မှုိစိုက်ချင်လို့ပါ(တောင်ပို့မှို) ဘယ်အချိန် ဘယ်လိုမြေအမျိုးအစား စိုက်ပျိုးပုံနည်းစနစ်လေးများသိရင်ကူညီကြပါ...
မှုိစိုက်ချင်လို့ပါ(တောင်ပို့မှို) ဘယ်အချိန် ဘယ်လိုမြေအမျိုးအစား စိုက်ပျိုးပုံနည်းစနစ်လေးများသိရင်ကူညီကြပါအုန်းခင်ဗျာ
မှုိစိုက်ချင်လို့ပါ(တောင်ပို့မှို) ဘယ်အချိန် ဘယ်လိုမြေအမျိုးအစား စိုက်ပျိုးပုံနည်းစနစ်လေးများသိရင်ကူညီကြပါအုန်းခင်ဗျာ
Google search မှာ တွေ့လို့ပါ။ စမ်းမကြည့်ရသေးတာကြောင့် အလုပ်ဖြစ်မဖြစ်မသေချာပါ တစ်ပိုင်တစ်နိုင်တောင်ပို့”မှိုဖောက်နည်းလေးကိုတင်ပြပေးမှာဖြစ်ပါတယ်။ ဒီနည်းဟာအလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ်ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သားအားလုံးတပိုင်တစ်နိုင်လုပ်ကိုင်နိုင်သလိုမြေဧကအနည်းရှိသူတွေအတွက်လည်း စီးပွာဖြစ်ထုပလုပ်ရောင်းချနိုင်ပါတယ်။ ယနေ့မှိုတစ်ပိဿာစျေးဟာလည်း ၁သောင်းကျော်နေတာမို့ မက်လောက်စရာဖြစ်ပါ တအရေးကြီးတာကနည်းသိဖို့ပါဘဲ။ သဘာဝနည်းဖြစ်တာကြောင့် ဓာတုဗေဒဆေးဝါးကင်းတာကြောင့် စားသုံးသူများအန္တရယ်မရှိယုံသာမက အနံအရသာဟာလည်းသဘာဝမှိုကဲ့သို့စိမ့်ချိုနေစေမှာပါ။ နည်းမှာပါဝင်ပစ္စည်း ၃မျိုးသာရှိပြီးမိမိပတ်ဝန်းကျင်မှာ အလွယ်တစ်ကူရှာဖွေရလွယ်ပါတယ်။ ၁-ခြတောင်ပို့ အတွင်းပိုင်းမှမြေသား ၂၀ သားခန့် ၂-ထမင်းဖြူ ၆၅ ကျပ်သား(တစ်ကီလို) ၃ရေ၂လီတာ(ရေသန့်ဗူး၂ဘူး)တို့ဘဲဖြစ်ပါတယ် ပထမဦးစွာ တောင်ပို့မြေနဲ့ထမင်းဖြူတို့ကိုဇလုံတစ်ခုထဲမှာ ရောထည့်ပြီးသမအောင်မွှေပေးရပါမယ် ထို့နောက်ရေကိုဖျန်းလိုက်မွှေလိုက်ဖြင့် ရေသန်ဘူး၂ဘူးစာကုန်တဲ့အထိ မွှေပေးရပါမယ်ပြီးနောက် ထိုဇလုံကိုနေရောင်ခြည်တိုက်ရိုက်မကျတဲနေရာ မပူလွန်းမအေးလွမ်တဲ့နေရာမှာ ရရက်ခန့်ထားရပါမယ် ထိုအတောအတွင်းဇလုံကို ရွှေ့ပြောင်းခြင်းမပြုဘဲငြိသက်စွာထာရမှာပါ ၇ရက်ကျော်တဲအခါဇလုံရဲ့မျက်နှာပြင်ပေါ်မှာ အမြှပ်အဖက်ဖြူဖြူမဲမဲများတကလာတာကိုတွေ့ရပါမယ် အဲဒါဟာမှိုဖောက်ဖို့ကျူလ္လင်စီတွေဘဲဖြစ်ပါတယ်( တနည်းအားဖြင့်မှိုမျိုးစေ့တွေဘဲဖြစ်ပါတယ်) ထိုမှိုမျိုးများအားခပ်ယူ၍ အစိုဓာတ်ရှိသောမြေဆွေးပုံ ကောက်ရိုးဆွေးပုံသစ်ပင်အောက်ရှိမြေဆွေးတွေအပေါ် နှံစပ်အောင်ချထားပေးပြီးထားရပါမယ် မှိုမျိုးစေ့များချထားသောနေရာအား ၇/၈ရက်တစ်ကြိမ်ရေစိုရုံသာ ဖျန်းပေးရုံဖြင့် အနံ့အရသာနှင့်ပြည်စုံတဲ့တောင်ပို့မှိုကို လွယိကူစွာဆိတ်ခူးစားသုံးနိုင်ပြီးပိုလျှံပါကရောင်းချ၍ဝင်ငွေတိုးစေမှာပါ…
တောင်ပို့မှိုကတော့ သိသလောက် မစိုက်ကြပါဘူး။ သဘာဝအတိုင်းပဲ ပေါက်ပါတယ်။
ဆက်စပ်မေးခွန်းများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။