသတ်ဆေးများတွင် တမာပိုးသတ်ဆေးမှာ အကောင်းဆုံး ဖြစ်သကဲ့သို့ သဘာဝမှိိုသတ်ဆေးများတွင် ကြက်သွန်ဖြူ မှာ အကောင်းဆုံး ဖြစ်သည်။ ဤမှိုသတ်ဆေးကို အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာနမှ သုတေသနပြုတွေ့ရှိချက် ဖြစ်သည်။ သီးနှံအမျိုးမျိုးတို့ ရောဂါအမျိုးမျိုးကျရောက်သောအခါ အသုံးပြုသောမှိုသတ်ဆေးများမှာ ဓာတုမှိုသတ်ဆေးများသာဖြစ်သည်။ ဓာတုမှိုသတ်ဆေးများ၏ အာနိသင်ပြကောင်းမွန်ရန်မှာ ၁. မှိုသတ်ဆေး၏ အရည်အသွေး ၂. မှိုသတ်ဆေး၏ သက်တမ်းနှင့် ၃. အနာနှင့်ဆေး မှန်ကန်ရန် လိုအပ်ပေသည်။ အကြောင်းအမျိုးမျိုးကြောင့် မှိိုသတ်ဆေးများ အရည်အသွေး မမှန်ကန်ခြင်း (၂) နှစ်ထက် လွန်သော မှိုသတ်ဆေးများကို အသုံးပြုနေရခြင်းက ရောဂါကုသရာတွင် ထိရောက်မှုမရှိတော့ပေ။ သဘာဝမှိိုသတ်ဆေးများက ထိရောက်မှုရှိခြင်း စျေးသက်သာခြင်း ဝန်းကျင် အဆိပ်အတောက်မဖြစ်ခြင်းတို့က အထူးကောင်းမွန်သော လက္ခဏာ များဖြစ်သည်။ ပြုလုပ်နည်း ကြက်သွန်ဖြူ ၃၀ ကျပ်းသားကို အခွံနွာပြီးထောင်းပါ။ ထို့နောက် ပုလင်းတစ်လုံးတွင်ထည့်ပြီး အရက်ပျံ(သို့) မီးတောက်အရက် ၅၀၀ စီစီဖြင့် ၅ ရက်စိမ်ပါ။ ထိုသို့ထားစဉ် ပုလင်းကို လေလုံအောင်ပိတ်ထားပါ။ ၅ ရက်လွန်သောအခါ ရေတစ်လီတာ ထပ်ထည့်ပြီး သိမ်းထားပါ။ ၁၀ ရက် ပြည့်လျှင် အသုံးပြ၍ ရ ပါ ပြီ။ အသုံးပြုနည်း ကြက်သွန်ဖြူ ဆေးရေတစ်ဆ ကိုရေ ၁၀ ဆ ရောစပ်ပြီး မှိုသတ်ဆေးအဖြစ် သီးနှံပင်များသို့ ပက်ဖျန်းပါ။ လိုအပ်လျှင် ၇ ရက် (သို့) ၁၀ ရက် တစ်ကြိမ် ပက်ဖျ န်းပါ။ ဤမှိိုသတ်ဆေးမှာ ရောဂါကာကွယ်ရာတွင်သာမက ကုစားရာတွင်ပါ ထိရောက်မှု ရှိပါသည်။ ဦးဖရက်သိန်းဖေ(အပင်ရောဂါ နှင့် မှိုသတ်ဆေးများ မှ)
ဆက်စပ်မေးခွန်းများ
မှိုဆေးမနှစ်ကအကျန်dateတလတော့ကျော်သွားပြီ ခုနှစ်သုံးလို့ရသေးလားပြောပေးပါအုံး
ဖြေကြားချက် 2 ခု
ပဲ တွေ အဒီအကောင်အမဲတွေကြလို့ ဘာဆေးသုံးရမလဲ နည်းလမ်းတွေညွန်ပေးပါဗျာ
ဖြေကြားချက် 4 ခု
မတ်ပဲကိုင်ဝေအောင်ဘယ်ဆေးသုံးသင့်သလဲ
ဖြေကြားချက် 2 ခု
ငါးအမှိုင်နိုနဲ့ဆေးရွက်ကြီးဖျော်ရည်ဆေးရောဖြန်းလို့ရလားခင်ဗျ၊ဆေးဖျန်းဗုံးတဗုံးကိုဘယ်လောက်နှုန်းထည့်ရမလဲခင်ဗျာ
ဖြေကြားချက် 3 ခု
ယင် ဖြူ ကူဆက်မူ
ဖြေကြားချက် 2 ခု