အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

ကျွန်တော် သရက် စိုက်နေပါတယ်။ရေပေးတာက တွင်းရေအဝီစီရေပါ ။ရေက အပင်ငယ်တွေကိုလောင်းရင် အရွက်တွေခြောက်သွားပြီး ကြာလာ...

ကျွန်တော် သရက် စိုက်နေပါတယ်။ရေပေးတာက တွင်းရေအဝီစီရေပါ ။ရေက အပင်ငယ်တွေကိုလောင်းရင် အရွက်တွေခြောက်သွားပြီး ကြာလာရင်သေပါတယ်။ရေကတော့ နဲနဲငန်ပါတယ်။ရေကို မြေသားကန်ထဲမှာ ရက်အနည်းငယ်ထည့်ထားပီးရင် သုံးမယ်ဆိုရင် အငန်လျှော့နိုင်ပါလား။ကျေးဇူးပြုဖြေကြားပေးပါ။

စိုက်ပျိုး ရေ ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ

ဖြေကြားချက် ၁ ခု

27,452 လွန်ခဲ့သော ၈ နှစ် က

ဒီမေးခွန်းကို မဖြေခင်ပြန်မေးစရာတွေလည်းရှိပါတယ်။ ရေက အရွက်တွေကိုပါထိပြီး လောင်းလိုက်တာလား၊ ဒါမဟုတ် အပင်ကို ရေမစိုစေဘဲ မြေကြီးကိုလောင်းပေးတာလား။ အဲဒီရေလောင်းတိုင်း ဖြစ်နေတာလား။ ရေက ငံတယ်ဆိုတာ သောက်ကြည့်ပြီးပြောတာလား၊ ဒါမဟုတ် ရေရဲ့ pH တိုင်းတဲ့ရလဒ်ပေါ်မူတည်ပြီး ပြောတာလား။ တိုင်းတာလို့ရတာဆိုရင် pH က ဘယ်လောက်လဲ။ အရွက်တွေမှာ ဘယ်လိုပုံစံနဲ့ ခြောက်သွားတာလဲ။ သရက်ပင်မှာပဲ ရွေးပြီးဖြစ်တာလား၊ အနီးနားမှာစိုက်ထား/ပေါက်နေတဲ့အပင်တွေကိုရောမဖြစ်ဖူးလား။ ဘယ်နယ်မှာ ဖြစ်တာလဲ။ ဘာမြေအမျိုးအစားလဲ။ → သွင်းရေကြောင့် အပင်တွေပျက်စီးဆုံးရှုံးရတဲ့ဖြစ်စဉ်တွေ ပြသနာတွေအများကြီးရှိပါတယ်။ အဓိကကတော့ ရေမှာပါဝင်နေတဲ့ Chloride, Sodium, Boron စတဲ့ Ion များပုံမှန်ရှိသင့်တာထက် ပိုပြီးများပြားနေတာကြောင့် ဖြစ်ပါတယ်။ → ရေက ငံနေတာဆိုရင် အပင်အတွက်လိုအပ်တဲ့ တချို့ ဓာတ်တွေကို ချို့တဲ့မှုဖြစ်လာတတ်စေပါတယ်။ → မြေသားကန်ထဲမှာ ရေကို သာမန်သိုလှောင်ထားရုံနဲ့ ရေရဲ့ အငန်ဓာတ်လျော့သွားဖို့က မဖြစ်နိုင်ပါဘူး။ အကယ်၍ မိတ်ဆွေရဲ့ စိုက်ခင်းကကြီးပြီး စီးပွားဖြစ်စိုက်ထားတာဆိုရင် အခုအသုံးပြုနေတဲ့ ရေနဲ့ စိုက်ခင်းမြေကို ရေဆင်းမှာရှိတဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) ကို ပို့ပြီး ဓာတ်ခွဲစမ်းသပ်ကြည့်စေချင်ပါတယ်။ ဒါမှသာ ရလဒ်ပေါ်မူတည်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာ အဖြေပေါ်လာပါလိမ့်မယ်။ ရလဒ်ပေါ်မူတည်ြ့ပီးမှ ဖြေရှင်းဖို့ နည်းလမ်းရှာတာ ပိုကောင်းပါတယ်။ By U Han Phyo Aung

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။